လူအများစုက သူတို့ခန္ဓာကိုယ်တဖြည်းဖြည်း အားမနည်းလာမချင်း အသက်အရွယ်ကြီးရင့်လာခြင်းကို သိပ်ဂရုမစိုက်တတ်ကြပါဘူး။ မှန်ကြည့်တဲ့အချိန်မှာ အရေးအကြောင်းတွေကို စိတ်ပူပန်တတ်ကြပေမယ့် တကယ့်လက်တွေ့ဘဝမှာ အရေးကြီးတဲ့ ကြွက်သားပမာဏဆုံးရှုံးသွားခြင်းကျတော့ရော။

သက်ကြီးရွယ်အိုတိုင်းက အသက်ကြီးလာလေ ကြွက်သားပမာဏ ဆုံးရှုံးသွားလေပါပဲ။ ကြွက်သားတဖြည်းဖြည်းဆုံးရှုံးသွားခြင်းကို ကြွက်သားအိုမင်းရင့်ရော်ခြင်းလို့ ခေါ်ပါတယ်။ ဒီလိုကြွက်သားအိုမင်းရင့်ရော်ခြင်းရောဂါကို  အသက် ၄၅ ကျော်တဲ့အချိန်မှာ လှုပ်ရှားတတ်ကြွမှုမရှိတဲ့လူကြီးတွေ ခံစားရလေ့ရှိပါတယ်။

ကြွက်သားများဆုံးရှုံးသွားခြင်းကို ဘာ့ကြောင့် စိုးရိမ်သင့်ပါသလဲ

ကြွက်သားများဆုံးရှုံးခြင်းက ကောင်းတဲ့လက္ခဏာတစ်ရပ်တော့မဟုတ်ပါဘူး။ အသက်ကြီးလာလို့ ကြွက်သားပမာဏလျော့နည်းသွားမယ်ဆိုရင် အိမ်မှုကိစ္စတွေ လုပ်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ အဝတ်အစားလဲလှယ်ဝတ်ဆင်တဲ့အခါ၊ ရေချိုးခန်းထဲ ဝင်ထွက်သွားလာတဲ့အခါမျိုးတွေမှာ ပြုလုပ်ရခက်ခဲသွားပါလိမ့်မယ်။ ကြွက်သားပမာဏဆုံးရှုံးခြင်းက ဆီးချိုရောဂါ၊ အရိုးပွရောဂါစတဲ့ ပြင်းထန်တဲ့ရောဂါဝေဒနာဖြစ်ပွားနှုန်းကိုလည်း အားပေးနေသလိုပါပဲ။  ကြွက်သားများဆုံးရှုံးခြင်းက လေးလံတဲ့အရာဝတ္ထုတွေကို မတဲ့အခါမှာပဲ အခက်အခဲရှိတာမဟုတ်ပါဘူး၊ သင့်ရဲ့နေ့စဉ်ဘဝနဲ့ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါသေးတယ်။

အသက်ကြီးလာတာနဲ့အမျှ ကြွက်သားသန်မာမှုကို ဘယ်လိုထိန်းသိမ်းသင့်သလဲ

ပရိုတိန်းများများစားသုံးပါ

ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ပရိုတိန်းများကို အစား စားတိုင်းထည့်သွင်းစားသုံးပေးခြင်းက ကြွက်သားများအိုမင်းရင့်ရော်ခြင်းရောဂါကို နှေးကွေးအောင် ကူညီပေးပါတယ်။ အမဲသား၊ ဝက်သား၊ ကြက်သားနဲ့ ဥအမျိုးမျိုး၊ ငါး၊ ပဲအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းများ၊ အခွံမားသီးများနဲ့ အစေ့အမျိုးမျိုး စတဲ့ ပရိုတိန်းကြွယ်ဝတဲ့အစားအစာများကို စားသုံးပေးပါ။

အလေးမလေ့ကျင့်ခန်းများ ပြုလုပ်ပါ

ကြွက်သားကြီးထွားအောင် ပြုလုပ်တဲ့ အားကစားသမားများလို ပြင်းထန်တဲ့အလေးမလေ့ကျင့်ခန်းကို ၂ နာရီ၊ ၃ နာရီလောက် လုပ်စရာမလိုပါဘူး။ ရိုးရှင်းလွယ်ကူတဲ့လေ့ကျင့်ခန်းများကို တစ်နေ့ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ပြုလုပ်ပေးမယ်ဆိုရင်ပဲ သင့်ကြွက်သားသန်မာမှုကို ထိန်းသိမ်းထားနိုင်ပါတယ်။

အေရိုးပစ်လေ့ကျင့်ခန်း ပြုလုပ်ပါ

အေရိုးပစ်ဆော့ခြင်းက အလေးမလေ့ကျင့်ခန်းတွေလိုတော့ ကြွက်သားပမာဏအတွက် များစွာအကျိုးသက်ရောက်မှုတော့မရှိပေမယ့် အကူအညီတော့ပေးနိုင်ပါတယ်။ အေရိုးပစ်လေ့ကျင့်ခန်းပြုလုပ်ခြင်းက  ကြွက်သားတွေ ကြီးထွားလာမှာတော့မဟုတ်ပေမယ့် ကြွက်သားများသန်မာမှုကိုတော့ ထိန်းသိမ်းပေးနိုင်ပါတယ်။

ဗီတာမင် ဒီ ဖြည့်စွက်စာများ မှီဝဲပါ

ဗီတာမင် ဒီ ပမာဏနည်းပါးခြင်းက ကြွက်သားသန်မာမှုအားနည်းလာခြင်းနဲ့ ဆက်နွယ်နေတာကြောင့် မသန်မစွမ်းဖြစ်လာခြင်း၊ ခဏခဏချော်လဲခြင်းတို့ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး ဗီတာမင် ဒီ ပမာဏ စမ်းသပ်စစ်ဆေးမှုပြုလုပ်ပါ၊ တကယ်လို့ ဗီတာမင် ဒီ နည်းပါးနေတယ်ဆိုရင် ဗီတာမင် ဒီ ဖြည့်စွက်စာများ မှီဝဲနိုင်ပါတယ်။

Omega-3 စားသုံးပါ

Omega-3 ဖက်တိအက်စစ်က သင့်ကြွက်သားကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပါပဲ။ အဲ့ဒီအာဟာရက ရောင်ရမ်းမှုကိုလျော့ချပေးပြိး ကြွက်သားထဲရှိ ပရိုတိန်းပမာဏကို တိုးမြှင့်ပေးပါတယ်။ Omega-3 ကြွယ်ဝစွာပါဝင်တဲ့ ပဲပိစပ်၊ သစ်ကြားသီးများ၊ ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ ပိုက်ဆံလျှော်ပင်အစေ့နဲ့ ငါးကြီးဆီများ မှီဝဲစားသုံးပါ။

ဟော်မုန်းပမာဏစစ်ဆေးဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ

ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းပမာဏညီမျှမှုရှိခြင်းက ကြွက်သားပမာဏပေါ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိပါတယ်၊ အထူးသဖြင့်အမျိုးသမီးတွေမှာပေါ့။ နှစ်တိုင်း သွေးစစ်ဆေးမှုပြုလုပ်တဲ့အခါတိုင်း ဟော်မုန်းပမာဏပါ တစ်ခါတည်းစစ်ဆေးပေးဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ၊ တကယ်လို့ ဟော်မုန်းပမာဏနည်းနေတယ်ဆိုရင် ညီမျှသွားအောင် ပြန်လည်ထိန်းညှိပေးဖို့အတွက် ဖြည့်စွက်စာများ မှီဝဲပါ။

HMB ဖြည့်စွက်စာများ မှီဝဲပါ

HMB က ကြွက်သားတည်ဆောက်ဖို့အတွက်လိုအပ်တဲ့ နောက်ဆုံးပေါ်ဖြည့်စွက်စာဖြစ်ပြီး ကြွက်သားများ အလဟဿဆုံးရှုံးသွားခြင်းကို နှေးကွေးစေတယ်လို့ သုတေသနပညာရှင်များက အခိုင်အမာပြောဆိုထားပါတယ်။ သင် အသက် ၄၀ ကျော်လာပြီဆိုတာနဲ့ ဆယ်စုနှစ်တစ်ခုစီတိုင်းမှာ ကြွက်သား ၈ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားပါတယ်။ HMB ပါဝင်တဲ့ ဖြည့်စွက်စာများက သင့်ကြွက်သာဆုံးရှုံးသွားခြင်းမှ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် HMB က ကျန်းမာရေးအားနည်းသူများ၊ နာမကျန်ဖြစ်သူများ၊ သက်ကြီးရွယ်အိုများအတွက် အထူးသင့်တော်ကောင်းမွန်ပါတယ်။ HMB ပါဝင်တဲ့ ထုတ်ကုန်အမြောက်အမြားထဲမှာ Ensure Gold ဟာဆိုရင် ကြွက်သားဆုံးရှုံးခြင်းမှ ကာကွယ်ပေးကာ ပြီးပြည့်စုံပြီး အာဟာရညီညွှတ်မျှတစွာပါဝင်တဲ့ ဖြည့်စွက်စာတစ်မျိုးဖြစ်ပါတယ်။

Ensure Gold ကို HMB ၊ ပရိုတိန်းသုံးဆ၊ ကာဗိုဟိုက်ဒြိုက်၊ ကယ်လစီယမ်၊ ဗီတာမင် ဒီ၊ Prebiotics ၊ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈ မျိုး၊ Antioxidants ၊ အပင်များမှ ထုတ်ယူထားတဲ့အဆီဓာတ် Omega-3 တို့ပြည့်စုံစွာ ပါဝင်အောင် ဖော်စပ်ထုတ်လုပ်ထားပါတယ်။ ချင်တွယ်ဇွန်းငယ်လေး ၆ ဇွန်းကို ရေ ၁၈၅ လီတာနဲ့ ဖျော်စပ်ပြီး တစ်နေ့ကို ၂ ခွက် နေ့စဉ်သောက်သုံးပေးပါ။ Ensure Gold နေ့စဉ်မှန်မှန် သောက်သုံးမယ်ဆိုရင် မတူညီတဲ့ခံစားချက်တွေကို ခံစားရမှာပါ။

သင့်ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှု၊ စွမ်းအင်ပမာဏ၊ အရိုးသန်မာမှု၊ ကိုယ်ခံစွမ်းအားနဲ့ အစာချေစနစ်တို့အတွက် လိုအပ်တဲ့ အာဟာရများကိုEnsure Gold က ထောက်ပံ့ပေးနိုင်ပါတယ်။ သင့်ကြွက်သားကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် နှလုံးကြွက်သားအတွက်လည်း အထူးကောင်းမွန်ပါတယ်။ Ensure Gold ကို နေ့စဉ်သောက်သုံးခြင်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာ သွားလာလှုပ်ရှားနိုင်မှုကို မြှင့်တင်လိုက်ပါ။ ဒါကသင့်ရဲ့ နေ့စဉ်ခွန်အားအတွက် လိုအပ်တဲ့ တစ်ခုတည်းသောအရာပါပဲ။