ပန်းဂျုံဟာ သီးနှံများထဲမှာ နံပါတ် ၁ အကောင်းဆုံးသီးနှံတစ်မျိုးဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက Japan, New Zeeland နှင့် Australia စတဲ့ နိုင်ငံများမှာ အသက်ရှည်ကျန်းမာစေရန် ရိုးရာမပျက် စားသုံးခဲ့ကြပါတယ်။ အဆိုပါနိုင်ငံသားများ အသက်ရှည်ရခြင်းထဲမှာ အရေးပါတဲ့ စားသောက်ကုန်တစ်ခုက ပန်းဂျုံဖြစ်ပါတယ်။ ဂျုံနှင့် အခြားကောက်ပဲသီးနှံများတွင်ပါဝင်လေ့ရှိသော ကာဗိုဟိုက်ဒရိုတ်၊ ပရိုတင်းဓါတ်၊ ဗီတာမင်နှင့်သတ္ထုဓါတ်၊ အမျှင်ဓါတ် စတဲ့အဟာရဓါတ်များဟာ ပန်းဂျုံမှာ ပိုမိုအားကောင်းစွာပါဝင်နေပြီး နုပျိုအသက်ရှည်စေရန် ရောဂါမျိုးစုံမှကာကွယ်ပေးသော Antioxidants များ ပိုမိုကြွယ်ဝစွာပါဝင်ပါတယ်။

အဓိကထူးခြားချက်က Anti-Inflammatory, Antioxidants, Vasodilation, Cell-Protection စွမ်းရည်များအပြင် ကိုလက်စထရောကိုချေဖျက်နိုင်ပြီ အဆီကျစေခြင်း၊ နှလုံးနှင့်သွေးကြောနံရံများကို ကြံ့ခိုင်သန်မာစေခြင်း၊ သွေးလည်ပတ်မှုအားကောင်းစေခြင်း စတဲ့ထူးခြားစွမ်းရည်များရရှိစေနိုင်တဲ့ Rutin ဓါတ်ဟာ အခြားမည်သည့်သီးနှံ့မှာမှ ပါဝင်ခြင်းမရှိပဲ ပန်းဂျုံမှာ ပါဝင်နေပါတယ်။ ဂျပန်နိုင်ငံရဲ့အကြီးဆုံး Buckwheat Milling Company ကြီးဖြစ်တဲ့ Nikkoku ရဲ့ ဓါတ်ခွဲစမ်းသပ်ချက်အရ မြန်မာ့ပန်းဂျုံဟာ ဂျပန်နိုင်ငံနှင့်တရုတ်နိုင်ငံများမှထွက်ရှိသောပန်းဂျုံထက် Rutin ပါဝင်နှုန်း ပိုမိုကောင်းမွန်ကြောင်း ဂုဏ်ယူဖွယ်ရာ တွေ့ရှိရပါတယ်။

အဲလိုဂုဏ်ယူဖွယ်ရာ မြန်မာ့ပန်းဂျုံမှ ထုတ်လုပ်ထားတဲ့ ကျွန်တော်တို့ရဲ့ TATEGOTO အမှတ်တံဆိပ်ပန်းဂျုံခေါက်ဆွဲဟာ ဓါတုပစ္စည်းများလုံးဝမပါဝင်ဘဲ၊ နိုင်ငံတကာစားသောက်ကုန်ထုတ်လုပ်မှု စံချိန်စံညွှန်း ISO 0991:2008 & HACCP နည်းစနစ်များနှင့်အညီ သန့်ရှင်းလတ်ဆတ်စွာ ထုတ်လုပ်ထားဒါကြောင့် လူမျိုးဘာသာမရွေးစားသုံးနိုင်ပြီး စားသုံသူများရဲ့ ရေရှည်ကျန်းမာရေးအတွက် အသင့်တော်ဆုံး၊ အကောင်းဆုံး သဘာဝအစားအစာအဖြစ် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။

ပန်းဂျုံခေါက်ဆွဲစားသုံးခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ အားသာချက်များကတော့

  1. အရွယ်တင်နုပျိုစေခြင်း
  2. ကိုလက်စထရောကို ချေဖျက်နိုင်၍ အဆီကိုကျစေခြင်း
  3. အစာခြေဖျက်မှုအားကောင်းခြင်း
  4.  သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း
  5. ကင်ဆာရောဂါဖြစ်ပွားမှုကို ဟန့်တားစေနိုင်ခြင်း
  6. ဆီးချို ၊ သွေးချို ရောဂါကို ကာကွယ်ပေးနိုင်ခြင်း
  7.  နှလုံးနှင့် သွေးကြောနံရံများကို ကြံ့ခိုင်သန်မာစေခြင်း
  8.  နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခြင်း
  9.  လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း တို့ဖြစ်ပါတယ်

Waaneiza မှ ရောင်းချပေးနေတဲ့ BIRUMA-NO-TATEGOTO ပန်းဂျုံခေါက်ဆွဲလုပ်စားနည်းလေးပြောပြပေးပါမယ်။ ခေါက်ဆွဲလုပ်စားရတာမခက်ပေမယ့် ပန်းဂျုံခေါက်ဆွဲနဲ့ ပြည်တွင်းစားသုံးသူတွေ မရင်းနှီးသေးတော့ လုပ်စားနည်းအမှန်လေးသိထားတော့ လုပ်စားရတာ ပိုအဆင်ပြေတာပေါ့။ ပန်းဂျုံခေါက်ဆွဲလို့ပြောလိုက်ရင် ဂျပန်စာလို့ပြေးမြင်ရလောက်အောင် ဂျပန်နိုင်ငံသူနိုင်ငံသားတွေရဲ့ လက်စွဲစားစရာတစ်မျိုးဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေ အသက်ရှည်ကျန်းမာကြတာ ပန်းဂျုံစားခြင်းကလည်း အထောက်အပံ့ဖြစ်တယ်လို့ ဆိုပါတယ်။

ပန်းဂျုံ (Buckwheat) ဆိုတာ ဘာလဲ

Waaneiza ကထုတ်တဲ့ ဒီ TATEGOTO ပန်းဂျုံခေါက်ဆွဲကလည်း ဂျပန်ပန်းဂျုံမျိုးစိတ်ကို ပြည်တွင်းမှာ (ရှမ်းပြည်နယ်) စိုက်ပျိုးပြီး ဂျပန်နည်းပညာဖြင့် ထုတ်လုပ်ထားတာကြောင့် ဂျပန်စတိုင်စားနည်းလေးတွေနဲ့ ပိုအဆင်ပြေပါတယ်။

နံပါတ်တစ်နည်းကတော့ ပန်းဂျုံခေါက်ဆွဲအအေး လုပ်စားနည်းဖြစ်ပါတယ်။ ရေကိုဆူပွက်အောင်အရင်တည်ပြီး ဆူပွက်နေတဲ့ရေနွေးထဲမှာ (၇)မိနစ် ပြုတ်ပါ။ ပြီးရင် စကာထဲကိုလောင်းထည့်ပြီး ရေနိုင်နိုင်ဆေးပါ။ ပြီးရင်ရေစစ်ထားပါ။ တွဲဖက်စားစရာ Sauce ကလည်းလုပ်ရလွယ်တာကြောင့် ကိုယ်တိုင်လုပ်ကြည့်ပါ။ Sauceပြုလုပ်မယ်ဆိုရင် ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ဇွန်း၊ ပျားရည် ၁ဇွန်း၊ ဂျင်းရည်အနည်းငယ်၊ ဆားအနည်းငယ်၊ သံပုရာတစ်ခြမ်းညစ်ထည့်ပြီး သမအောင်မွှေပေးပြီးရင် ရပါပြီ။ တခြားတွဲဖက်စားစရာ ကြက်ဥကြော်တို့ အသီးအရွက်တို့ကတော့ နှစ်သက်သလို စီစဉ်နိုင်ပါတယ်။

ခေါက်ဆွဲထုပ်မှာလည်း Instruction ရေးပေးထားလို့ လေ့လာကြည့်နိုင်ပါတယ်။ (ပျားရည်အတွက် ၁၀၀%စစ်မှန်ပြီး အရည်အသွေးထိပ်တန်းအဆင့်ကောင်းမွန်တဲ့ Myanmar Honey Farms ကထုတ်တဲ့ PURE HONEY ကို Super Markets အားလုံးနဲ့ City Express တို့မှာ လွယ်ကူစွာဝယ်ယူနိုင်ပါတယ်)။ အဲဒီSauceကို လုပ်ရတာအဆင်မပြေဘူးဆိုရင် Super Markets တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ ဂျပန်အမှတ်တံဆိပ် Sauceတွေထဲက Tempura & Noodle အတွက်ဆိုပြီးရေးထားတဲ့ ဂျပန်ပဲငံပြာရည်ကိုဝယ်ပြီး အဲဒီပဲငံပြာရည်ကို ရေအေးအေးလေးရောပြီး သုံးဆောင်နိုင်ပါတယ်။ Japanese Stores တစ်ချို့မှာ ပန်းဂျုံခေါက်ဆွဲအတွက် သီးသန့်ထုတ်ထားတဲ့ Buckwheat Noodle Sauce ရနိုင်ပါတယ်။

 

နံပါတ်နှစ်နည်းကတော့ မြန်မာစားသုံးသူတွေအကြိုက် ကြော်စားတဲ့နည်းပဲဖြစ်ပါတယ်။ သတိထားရမှာက ပန်းဂျုံခေါက်ဆွဲကဂျုံခေါက်ဆွဲတွေထက်နုညံ့တော့ အသီးအရွက်အသားတွေနဲ့ ရောကြော်လို့မရပါဘူး။ ရောကြော်လို့ရှိရင် ကြေပြီးကပ်သွားပါတယ်။ အဲဒါဆို စားရတာအဆင်မပြေတော့ပါဘူး။ ကြော်စားမယ်ဆိုရင်လည်း အရင်ဆုံး စောစောကပြောတဲ့နည်းအတိုင်း ပြုတ်ပြီးရေဆေးထားပါ။ မိမိတို့ထည့်ချင်တဲ့ အသီးအရွက် အသားတွေအားလုံးကိုအရင်ကြော်ထားပါ။ အရသာနည်းနည်းလေးထားပြီး ဆီလေးနည်းနည်းပိုထားဖို့လိုပါတယ်။ အသီးအရွက်အသားတွေနူးပြီးလို့စားရန်အသင့်ဆိုမှ ပြုတ်ပြီးသားခေါက်ဆွဲကို ရောမွှေလိုက်ပါ။ ဖြည်းဖြည်းချင်းမွှေပေးပြီး သမပြီဆိုရင် စားလို့ရပါပြီ။ အခြားလုပ်စားနည်းလေးတွေလည်းရှိပါတယ်။

ပန်းဂျုံ (Buckwheat) ဆိုတာ ဘာလဲ

တစ်ချို့Customers တွေကတော့ ပန်းဂျုံခေါက်ဆွဲရဲ့အရသာကို အရမ်းကြိုက်ကြတော့ မြန်မာမှုပြုပြီးတောကို စားကြတာတွေရှိပါတယ်။ မုန့်ဟင်းခါးဟင်းရည်၊ အုန်းနို့ခေါက်ဆွဲဟင်းရည် စတာတွေနဲ့လည်း စားကြပါတယ်။ ကိုယ်က အခုမှ ပန်းဂျုံခေါက်ဆွဲအရသာကိုစစားမယ်ဆိုရင်တော့ အထက်ကနည်းနှစ်မျိုးထဲက နှစ်သက်ရာနည်းကို ရွေးချယ်နိုင်ပါတယ်။ စားသုံးရန်အထူးသင့်တော်သူတွေကတော့ ဆီးချိုသွေးချိုသမားများ၊ ကင်ဆာသမားများ၊ အ၀လွန်သူများ၊ အဆီကျသွယ်လျှလှပလိုသူများ အဓိကစားသုံးသင့်ပြီး ခလေးငယ်များမှစ ကိုယ်ဝန်ဆောင်မိခင် သက်ကြီးရွယ်အိုများအထိ စားသုံးနိုင်ပါတယ်။

Waaneiza မှ ထုတ်လုပ်တဲ့ TATEGOTO Buckwheat Noodle (ပန်းဂျုံခေါက်ဆွဲ)ကို မြန်မာနိုင်ငံမြို့ကြီးတွေမှာရှိတဲ့ City Mart, Ocean, Market Place, Orange, Sein Gay Har, One Stop Mart, Go Green, Fuji Mart, Kyauk Myaung Mart စတဲ့ဆိုင်ကြီးများတွင် ၀ယ်ယူရရှိနိုင်ပါတယ်။

အဆီကျသွယ်လျလှပလိုသူများ နှင့် ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်ကုန်များ ရွေးချယ်စားသုံးလိုသူများအတွက် Healthy Food တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။