အရိုးတွေပုံမှန်မဟုတ်ဘဲ ငေါထွက်နေတာမျိုးတွေက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဆားစားသုံးမှုများတာကြောင့် ရောင်ရမ်းပြီး ပုံစံမမှတ်တာ ဒါမှမဟုတ် သက်တောင့်သက်သာ မရှိတဲ့ ကျပ်တတ်တဲ့ ဖိနပ်တွေ စီးတာကြောင့် ဖြစ်တတ်ပါတယ်။ နာကျင်မှုတော့ မခံစားရပေမယ့် နေလို့ထိုင်လို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ အထူးသဖြင့် ဖိနပ်လှလှလေးတွေ စီးတဲ့အခါမှာ အရုပ်ဆိုးစေမှာဖြစ်ပါတယ်။

ကရဝေးရွက် ရေနွေးကြမ်း

ချေထားတဲ့ ကရဝေးရွက် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ 300 ml ထဲထည့်လိုက်ပါ။ ပြီးရင် ၅ မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ထားပါ။ ပြီးရင် ရေနွေးဓာတ်ဗူးထဲထည့်ပြီး တစ်ညလောက် ထားထားပါ။

မနက်ကျရင် ငှဲ့ပြီး တစ်နေ့လုံး ၂ နာရီကို တစ်ငုံလောက်သောက်ပေးပါ။ တစ်ကြိမ်တည်း အများကြီးမသောက်ပါနဲ့။ အနည်းဆုံး ၇ ရက်လောက် ဆက်တိုက်သောက်ပေးပါ။ သောက်တိုင်း ပူပူလေးဖြစ်အောင် ထားပြီး သောက်ပါ။

ဆီးခဏခဏ သွားမှာဖြစ်ပြီး ဆီးအိမ်အတွက်ပိုကောင်းပါတယ်။

၁၀ ရက်လောက်ဆက်တိုက်သောက်ပေးရင် တိုးတက်မှုတွေသိသာလာပါလိမ့်မယ်။ ၂ လလောက်ကြာရင် အရိုးပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။