ပျားရည်လို့ဆိုလိုက်ရင် အစစ်ကခပ်ရှားရှား အတုတွေများပါတယ်။ ဈေးထဲမှာ ပျားရည်စစ်စစ်တွေနော်လို့ ရောင်းချနေပေမယ့် ပျားရည်စစ်မစစ် စမ်းသပ်ကြည့်တဲ့နည်းတွေနဲ့အတူ ပျားရည်စစ်စစ်ကို ဘာလို့သုံးသင့်သလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

ပျားရည်စစ်စစ် ဘာလို့သုံးသင့်သလဲ။

ပျားရည်ဟာ အရသာရှိပြီး ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ များစွာအကျိုးရှိတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် ပျားရည်အတုကိုဝယ်မိပြီဆိုရင် ကျန်းမာရေးအတွက် လိုအပ်တဲ့ အဟာရတွေကို ရရှိစေမှာမဟုတ်ဘဲ ဆိုးကျိုးတွေဖြစ်စေပါတယ်။ သကြားတွေဟာ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အတွက် ပျားရည်ကို အစားထိုးအသုံးပြုလာခဲ့ကြတာပါ။

ပျားရည်မစစ်ဘူးဆိုရင်တော့ ပျားရည်မှာပါဝင်တဲ့ အာနိသင်တွေ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဘာမှရရှိမှာမဟုတ်ပါဘူး။

အမေရိကန်ပြည်ထောင်စုမှာ ရောင်းချနေတဲ့ ပျားရည်တွေရဲ့ ၇၆% ဟာ ပျားရည်အတုတွေဖြစ်ပါတယ်တဲ့။ ကဲဒီတော့ ပျားရည်စစ် မစစ်ဆိုတာကို စမ်းသပ်လိုက်ရအောင်နော်။

ပျားရည်စစ်မစစ် ဘယ်လိုစမ်းမလဲ။

honey-test-one

မဝယ်ခင်မှာ ပျားရည်ရဲ့ တံဆိပ်ကိုအရင်ကြည့်ပါ။ ပျားရည်စစ်မစစ် စမ်းသတ်ခိုင်းတယ်ဆိုရင် ကိုယ်တိုင်စမ်းသတ်ပါ။ ဒါမှမဟုတ် ၁ ဘူး ၂ ဘူးလောက်ဝယ်ပြီးစမ်းသပ်ကြည့်နိုင်ပါတယ်။

ရေနဲ့စမ်းသပ်နည်းကို မျှဝေပေးပါမယ်။

အရင်ဆုံး ခွက်တစ်လုံးထဲမှာ ရေအပြည့် ဖြည့်လိုက်ပါ။

ပြီးရည် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းစာ (သို့) ၂ ဇွန်းစာထည့်ပါ။

ပျားရည်အစစ်ဆိုရင် ရေအောက်ကို ကျသွားမှာဖြစ်ပြီး အတုဆိုရင်တော့ ရေထဲမှာ ပျော်ဝင်သွားမှာဖြစ်ပါတယ်။

(နောက်ထပ် စမ်းသတ်နည်းတွေကို ကြည့်ချင်ရင်တော့ How to check the purity of Honey at home မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။)