ဘာကြောင့် ဂျပန် အမျိုးသမီးတွေရဲ့ အသားအရည်တွေက ကြည်လင် လှပပြီး သွယ်သွယ်လျလျလေးဖြစ်နေတယ်လို့ ထင်ပါသလဲ။ ဂျပန်နိုင်ငံမှာ မနက်ခင်း အိပ်ယာနိုးတိုင်း ရေတစ်ခွက်အဝသောက်တဲ့ ဓလေ့ကို အများအားဖြင့် ကျင့်သုံးလေ့ရှိတာနေပါပဲ။

Bright Side က သတင်းဌာနက ဝန်ထမ်းတစ်ယောက်က မနက် အိပ်ယာနိုးနိုးချင်း ဘာမှမစားခင်မှာ ရေတစ်ခွက် အဝသောက်ပြီး ရရှိမယ့် အကျိုးကျေးဇူးကို ၁လလောက် လုပ်ဆောင်ပြီး စမ်းသပ်ခဲ့ပါတယ်။

သူ့ခန္ဓာကိုယ်က အမြဲလိုလို လေးလံနေပြီး ဆရာဝန်ဆီလည်း ခဏခဏသွားနေရသူဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်တွေရဲ့ အလေ့အကျင့်တစ်ခုဖြစ်တဲ့ ရေသောက်တဲ့ ကုသနည်းကို စမ်းကြည့်ဖို့ စိတ်ကူးခဲ့ပြီး ၁ လတိတိ စမ်းကြည့်ကာ အတွေ့အကြုံကို ပြန်လည်ရေးသားခဲ့ပါတယ်။

ပိုပြီး လန်းဆန်းလာပြီး ကျန်းမာလာပါတယ်

နေ့တစ်နေ့ကို ရေတစ်ခွက် အပြည့်အဝသောက်ပြီး စတင်လိုက်ပြီး ရက်ပိုင်းအတွင်းမှာ ခန္ဓာကိုယ်က ပိုပြီး ပေါ့ပါးလာပါတယ်။ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေကို ပိုပြီး စွန့်ထုတ်နိုင်သလို ခံစားရတယ်။

ဘာကြောင့် မနက်ခင်းမှာ ရေ အဝသောက်သင့်သလဲ။

ဇီဝကမ္မဖြစ်စဉ်တွေလည်း ပိုပြီးအားကောင်းလာတယ်

အမြဲလိုလို ဗိုက်ဆာနေတဲ့ အကျင့်ပျောက်သွားပြီး နေ့လည်စာနဲ့ ညစာကြားမှာ အဆာပြေတွေလည်း မစားဖြစ်တော့ပါဘူး။ ပိုပြီး အားတွေရှိလာသလို ခံစားရတယ်။

ကိုယ်အလေးချိန် လျော့ချလာတယ်

ဗိုက်သိပ်မဆာတော့ဘဲ နေရထိုင်ရတာလည်း ပေါ့လာတယ်။ ပိုပြီး လေ့ကျင့်ခန်းလုပ်ချင်စိတ်လည်းဖြစ်လာတာကြောင့် ကိုယ်အလေးချိန်လည်း လျော့လာတယ်။

ရင်ပြည့်ရင်ကယ်ဖြစ်တာလည်း သက်သာလာ

အမြဲတမ်းလိုလို ရင်ပြည့်ရင်ကယ် ခံစားနေရတာကနေ တဖြည်းဖြည်းနဲ့ သက်သာလာပြီး သိပ်တောင် မဖြစ်တော့ပါဘူး။

အရွယ်တင်နုပျိုလာ

လူတိုင်းက ကျွန်မကို တွေ့ရင် ကျွန်မ အသက်ထက်ပိုကြီးတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် မနက်မိုးလင်းမှာ ရေ အပြည့်သောက်ပြီးတဲ့နောက်မှာတော့ မျက်နှာမှာရှိတဲ့ အရေးအကြောင်းတွေ လျော့နည်းသွားပြီး အသားအရေတွေ ကြည်လင်လာပါတယ်။

ဆံပင်သန်လာ

ဆံပင်က အရင်ကဆို မွဲခြောက်ခြောက်နဲ့ ဖွာထွက်နေပေမယ့် အခုဆိုရင် ပိုပြီး အရောင်တောက်လာသလို ခံစားရပါတယ်။

ဆီးလမ်းကြောင်း ပြဿနာတွေကနေ ကင်းဝေးလာ

ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေက ရေက အကောင်းဆုံးပါဘဲ။ အခုဆိုရင် အရင်ကလို ဆီးအောင့်တာတွေ ဆီးပူတာတွေလည်းမရှိတော့ပါဘူး။

ရက်ရှည်ဖျားနာမှု ကာကွယ်ပေး

အရင်ကဆို တစ်ခါဖျားလိုက်ရင် ရက်အရှည်ကြီးဖျားပေမယ့် အခုဆိုရင် ကိုယ်ခံအားစနစ်ကောင်းလာတာကြောင့် ခဏခဏလည်းမဖျားတော့သလို ဖျားရင်လည်း ရက်အကြာကြီး မဖျားတော့ပါဘူး။

ရေကိုဘယ်လိုသောက်သင့်လဲ

  • သွားတိုက်ပြီးချင်းချင်း၊ လေ့ကျင့်ခန်းလုပ်ပြီးချင်းချင်း ဘာမှမစားခင်မှာ ရေ ၄ခွက်လောက် သောက်လိုက်ပါ။ အဓိကက အစာအိမ်ထဲမှာ ဘာအစာမှမရှိခင်မှာ ရေ ၄ ခွက်လောက်သောက်ဖို့ အရေးကြီးပါတယ်။ အကယ်၍ ၄ ခွက်လောက်မသောက်နိုင်ရင် ၁ခွက်အရင်သောက်ပြီး တဖြည်းဖြည်းများများ သောက်သွားပါ။
  • ရေသောက်ပြီး ၄၅ မိနစ်အတွင်း ဘာမှမစားပါနဲ့။
  • ၄၅ မိနစ်ပြီးရင်တော့ မနက်စာစားပါ။
  • မနက်စာစားပြီး ၂ နာရီအတွင်း ဘာမှမစားပါနဲ့။