ဝိတ်ကျချင်လို့ အစားလည်းလျော့စား၊ လေ့ကျင့်ခန်းတွေလည်း မှန်မှန်ကန်ကန်လုပ်ပါရဲ့နဲ့ ကိုယ်အလေးချိန်က မကျနိုင်ဘူးဖြစ်နေပါသလား။ ဒါမှမဟုတ် ဝိတ်နည်းနည်းလောက် ကျသွားသလိုဖြစ်ပေမယ့် အမြဲပြန်ပြန်တက်နေပါသလား။

ဒါဆိုရင်တော့ ဒီလိုမေးခွန်းတွေနောက်ကွယ်မှာ သူ့အကြောင်းအရင်းတွေသူ ရှိနေနိုင်ပါတယ်။

၁။ လေ့ကျင့်ခန်းတွေ မတန်တဆလုပ်ခြင်း

Source: System 7 Training

အခုမှလေ့ကျင့်ခန်းစလုပ်ပြီး ကိုယ်ကလည်းဒီလေ့ကျင့်ခန်းကိုသဘောကျလို့ ဆက်တိုက်ဆက်တိုက်လုပ်နေရာကနေ မရပ်မနားနိုင်လောက်အောင် ဖြစ်နေပြီလား။ အနားနည်းနည်းပါးပါးမယူဘဲနဲ့ မတန်တဆပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်က ဖိစီးမှုတွေများလာရာကနေ ကိုယ်အလေးချိန် မကျနိုင်ဖြစ်နေရတာပါ။

၂။ အိပ်ရေးဝဝမအိပ်ခြင်း

Source: Paradigm San Francisco

ညအိပ်တဲ့အခါ တတ်နိုင်သမျှ မှောင်အောင်ထားပြီးတော့ ကောင်းကောင်းအနားယူပါ။ ခန္ဓာကိုယ်က သေချာလုံလောက်စွာ အနားယူပြီးပြီဆိုရင် ကိုယ်အလေးချိန်ကျဖို့လည်း အဆင်သင့်ဖြစ်ပြီးသွားပါပြီ။ ဒါကြောင့် တစ်ညလျှင် အနည်းဆုံး ၇ နာရီမှ ၈ နာရီလောက် အိပ်ရေးဝအောင်အိပ်ပါ။

၃။ လုံလုံလောက်လောက် အစားမစားခြင်း

Source: Yahoo News

အစားလည်းလျော့စားနေပါရဲ့နဲ့ ဘာလို့ဝိတ်မကျနိုင်တာလဲဆိုတဲ့ ခေါင်းစဉ်ကြီးက အမြဲခေါင်းရှုပ်စရာပါ။ သင့်တင့်မျှတတဲ့ ပမာဏကို မစားသုံးပေးဘူးဆိုပါက ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်က နှေးကွေးသွားတာကြောင့် ကိုယ်အလေးချိန်ကိုလည်း မလျှော့ချနိုင်တော့တာဖြစ်ပါတယ်။

Featured Image Source: Forbes