ကြက်သွန်နီက ဟင်းလျာတွေမှာ အရေးကြီးပါတယ်။

သာမန် အိမ်မှာ ချက်တဲ့ ဟင်းလျာတွေကတော့ ကြက်သွန်နီဆိုပြီးတော့ဘဲ သုံးကြပါတယ်။ ဒါပေမယ့် နာမည်ကြီး စားသောက်ဆိုင်တွေက ဟင်းလျာအပေါ်မှာ မူတည်ပြီး ကြက်သွန်နီ အမျိုးအစားကို ရွေးချယ်ကြပါတယ်။

ဒါကြောင့် တခါတလေ နာမည်ကြီး စားသောက်ဆိုင်တွေရဲ့ ဟင်းလျာ လက်ရာကို အိမ်မှာ ပြန်ချက်တဲ့အခါမှာ တစ်ခုခု လိုတယ်လို့ ခံစားနေရတာပါ။

အဝါရောင် သို့ အညိုရောင် ကြက်သွန်

အရသာက ပြင်းပြင်းနဲ့ ကြာကြာ ချက်လေလေ ပိုချိုလေပါဘဲ။ အချိန်ကြာကြာ ချက်ပြုတ်ရတာတွေဖြစ်တဲ့ ဟင်းချို၊ stews တွေနဲ့ပိုပြီး သင့်တော်ပါတယ်။ အသားဟင်းလျာတွေမှာ ထည့်သွင်းချက်သင့်ပါတယ်။

 

အဖြူရောင် ကြက်သွန်

အသားပါးပြီး အနံ့အရသာ ပြင်းတဲ့ ကြက်သွန်အမျိုးအစားပါ။ ရေဓာတ်ပါဝင်မှုများပြီး ခြောက်ခြောက်သွေ့သွေ့ ကြက်သွန်မျိုးပါ။ အစိမ်း ပြင်ဆင်ပြီး စားသောက်တဲ့ ဟင်းလျာတွေ၊ အချဉ်စပ်ရာ နဲ့ အသုပ်တို့မှာ သုံးသင့်ပါတယ်။

 

ချိုတဲ့ ကြက်သွန်မျိုး

အရသာက ပြင်းပြင်းရှရှ မဟုတ်ဘဲ အနံ့ဘဲ ပြင်းပြင်းလေးဖြစ်ကာ တခြား ကြက်သွန်အမျိုးအစားတွေထက် ပိုပြီး ချိုပါတယ်။

ဆလပ် (Salad) နဲ့ အသားညှပ်ပေါင်မုန့် (Sandwiches) တို့မှာ သုံးလို့ကောင်းပါတယ်။ အဲ့ဒီအပြင် တခြား ဟင်းသီးဟင်းရွက်တွေနဲ့ပေါင်းပြီး အကြော်ကြော်စားတာမျိုး၊ ကြက်သွန်ကြော်လုပ်စားတာမျိုးမှာလည်း စားလို့ကောင်းပါတယ်။

အနီရောင် ကြက်သွန်

<

အနီရောင်ကြက်သွန်တွေက အသားမှာ ပန်းရောင်လိုလို အနီရောင် လိုလိုဖြစ်ပြီး အနံ့က တခြား ကြက်သွန်တွေထက်စာရင် ပျော့ပါတယ်။ အသုပ်၊ ဟမ်ဘာဂါနဲ့အသားညှပ်ပေါင်မုန့် (sandwich) တွေမှာ သုံးရင် ကောင်းပါတယ်။ အဲ့ဒီအပြင် ဟင်းချက်ရာမှာလည်း အသုံးပြုလို့ရပါတယ်။

ကြက်သွန်မြိတ်


အာရှနဲ့ လက်တင်အမေရိက တို့ဟင်းချက်ရာမှာ ကြက်သွန်မြိတ်ကို အဓိက သုံးလေ့ရှိပါတယ်။

အရသာနဲ့အနံ့က ပျော့ပျော့ ပြောင်းပြောင်းလေးဖြစ်ပြီး ဟင်းချိုု နဲ့ အသုပ်တို့မှာ ထည့်ချက်လေ့ရှိပါတယ်။

ကြက်သွန်နီ အသေးလေးတွေ

<

အိမ်ချက်ဟင်းလျာတွေမှာ အသုံးပြုတာနည်းပါတယ်။ ဒါပေမယ့် စားသောက်ဆိုင်တွေမှာတော့ အဓိက အသုံးပြုကြပါတယ်။ အဲ့ဒီကြက်သွန်နီ အသေးလေးတွေကြောင့် စားသောက်ဆိုင်နဲ့အိမ်ချက် ဟင်းလျာတွေ အဓိက ကွာခြားတာလို့ အစားအသောက်ပညာရှင် Anthony Bourdain က ပြောပါတယ်။

သူ့ရဲ့ အနံ့က မစူးရှဘဲ ပျော့ပြောင်းပြီး ချိုပါတယ်။ ဘယ်လို ဟင်းလျာမျိုးမဆို လိုက်ဖက်ပါတယ်။