ဒီနေ့ပြောပြပေးချင်တာကတော့ MyHealth ပရိတ်သတ်ကြီးတွေထဲမှာရော မနက်ဆိုရင် အချိန်မရလို့ အလုပ်နောက်ကျမှာစိုးလို့ဆိုပြီး မနက်စာမစားဖြစ်တဲ့သူတွေရှိပါသလား? ဘာလို့လဲဆိုတော့မနက်စာဆိုတာ တစ်နေ့တာအတွက် တကယ်ကိုမှ အရေးကြီးဆုံး အစားအစာဖြစ်ပါတယ်နော်။ မနက်စာမစားတာဟာ ကယ်လိုရီတွေကို သိုလှောင်ထားနိုင်သလို ဒါဟာ ကျန်းမာရေးကိုထိခိုက်စေရုံသာမက ကိုယ့်ရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍန်အတွက်လည်း မှားယွင်းတဲ့လုပ်ဆောင်ချက်တစ်ခုပါပဲနော်။

မနက်စာကဘာလို့ အရေးကြီးသလဲဆိုတာ….

မနက်စာကို ဘာလို့ နေ့တိုင်းစားသင့်သလဲဆိုတာကတော့….

၁။ အာရုံစူးစိုက်မှုအားကောင်းစေပြီး ထူးချွန်တဲ့သူတွေဖြစ်စေပါတယ်

မနက်စာစားတာဟာ ခန္ဓာကိုယ်အတွက် သာမက ဦးနှောက်ကိုလည်း အစာကျွေးတာပဲဖြစ်ပါတယ်။ မနက်စာပုံမှန်စားတဲ့ ကလေးတွေဟာ ကျောင်းတွေမှာ ပိုပြီး စာတော်တာတွေ့ရသလို အရွယ်ရောက်ပြီးတဲ့ သူတွေကလည်း အလုပ်မှာ ထူးချွန်ကြပါတယ်။ မနက်စာကိုစားပေးတာဟာ အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ်။

၂။စွမ်းအင်များတိုးမြင့်လာခြင်း

မနက်စာစားတာဟာ စွမ်းအင်တွေကို ပိုမိုပြည့်ဝစေပြီး ကိုယ်လက်လှုပ်ရှားမှုတွေလည်း ပိုပြီးလုပ်နိုင်ပါတယ်။

ခံစားချက်၊စိတ်နေသဘောထားတွေ တိုးတက်လာခြင်း

လူတိုင်းသိသင့်တဲ့ မနက်စာအကြောင်း

မနက်စာစားတဲ့သူတွေဟာ ဦးနှောက်ထဲမှာရှိတဲ့ Serotonin (ဆီရိုတိုနင်) ဓါတ်ကို တိုးမြင့်စေတာကြောင့် စိတ်ခံစားမှုတွေ ကောင်းမွန်နေပါတယ်။ မနက်စာမစားရင်တော့ စိတ်တိုလွယ်နေတာ စိတ်အလိုမကျတာမျိုးတွေ ဖြစ်တတ်ပါတယ်နော်။

ဆီးချိုရောဂါဖြစ်ပွားမှုအန္တာရာယ်ကို လျှော့ချပေးခြင်း

မနက်စာစားတဲ့သူတွေဟာ ဆီးချိုရောဂါဖြစ်ပွားမှု နည်းပါးပါတယ်။

Credit: healthnewz