ခြေဖနောင့်ကွဲတာ ရေဓာတ်ခမ်းခြောက်တာတွေကြောင့် ခြေထောက်အသားအရေခြောက်သွေ့ပြီး ခြေဖနောင့်ကွဲတာမျိုးဖြစ်စေပါတယ်။ ခြေဖနောင့်က ကျွန်မတို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဖိအားကိုအဓိကခံရတာဖြစ်ပါတယ်။ အလှအပကိုဂရုစိုက်တယ်ဆိုရာမှာ မျက်နှာတစ်ခုတည်းကို ဂရုစိုက်နေလို့မရပါဘူး။ ခေါင်းဖျားကနေ ခြေဖျားထိ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ သို့သော် အချို့သောအရာများကြောင့် သင်ရဲ့အရေပြားခြောက်သွေ့ခြင်းနဲ့ ခြေဖနောင့်အက်ကွဲခြင်းမျိုး ရှိစေပါတယ်။

ဒီဆောင်းပါးကနေ သင်ခြေဖနောင့် ဘာကြောင့်အက်ကွဲရတဲ့အကြောင်းအရင်းနဲ့ ဘယ်လိုဖြေရှင်းနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ကိုယ်အလေးချိန်များခြင်း

ဖြစ်ရတဲ့အကြောင်းအရင်း

သင့်ခြေထောက်ကသင်ရဲ့ကိုယ်ခန္ဓာတစ်ခုလုံး၏အလေးချိန်ကို ထမ်းထားရပါတယ်။ ဒါကြောင့်ကိုယ်အလေးချိန်တက်လာရင်လည်း ခြေဖဝါးအောက်မှာရှိတဲ့အဆီကို ဖိအားတိုးစေတယ်။ အဲ့အချိန်တွင် သင့်ဒေါက်ဖိနပ်ကဘေးတိုက်ချဲ့ထွင်ဖို့ အတင်းအကျပ်ဖိအားပေးပါတယ်။ အဲဒါကသင့်အသားအရေတွင် အစိုဓာတ်မလုံလောက်ပါက အက်ကြောင်းများပေါ်လာစေပါတယ်။

ဖြေရှင်းနည်း

သင့်ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်ရင် ထိန်းပါ။ နောက်ပြီးဆီးချိုရောဂါက ခြေဖနောင့်အက်ကွဲလေ့ရှိတဲ့အတွက် ဆီးချိုသွေးချိုရှိမရှိ ပုံမှန်စစ်ဆေးပါ။

၂။ဗီတာမင်မရှိခြင်း

Source;© shutterstock.com

ဖြစ်ရတဲ့အကြောင်းအရင်း

တချို့အရေးကြီးသောဗီတာမင်များ၊ ဓာတ်သတ္တုများနှင့်အခြားအာဟာရများမရှိဘူးဆိုရင် သင့်အသားအရေထဲ စနစ်တကျမလည်ပတ်နိုင်တဲ့အတွက် ခြောက်သွေ့ပြီးထူလာပါတယ်။

ဖြေရှင်းနည်း

ဗီတာမင် A, B3, C, E, zinc နှင့် omega-3 fatty acids များများပါဝင်သောအစားအစာများကိုသင်အစားအသောက်ထဲ ထည့်စားပေးပါ။


၃။ကြာရှည်စွာ မတ်တပ်ရပ်ခြင်း

ဖြစ်ရတဲ့အကြောင်းအရင်း

အထူးသဖြင့် သစ်သားကြမ်းခင်းများနဲ့မာကြောသောနေရာများတွင် ကြာရှည်စွာရပ်နေခြင်းက သင်ရဲ့ဖိနပ်အပေါ်ပိုပြီးဖိအားပေးသလိုဖြစ်ပြီး သင့်ရဲ့အရေပြားကို ထိခိုက်စေပါတယ်။

ဖြေရှင်းနည်း

ကြာရှည်လွန်းတဲ့မတ်တပ်ရပ်ခြင်းကိုရှောင်ရှားရန်ကြိုးစားပါ။ အကယ်လို့ မလွှဲမသာရပ်ရမယ်ဆိုရင် သင့်ဒေါက်ဖိနပ်ကနေ ဖိအားကိုလျှော့နိုင်ဖို့အတွက် ဟိုဘက်ခြေထောက် ဒီဘက်ခြေထောက်ပြောင်းမှီတဲ့ ရိုးရှင်းတဲ့လေ့ကျင့်ခန်းမျိုးလုပ်ပေးပါ။

သင့်ခြေဖနောင့်အက်ကွဲခြင်းကိုကုစားရန်အတွက်ခြေစိမ်နည်းတစ်မျိုးကိုလည်း ပြောပြပေးချင်ပါတယ်။

Source; Lovepik

ပါဝင်ပစ္စည်းများ

Listerine 1 ခွက်
အဖြူရှာလကာရည် 1 ခွက်
ရေ 2 ခွက်

ပြုလုပ်နည်း
Listerine, အဖြူရောင်ရှာလကာရည်နှင့်ရေကို ဇလုံတစ်လုံးထဲတွင် ရောစပ်ပါ။
သင်ရဲ့ခြေထောက်ကိုအဲ့ရေထဲထည့်ပြီး ၁၀-၁၅ မိနစ်ခန့်စိမ်ပါ။
ထို့နောင် ခြေထောက်ကို ဇလုံထဲမှယူပြီးဖနောင့်ကို ချေး(ဂျေး)တွန်းတဲ့ကျောက်ခဲ ဒါမှမဟုတ် ဘလက်ရှ်ဖြင့် ဖြည်းညှင်းစွာပွတ်ပေးပါ။
ပြီးရင်တော့ ခြေကိုနွေးသောရေနှင့်ဆေးပြီးပဝါနှင့်သုတ်လိုက်ပါ။

အဲလိုခြေထောက်ရေစိမ်ခြင်းဖြင့်လည်း ခြေဖနောင့်အက်ကွဲတာကို သက်သာစေပါတယ်နော်။