လတ်ဆတ်တဲ့ ဂျင်းမုန်လာဥနီဖျော်ရည်မှာ ကင်ဆာဆန့်ကျင်ပစ္စည်းတွေ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ၊ Antioxidant တွေပါဝင်ပြီး ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

benefits-fresh-carrot-ging

သားအိမ် အူမကြီး အဆုတ် ရင်သား အရေပြား ဆီးကြိတ်နဲ့ သရက်ရွက်ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကိုလည်းကောင်းမွန်စေတဲ့အပြင် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။

အသားအရေကို ကျန်းမာစိုပြေစေပါတယ်။ ဆီးချို ဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပြီး ဆီးချိုပမာဏကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ အစာချေစနစ်ကိုလည်းကောင်းမွန်စေလို့ လတ်ဆတ်ပြီး အရသာရှိတဲ့ ဂျင်း မုန်လာဥနီဖျော်ရည်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

ing-ginger-carrot-juice

မုန်လာဥနီ ၄ ဥ ကနေ ၅ ဥထိ

ဂျင်း ၁/၂ လက်မ

သံပုရာသီး တစ်ခြမ်း

သစ်ကြမ်းပိုးခေါက် (လိုအပ်မှသာထည့်ရန်)

ဆား (လိုအပ်မှထည့်ရန်)

ပြုလုပ်နည်း

1-peel-the-carrots

အရင်ဆုံး မုန်လာဥနီကို အခွန်ခွာပြီး ရေဆေးကာ ခြောက်အောင်ထားပါ။

2-remove-ginger-skin

ဂျင်းကို အခွံနွှာပြီး ရေဆေးပါ။

3-put-the-carrots-in-juicer4-put-the-ginger-root-in-ju

မုန်လာဥနီကို ဖျော်စက်ထဲထည့်ပြီး ဖျော်ပေးပါ။ ဂျင်းကိုလည်း ဖျော်စက်ထဲထည့်ပြီးဖျော်ပေးပါ။

5-pour-the-juice6-squeeze-half-lemon

ပြီးရင် ခွက်တစ်လုံးထဲပြောင်းထည့်ပါ။သံပုရာသီးကို အရည်ညှစ်ပါ။

8-add-cinnamon

ဆားနည်းနည်း (သို့) သစ်ကြမ်းပိုေးခါက်မှုန့် နည်းနည်း ထည့်ပါ။ (အရသာကောင်းဖို့အတွက်ဖြစ်ပါတယ်။)