[Unicode]

တခါတလေကျရင် တခြား သူတွေကို ခြင်မကိုက်ဘဲ သင့်ကိုချည်းဘဲ ခြင်တွေ ဖိကိုက်နေတာမျိုး ကြုံဖူးမှာပါ။ ခြင်ကိုက်ခံရတာနဲ့ပတ်သက်ပြီး သုတေသနပြုလုပ်မှုတွေလည်း အများ ကြီးလုပ်ခဲ့ကြပါတယ်။

ခန္ဓာကိုယ်ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှုများသူများ၊ ဘီယာ သောက်သုံးသူတွေ၊ အချိုကြိုက်နှစ်သက်သူများကို ခြင်က ပိုပြီး ကိုက်လေ့ရှိပါတယ်။

တခါတလေ မျိုးရိုးဗီဇနဲ့ ခန္ဓာကိုယ်ရဲ့ ဓာတုဗေဒဖြစ်စဉ်တွေ အပေါ်လည်း မူတည်နေပါသေးတယ်။

ခြင်တွေ ဘယ်လို သွေးစုပ်လဲ

ခြင်တွေက ဥဥဖို့ သွေးလိုတာကြောင့် ခြင်မတွေချည်း လူတွေကို ကိုက်ကြတာဖြစ်ပါတယ်။ ခြင်တွေက သွေးလိုချင်ရင် ဘယ်လိုရှာကြသလဲ။ ခြင်တွေက သူတို့ ဥဥဖို့အတွက် အကောင်းဆုံး သွေးကို လိုချင်ကြပါတယ်။ သူတို့က ဓာတုဓာတ်ပစ္စည်းတွေနဲ့ သေးငယ်တဲ့ ပိုးမွှား (Microbes) ကို ထုတ်ပြီး သူတို့ ဥနဲ့ အလိုက်ဖက်ဆုံး သွေးကို ရရှိနိုင်မယ့် ခန္ဓာကိုယ်အနံ့ကို ရှာကြပါတယ်။ လူတွရဲ့ ခန္ဓာကိုယ်အနံ့ကို မီတာ ၃၀လောက်ကနေ ခြင်တွေက ရရှိနိုင်ပါတယ်။

သွေးအမျိုးအစား

အို သွေးအမျိုးအစား ပိုင်ရှင်တွေက အေ သွေးအမျိုးအစား ပိုင်ရှင်တွေထက် ခြင်ကိုက်ခံရမှု ၂ ဆနီးပါး များနိုင်ပါတယ်။ ခြင်တွေက လွှတ်ထုတ်လိုက်တဲ့ ဓာတုပစ္စည်းတွေနဲ့ သင် ဘာသွေးအမျိုးအစားလဲဆိုတာ ထောက်လှမ်းနိုင်ပါတယ်။

Lactic အက်ဆစ်

သင့်ခန္ဓာကိုယ်ထဲမှ Lactic အက်ဆစ်ဓာတ်များနေရင် ခြင်တွေကို ဆွဲဆောင်နေတာဘဲဖြစ်ပါတယ်။ ချီစ်၊ ဒိန်ချဉ်၊ ချဉ်တဲ့ အရွက်တွေစားသုံးပြီး အားကစားလုပ်ရင် အသားအရေမှာ lactic အက်ဆစ်ဓာတ်တွေများပြားနေကာ ခြင်တွေကို ပိုဆွဲဆောင်နိုင်ပါတယ်။

အဝတ်အစား

အမည်းရောင်အဝတ်အစား ဝတ်ရင် ခြင်ခိုအောင်းမှုများပြီး ခြင်ပိုကိုက်စေပါတယ်။

ခြင်ကိုက်ခံရမှုနည်းအောင်

ခြင်ကိုက်ခံရနိုင်မယ့် နေရာတွေမှာ အဝတ်တွေ ဖုံးအုပ်ထားပါ။ ဥပမာ အင်္ကျီလက်ရှည် ဘောင်းဘီလက်ရှည်ဝတ်ဆင်ပါ။ သင့်ခြံထဲမှာ ခြင်ပြေးနိုင်တဲ့ အပင်တွေ စိုက်ထားပါ။ စိုစွတ်ပြီး မှောင်ရည်ပျိုးနေတဲ့ ညနေခင်းမှာ အပြင်မထွက်ပါနဲ့။ ခြင်ထွက်ချိန်ဖြစ်တာကြောင့် အိမ်တံခါးများကိုလည်း ပိတ်ထားပါ။ ဒီလိုလုပ်ဆောင်နေပေမယ့်လည်း ခြင်ကိုက်ခံရမှုကို ၁၀၀ ရာခိုင်နှုန်းအပြည့်မကာကွယ်နိုင်ပေမယ့် လျှော့ချနိုင်ပါတယ်။

[Zawgyi]

တခါတေလက်ရင္ တျခား သူေတြကို ျခင္္မကိုက္ဘဲ သင့္ကိုခ်ည္းဘဲ ျခင္ေတြ ဖိကိုက္ေနတာမ်ိဳး ႀကံဳဖူးမွာပါ။ ျခင္ကိုက္ခံရတာနဲ႔ပတ္သက္ၿပီး သုေတသနျပဳလုပ္မႈေတြလည္း အမ်ား ႀကီးလုပ္ခဲ့ၾကပါတယ္။

ခႏၶာကုိယ္ရဲ႕ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ထုတ္လႊင့္မႈမ်ားသူမ်ား၊ ဘီယာ ေသာက္သံုးသူေတြ၊ အခ်ိဳႀကိဳက္ႏွစ္သက္သူမ်ားကို ျခင္က ပိုၿပီး ကိုက္ေလ့ရွိပါတယ္။

တခါတေလ မ်ိဳးရိုးဗီဇနဲ႔ ခႏၶာကိုယ္ရဲ႕ ဓာတုေဗဒျဖစ္စဥ္ေတြ အေပၚလည္း မူတည္ေနပါေသးတယ္။

ျခင္ေတြ ဘယ္လို ေသြးစုပ္လဲ

ျခင္ေတြက ဥဥဖို႔ ေသြးလိုတာေၾကာင့္ ျခင္မေတြခ်ည္း လူေတြကို ကိုက္ၾကတာျဖစ္ပါတယ္။ ျခင္ေတြက ေသြးလိုခ်င္ရင္ ဘယ္လိုရွာၾကသလဲ။ ျခင္ေတြက သူတို႔ ဥဥဖို႔အတြက္ အေကာင္းဆံုး ေသြးကို လိုခ်င္ၾကပါတယ္။ သူတို႔က ဓာတုဓာတ္ပစၥည္းေတြနဲ႔ ေသးငယ္တဲ့ ပိုးမႊား (Microbes) ကို ထုတ္ၿပီး သူတုိ႔ ဥနဲ႔ အလိုက္ဖက္ဆံုး ေသြးကို ရရွိႏိုင္မယ့္ ခႏၶာကိုယ္အနံ႔ကို ရွာၾကပါတယ္။ လူတြရဲ႕ ခႏၶာကိုယ္အနံ႔ကို မီတာ ၃၀ေလာက္ကေန ျခင္ေတြက ရရွိႏိုင္ပါတယ္။

ေသြးအမ်ိဳးအစား

အို ေသြးအမ်ိဳးအစား ပိုင္ရွင္ေတြက ေအ ေသြးအမ်ိဳးအစား ပိုင္ရွင္ေတြထက္ ျခင္ကိုက္ခံရမႈ ၂ ဆနီးပါး မ်ားႏိုင္ပါတယ္။ ျခင္ေတြက လႊတ္ထုတ္လိုက္တဲ့ ဓာတုပစၥည္းေတြနဲ႔ သင္ ဘာေသြးအမ်ိဳးအစားလဲဆိုတာ ေထာက္လွမ္းႏိုင္ပါတယ္။

Lactic အက္ဆစ္

သင့္ခႏၶာကိုယ္ထဲမွ Lactic အက္ဆစ္ဓာတ္မ်ားေနရင္ ျခင္ေတြကို ဆြဲေဆာင္ေနတာဘဲျဖစ္ပါတယ္။ ခ်ီစ္၊ ဒိန္ခ်ဥ္၊ ခ်ဥ္တဲ့ အရြက္ေတြစားသံုးၿပီး အားကစားလုပ္ရင္ အသားအေရမွာ lactic အက္ဆစ္ဓာတ္ေတြမ်ားျပားေနကာ ျခင္ေတြကို ပိုဆြဲေဆာင္ႏိုင္ပါတယ္။

အ၀တ္အစား

အမည္းေရာင္အ၀တ္အစား ၀တ္ရင္ ျခင္ခိုေအာင္းမႈမ်ားၿပီး ျခင္ပိုကိုက္ေစပါတယ္။

ျခင္ကိုက္ခံရမႈနည္းေအာင္

ျခင္ကိုက္ခံရႏိုင္မယ့္ ေနရာေတြမွာ အ၀တ္ေတြ ဖံုးအုပ္ထားပါ။ ဥပမာ အက်ၤီလက္ရွည္ ေဘာင္းဘီလက္ရွည္၀တ္ဆင္ပါ။ သင့္ၿခံထဲမွာ ျခင္ေျပးႏိုင္တဲ့ အပင္ေတြ စိုက္ထားပါ။ စိုစြတ္ၿပီး ေမွာင္ရည္ပ်ဳိးေနတဲ့ ညေနခင္းမွာ အျပင္မထြက္ပါနဲ႔။ ျခင္ထြက္ခ်ိန္ျဖစ္တာေၾကာင့္ အိမ္တံခါးမ်ားကိုလည္း ပိတ္ထားပါ။ ဒီလိုလုပ္္ေဆာင္ေနေပမယ့္လည္း ျခင္ကိုက္ခံရမႈကို ၁၀၀ ရာခိုင္ႏႈန္းအျပည့္မကာကြယ္ႏိုင္ေပမယ့္ ေလွ်ာ့ခ်ႏိုင္ပါတယ္။