ညအိပ်ယာမဝင်ခင်၊ ညအိပ်ခါနီး ဖုန်း၊ Tablet ၊ Laptop ၊ ကွန်ပျူတာတွေမကြည့်ရဘူးဆိုတာ အားလုံးသိပါတယ်နော်။ ဒါတွေအားလုံးက ကျွန်မတို့ လူသားတွေအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်လာတာနည်းတူ ဒါတွေမရှိဘဲ မနေနိုင်ကြပါဘူး။ ဒစ်ဂျစ်တယ်ဆိုတာကလည်း ကျွန်မတို့ ရဲ့ ဘဝအစိတ်အပိုင်းတစ်ခုတည်းမှာပါဝင်လာခဲ့ပါပြီ။

အစားစားတဲ့အချိန်၊ သောက်တဲ့အချိန်၊ စာလေ့လာနေတဲ့အချိန်တွေမှာသာမက အိပ်နေရင်းနဲ့လည်း အသုံးပြုလာတတ်ကြပါတယ်။ ဒါပေမယ့်လည်း ညအိပ်ယာမဝင်ခင်တော့ ဒါတွေကို ရှောင်စေချင်ပါတယ်နော်။

ဘာဖြစ်လို့လဲဆိုတော့ စမတ်ဖုန်းတွေကနေ ထွက်တဲ့ Blue Light ဟာ သင့်ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။

အထူးသဖြင့် အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာကို ဖြစ်ပေါ်စေပါတယ်။ အိပ်စက်ခြင်းကိုဖြစ်စေတဲ့ Melatonin ဟော်မုန်းတွေကို သေစေနိုင်တာကြောင့်ပါ။

Blue Light (အပြာရောင်အလင်းတန်း) နဲ့ပတ်သက်လို့ ကျွန်မတို့ ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့ အရာ (၃) ခုကို မျှဝေပေးပါမယ်။

မျက်လုံးပြဿနာ

မျက်လုံးက လူတစ်ယောက်အတွက် အရေးကြီးဆုံးပါပဲ။ မျက်လုံးက Blue Light ကြောင့် အမြင်အာရုံလွှာကို ထိခိုက်စေပါတယ်။ အမြင်အာရုံဝေဝါးခြင်းကို ဖြစ်စေနိုင်ပါတယ်။

အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ပြဿနာ

အပြာရောင်အလင်းတန်းတွေဟာ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ပြဿနာဖြစ်စေတာကြောင့် နောက်ပိုင်းမှာ နှလုံးရောဂါဖြစ်စေနိုင်သလို၊ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် စိုးရိမ်ပူပန်ခြင်း၊ အိပ်ရေးမဝခြင်းကြောင့် ကိုယ်အလေးချိန်တက်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနဲ့ စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။

ကင်ဆာဖြစ်နိုင်ချေများခြင်း

အပြာရောင်အလင်းတန်းတွေဟာ ကမ္ဘာပေါ်မှာ ကင်ဆာဖြစ်နေနိုင်ဆုံး ပြဿနာအရင်းအမြစ် တစ်ခုထဲမှာ ပါဝင်ပါတယ်။ ညအိပ်ယာမဝင်ခင် လျှပ်စစ်ပစ္စည်းတွေ သုံးတဲ့သူတွေဟာ ကင်ဆာဖြစ်နိုင်ချေမြင့်မားပါတယ်။

ဒါ့ကြောင့် ညအိပ်ယာမဝင်ခင် ဖုန်း၊ ကွန်ပျူတာ၊ Tv ကြည့်ခြင်းကို အထူးရှောင်ကျဉ်ပြီး နောင်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ရှားလိုက်ရအောင်။

Featured image :SCL Health