နှလုံးက ခန္ဓာကိုယ်ထဲမှာ အလုပ်လုပ်ရဆုံး အင်္ဂါတစ်ခုဖြစ်ပါတယ်။ တစ်နေ့ကို အကြိမ်ပေါင်း ၁၁၅၀၀၀ ကြိမ်လောက်နှလုံးခုန်ရပြီး တစ်မိနစ်မှာ ပျမ်းမျှ အခါ ၈၀ လောက်ခုန်ရကာ၊ တစ်နှစ်မှာဆိုရင် ၄၂ သန်းလောက်နှလုံးခုန်ရပါတယ်။ ကိုယ်တွေအိပ်နေချိန်မှာတောင် သူ့မှာ မနားရရှာပါဘူး။

ဒါ့ကြောင့် လူတစ်ယောက်ရဲ့ သေဆုံးချိန်ကို နှလုံးရပ်တန့်တဲ့အချိန်နဲ့ သတ်မှတ်တာဖြစ်ပါတယ်။

နှလုံးက သွေးကို သန့်စင်ပေးပြီး အောက်စီဂျင်ပြည့်ဝနေအောင် လုပ်ဆောင်ပေးကာ ၊ အာဟာရတွေပါဝင်တဲ့ သွေးကို ခန္ဓာကိုယ်တစ်ခုလုံးကို ပို့ဆောင်ပေးပါတယ်။

ဘာကြောင့် ရင်ဘတ်အောင့်ရသလဲ

အသက်ရှူရခက်ခဲတာ

ရင်ဘတ်မှာ မအီမသာဖြစ်တာ

နာကျင်ခြင်း

စိတ်ဖိစီးမှု

စိတ်လှုပ်ရှားမှု နဲ့

နှလုံးရောဂါတို့ကြောင့် ရင်ဘတ်အောင့် တတ်ပါတယ်။

ရင်ဘတ်အောင့်တိုင်းလည်း နှလုံးရောဂါမဟုတ်ပါဘူး။ တခြားသော အကြောင်းအရင်းတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

၁။ ကြွက်သားတင်းခြင်း

နာကျင်တဲ့ ခံစားချက်ကတခါတလေ ကြွက်သားတွေ တင်းနေတာကြောင့်လည်းဖြစ်တတ်ပါတယ်။ တခါတလေ လေကို တဝကြီးရှူလိုက်ပြီး အခန့်မသင့်ဖြစ်သွားချိန်မှာလည်းဖြစ်တတ်ပါတယ်။

ဒီလိုဆိုရင် တည်ငြိမ်အောင်နေပြီး လေကို ဖြည်းဖြည်းချင်းရှူပါ။ ဒါဆိုရင်ရင်ဘတ်အောင့်တာ သူ့ဘာသာ ပျောက်သွားပါလိမ့်မယ်။

၂။ စိတ်လှုပ်ရှားမှုနဲ့ စိတ်ဖိစီးမှု

စိတ်လှုပ်ရှားမှုနဲ့ စိတ်ဖိစီးမှုတွေက ရင်ဘတ်အောင့်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်နားနေတဲ့အခါမှာ ရင်ဘတ်အောင့်တာမျိုး မရှိတာဖြစ်ပါတယ်။

၃။ အလှုပ်ရှားလွန်သွားခြင်း

လှုပ်ရှားမှုအရမ်းများသွားရင် နှလုံးခုန်နှုန်းမြင့်သွားပြီး အသက်ရှူနှုန်းလည်းမြန်သွားကာ ရင်ဘတ်အောင့်တတ်ပါတယ်။

၄။ နှလုံးခုန် မမှန်ခြင်း

နှလုံးခုန်မမှန်ခြင်း ဆိုတာက နှလုံးခုန်နှုန်းမြန်တာတို့၊ နှေးတာတို့ဖြစ်တာကို ဆိုလိုတာပါ။ ဒါတွေကလည်း ရင်ဘတ်ကို ပြင်းပြင်းထန်ထန် အောင့်စေပါတယ်။

ဆေးလိပ်သောက်ခြင်း

စိတ်လှုပ်ရှားခြင်း

စိတ်ဖိစီးမှု

ကဖိန်းဓာတ်ကို စားသုံးခြင်း

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း

အဝလွန်ခြင်း

အများအားဖြင့် ဒီလိုအကြောင်းအရင်းတွေကြောင့် နှလုံးခုန်မမှန်တာဖြစ်တတ်ပါတယ်။