မိမိချစ်ခင်သူများနှင့် ဆက်ဆံရေးကိုအဆုံးသတ်လိုက်ရခြင်းကြောင့်ဖြစ်စေ၊ သဘောကျနှစ်သက်သော ရုပ်ရှင်ဇာတ်ကားများထဲမှ ဝမ်းနည်းစရာကောင်းသော ဇာတ်ဝင်ခန်းကြောင့်ဖြစ်စေ၊ အလုပ်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရခြင်းတို့ကြောင့်ဖြစ်စေ အမျိုးမျိုးသော အကြောင်းအရင်းများကြောင့် မကြခဏ ငိုကြွေးရတတ်ပါတယ်။ ထိုအချိန်များတွင်သာမက ပျော်ရွှင်ရသော အခိုက်အတန့်များတွင်ပင် မျက်ရည်ကျတတ်လေ့ရှိကြပါတယ်။

တခါတရံမှာ ငိုကြွေးခြင်းက ကိုယ့်အတွက် ဘာကောင်းကျိုးတွေကို ဖြစ်စေနိုင်မှာလဲဆိုပြီး စဉ်းစားမိနိုင်ပါတယ်။ ထို့အတွက်ကြောင့် ယခင်ကမသိခဲ့ရတဲ့ ငိုကြွေးခြင်းက ကိုယ့်အတွက် ဘာကောင်းကျိုးတွေ သက်ရောက်နိုင်စေလဲဆိုတာကို ဝေမျှပေးလိုက်ရပါတယ်။

၁။ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း

ငိုကြွေးခြင်းက သင့်ခန္ဓာကိုယ်အတွင်းရှိ အန္တရာယ်ရှိသည့် အဆိပ်အတောက်များနှင့် စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေသည့် ဟော်မုန်းပမာဏကို တိုးမြင့်စေမည့် ဓာတ်ပြုမှုတို့ကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။

၂။ စိတ်ဖိစီးမှုများကို သက်သာစေခြင်း

ကိစ္စအမျိုးမျိုးကြောင့် ကြုံတွေ့လာရတဲ့ စိတ်ဖိစီးမှုအမျိုးမျိုးကို ဖြေဖျောက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ငိုကြွေးခြင်းပဲဖြစ်ပါတယ်။ ထိုကဲ့သို့ ငိုကြွေးလိုက်သည့်အခါမှာ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေသည့် ဟော်မုန်းဓာတ်များကို ထုတ်လွှတ်ပေးလိုက်သည့်အတွက် စိတ်ခံစားရပေါ့ပါးသက်သာသွားမှာဖြစ်ပါတယ်။ အကယ်၍ ငိုကြွေးချင်စိတ်ကို ချုပ်တည်းထားပါက အခြားမလိုလားတဲ့ နှလုံးအမောဖောက်မှုနှင့် ဦးနှောက်ပျက်စီးခြင်း အစရှိတဲ့ ရောဂါများကို ဖြစ်ပေါ်လာစေကာ အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။

၃။ စိတ်ခံစားမှုကို တိုးမြှင့်ပေးခြင်း

ငိုကြွေးခြင်းက “Endorphin” ဟုခေါ်သည့် ဟော်မုန်းဓာတ်တို့ကို ခန္ဓာကိုယ်အတွင်းသို့ ထုတ်လွှတ်ပေးမှာဖြစ်သည့်အတွက် စိတ်ခံစားမှုကို သက်သာရာရစေမှာဖြစ်ပါတယ်။ သည့်အပြင် “Endorphin” များတွင် စိတ်ကိုတည်ငြိမ်စေသည့် ဓာတ်သတ္တိတို့ရှိသည့်အတွက် ငိုလိုက်ပြီးသည့်နောက်မှာ ပုံမှန်အချိန်များထက် ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်မှာဖြစ်ပါတယ်။

၄။ အမြင်အာရုံ တိုးတက်စေခြင်း

ငိုကြွေးခြင်းသည် မျက်စိအတွင်းရှိ အညစ်အကြေးများကို သန့်ရှင်းပေးကာ ယားယံခြင်းတို့မှ ကာကွယ်ပေးသည့်အတွက် အမြင်အာရုံကို တိုးတက်စေမှာဖြစ်ပါတယ်။

၅။ ဘတ်တီးရီးယားများကို ဖျက်ဆီးပေး၍ ကိုယ်ခံအားကိုတိုးမြှင့်ပေးခြင်း

ငိုကြွေးသည့်အချိန်တွင် ကျဆင်းလာသည့်မျက်ရည်များသည် မျက်စိအတွင်း တနေကုန် ကိန်းအောင်းနေသည့် ဘတ်တီးရီးယားများနှင့် ဗိုင်းရပ်စ်ပိုးများကို ဖယ်ရှားပေးရာတွင် အင်မတန်အစွမ်းထက်ပါတယ်။ မျက်ရည်တွင်ပါဝင်သည့် “Lysozyme” ဟုခေါ်သော ဓာတ်သတ္တိတစ်မျိုးသည် မိနစ်ပိုင်းအနည်းငယ်အတွင်းမှာပဲ ဘတ်တီးရီးယားမျာကို ၉၀ မှ ၉၅ ရာခိုင်နှုန်းအထိ ဖျက်ဆီးနိုင်ပါတယ်။

၆။ လူတဦးနှင့်တစ်ဦးကြား ဆက်ဆံရေးကို တိုးမြှင့်ပေးခြင်း

တခါတလေ စကားနှင့်ဖော်ပြ၍ မရနိုင်သည့် အခြေအနေများတွင် ငိုကြွေးလိုက်ခြင်းက ထိရောက်သော နည်းလမ်းတစ်ခုအနေဖြင့် အသုံးဝင်နိုင်ပါတယ်။ လူတစ်ယောက်နှင့် တယောက်တို့၏ ဆက်ဆံရေးများတွင် နားလည်မှုအလွဲများကို ဖြစ်ပေါ်စေနိုင်သည့် အငြင်းပွားမှုများနှင့် နှုတ်ဆိတ်နေခြင်းတို့ထက် ငိုကြွေးခြင်းက ဆက်ဆံရေးကို ပြန်လည်ပေါင်းစည်းပေးနိုင်သည့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။