သင်ဗိုက်ဆာလာရင် တခြား သူတွေကို အော်ဟစ်မိတာမျိုး ဖြစ်ဖူးပါသလား။ ဒါမှမဟုတ်လည်း ဗိုက်ဆာလာရင် စိတ်ဆိုး ဒေါသထွက်သူတွေမြင်ဖူးပါသလား။

ဒါကို Hangry လို့ခေါ်ပါတယ်။ စိတ်ဆိုးမှု Angry နဲ့ ဗိုက်ဆာမှု Hungry ကို ပေါင်းစပ်ခေါ်ဝေါ်ထားတဲ့ ဗန်းစကားဖြစ်ပါတယ်။ လူတွေတော်တော်များများက ဗိုက်ဆာရင် Hangry ဖြစ်တတ်ကြပါတယ်။

hungry

Hanger

ကိုယ်စားသုံးတဲ့ ကာဗိုဟိုက်ဒရိုက်၊ ပရိုတင်းနဲ့ အဆီဓာတ်တွေကို အစာခြေဖျက်ပြီး သကြား ဓာတ် (ကလူးကို့စ်)၊ အမိုင်နိုအက်ဆစ်နဲ့ Free Fatty Acids တွေပြန်ထုတ်ပေးပါတယ်။ ဒီအာဟာရဓာတ်များက သွေးကြောတွေကနေ တစ်ဆင့် အင်္ဂါများနဲ့ တစ်ရှူးတွေကို စွမ်းအင်အဖြစ် အသုံးချဖို့ ပို့ဆောင်ပေးပါတယ်။

ထမင်းစားချိန် လွန်လာရင် သွေးကြောကနေတစ်ဆင့် ပို့ဆောင်ပေးနေတဲ့ အာဟာရဓာတ်က စတင်ကျဆင်းလာပါတယ်။ သကြားဓာတ် (ကလူးကို့စ်) ကျဆင်းလာတာနဲ့ ဦးနှောက်က ပြင်းထန်စွာ တုံ့ပြန်ပါတယ်။ တခြား အင်္ဂါအစိတ်အပိုင်းများက တခြား အာဟာရဓာတ်တွေ အသုံးပြုနိုင်ပေမယ့် ဦးနှောက်ကတော့ သူ့လုပ်ငန်းဆောင်တာတွေအတွက် လိုအပ်တဲ့ စွမ်းအင်ဓာတ်ကို သကြားဓာတ် (ကလူးကို့စ်)အပေါ် အဓိက မှီခိုနေရပါတယ်။

ဒါကြောင့် ဗိုက်ဆာလာပြီဆိုရင် လူမှုအသိုင်းအဝိုင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေ ဥပမာ လူတွေကို မအော်ဟစ်ရဘူးဆိုတဲ့ စည်းကမ်းတွေကို အလွယ်တကူ ချိုးဖောက်လာနိုင်ပါတယ်။

Unknown

စိတ်ဖိစီးမှုပိုဖြစ်

သွေးထဲမှာ သကြား ဓာတ်လျော့နည်းလာရင် သွေးအတွင်းမှာ သကြားဓာတ်ပြန်မြင့်ဖို့ ဟော်မှုန်းတွေကို ဦးနှောက်က ထုတ်ခိုင်းပါတယ်။ ဟော်မှုန်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Adrenaline ဟော်မှုန်းက စိတ်ဖိစီးမှုကို နှိုးဆွနိုင်တဲ့ ဟော်မှုန်းဖြစ်ပါတယ်။

သကြားဓာတ်နည်းလာရင် ထုတ်တဲ့ ဟော်မှုန်းဓာတ်တွေထဲမှာ Adrenaline ဓာတ်က အဓိကပါဝင်ပြီး ကိုယ်မြင်သမျှ၊ ကြားသမျှ၊ တွေးသမျှတွေကို ရန်လိုတိုက်ခိုက်ချင်အောင် နှိုးဆွပေးပါတယ်။

images

Hanger ကို ဘယ်လိုစီမံမလဲ

အကောင်းဆုံးနည်းကတော့ အစာမလွန်အောင် စီမံခန့်ခွဲဖို့ပါဘဲ။ ဗိုက်အရမ်းဆာတဲ့အခြေအနေအထိမရောင်အောင် ဗိုက်ဆာလာတာနဲ့ အသင့်စားလို့ရမယ့် ချောကလက်၊ အာလူးကြော်တို့ကို ဆောင်ထားပါ။

အချိန်ကြာကြာအထိ ဗိုက်ပြည့်နေစေဖို့ အာဟာရများတဲ့ အစားအစာတွေ၊ သဘာဝနည်းနဲ့လုပ်ထားတဲ့ အစားအစာတွေကို စားသုံးပေးပါ။

Chocolate(bgFFF)