နာနတ်သီး ပေါ်လာတဲ့အခါ အချိုပွဲတည်းတိုင်း မပါမဖြစ်စားကြလောက်အောင် နာနတ်သီးက လူကြိုက်များပါတယ်။ ဒါပေမယ့် စားလိုက်တိုင်း နှုတ်ခမ်း နဲ့လျှာမှာ ရှတတဖြစ်လို့ ဘာကြောင့်များ ဒီလိုဖြစ်ရလဲဆိုပြီး တွေးမိကြမှာပါ။

ဒီလိုဘာကြောင့် ရှတတ ဖြစ်ရလဲဆိုတော့ နာနတ်သီးမှာပါတဲ့ ဘရိုမယ်လီယန် (Bromelain) လို့ခေါ်တဲ့ အင်ဇိုင်းဟာ လျှာနဲ့ ခံတွင်းတစ်ဝိုက်မှာရှိတဲ့ ပရိုတင်းတွေကို ဖြိုခွဲလိုက်လို့ပါ။ ဒါပေမယ့် နာနတ်သီးကို ဝါးပြီးမျိုချတဲ့ အခါမှာတော့ တံတွေးနဲ့ အစာအိမ်အက်စစ်က အဲ့ဒီ့ အင်ဇိုင်းကို အနိုင်ယူလိုက်ပါတယ်။ အဲ့ဒီ့အခါမှာ လျှာကဆုံးရှုံးသွားတဲ့ ပရိုတင်းနဲ့ အမိုင်နို အက်စစ်တွေကို သူ့အလိုလို ပြန်လည်တည်ဆောက်တာကြောင့် နာကျင်မှုတွေ ပျောက်ကွယ်သွားပါတယ်။

သစ်သီးဝလံတွေထဲမှာ ပရိုတင်းနဲ့ အဆီကို ချေဖျက်ပေးနိုင်တဲ့ အင်ဇိုင်းပါဝင်တာ မဆန်းပါဘူး။ သင်္ဘောသီး၊ ကီဝီသီး၊ စပျစ်သီး၊ သဖန်းသီး၊ ထောပတ်သီး၊ စွန်ပလွန်သီး၊ ငှက်ပျောသီးနဲ့ သရက်သီး စတဲ့အသီးတွေမှာဆို အင်ဇိုင်းဓာတ် သာမန်ထက်အများကြီးပါဝင်ပါတယ်။ဒါကြောင့် အနောက်တိုင်းမှာဆို အသားတွေ ချက်တဲ့အခါ ပိုပြီးနူးညံ့လာအောင် သံပုရာသီးအပြင် နာနတ်သီးကိုပါထည့်ချက်လာကြတယ်။

ဒါဆို သီးစုံသုပ်တွေ၊ ရေခဲမုန့်တွေ၊ ဟင်းပွဲတွေထဲ ပါဝင်တဲ့ နာနတ်သီးက ဘာကြောင့် လျှာမနာစေလဲဆိုတော့ ဓာတုဓာတ်ပြုတဲ့အခါ အင်ဇိုင်းတွေကို လျော့နည်းစေလို့ပါ။ ဒီ့အပြင် နာနတ်သီးစားတဲ့ အခါ သံပုရာသီးပွတ်စားကြပါတယ်။ သံပုရာရည်က နာနတ်သီးရှိ အက်ဆစ်ဓာတ်ကို လျော့နည်းစေတဲ့အပြင် မူလအာနိသင်မပျက်စေပဲအချိုဓာတ်ကို ပိုတိုးစေလို့ပါ။

သစ်သီးဝလံတွေထဲမှာ ပရိုတင်းနဲ့ အဆီကို ချေဖျက်ပေးနိုင်တဲ့ အင်ဇိုင်းပါဝင်တာ မဆန်းပါဘူး။ သင်္ဘောသီး၊ ကီဝီသီး၊ စပျစ်သီး၊ သဖန်းသီး၊ ထောပတ်သီး၊စွန်ပလွန်သီး၊ ငှက်ပျောသီးနဲ့ သရက်သီး စတဲ့အသီးတွေမှာဆို အင်ဇိုင်းဓာတ် သာမန်ထက်အများကြီးပါဝင်ပါတယ်။ဒါကြောင့် အနောက်တိုင်းမှာဆို အသားတွေ ချက်တဲ့အခါ ပိုပြီးနူးညံ့လာအောင် သံပုရာသီးအပြင် နာနတ်သီးကိုပါထည့်ချက်လာကြတယ်။