အရှေ့တိုင်းရဲ့ဆေးပညာသဘောအရ သင့်မျက်နှာက သင့်ကျန်းမာရေးနဲ့နေထိုင်မှုပုံစံကို ညွှန်ပြနေပါတယ်။

မျက်နှာက အလွန်အမင်းပိန်နေရင်

လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်ရင် သင့်မျက်နှာအသားအရေက လုံလောက်တဲ့ အောက်စီဂျင်မရတော့ပါဘူး။ ဒါ့ကြောင့် ပါးရိုးနေရာတွေမှာဆိုရင် အလွန်အမင်းပိန်နေတာကို တွေ့ရပါလိမ့်မယ်။ တခါတလေ အစားလျော့တာများလွန်းရင်လည်းဖြစ်တတ်ပါတယ်။

ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်းနဲ့ အစားအစာတွေကို ပြန်လည် ချင့်ချိန်သင့်ပါတယ်။

မျက်နှာ ဖောနေရင်

မျက်နှာက ကြီးနေသလို၊ ရောင်နေသလို ဖြစ်နေရင် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေနဲ့ အရက်သောက်သုံးမှုကို လျော့ချဖို့လိုအပ်ပါတယ်။

ကိုယ့်မျက်နှာကို ပိုနုလာအောင် လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အရက်သောက်တာကို လျော့ဖို့လိုအပ်ပါတယ်။

အရေးအကြောင်းများ

မျက်နှာပေါ်မှာ အရေးအကြောင်းတွေများနေတဲ့သူဟာ နေရောင်နဲ့ထိတွေ့တာများတဲ့သူဖြစ်နိုင်ပါတယ်။ နေရောင်ထဲမှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က အရေးအကြောင်းတွေကို မြန်မြန်ဖြစ်စေပါတယ်။ မျက်လုံးနားတစ်ဝိုက်က အရေပြားက ပိုပါးတာကြောင့် အဲ့နားမှာ အရေးအကြောင်းတွေပိုဖြစ်စေပါတယ်။

အသားအရေ ခြောက်သွေ့မှု

အသားအရေ ခြောက်သွေ့တာဟာ ဗီတာမင်တွေ နဲ့ သတ္တုဓာတ်တွေ ချို့တဲ့မှုကြောင့်ဖြစ်ပါတယ်။ ဒီလို ဓာတ်တွေချို့တဲ့ရင် အသားအရေရဲ့ ကျုံ့နိုင် ဆံ့နိုင်အားကို လျော့စေပြီး အသားအရေ ခြောက်သွေ့စေပါတယ်။

ဒါ့ကြောင့် ကိုယ်စားတဲ့ အစားအစာတွေမှာ လုံလောက်တဲ့ အာဟာရ မရရှိရင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့ ခရမ်တွေလိမ်းလည်း အပိုပါဘဲ။

အဝါရောင် အသားအရေ

သင့်အသားအရေက အဝါရောင်ပြောင်းလာရင် သင့်အဆုတ်မှာ သို့သွေးနီဥမှာ ပြဿနာရှိနိုင်ပါတယ်။ ဒါ့ကြောင့် အဝါရောင်ပြောင်းလာတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။

ဝက်ခြံ

အဆီဓာတ်တွေနဲ့ သကြားဓာတ်ပါတဲ့ အစားအစာကိုကြိုက်နှစ်သက်သူတွေမှာ ဝက်ခြံပိုဖြစ်တတ်ပါတယ်။ တခါတလေ ဟော်မှုန်းပြောင်းလဲမှုကြောင့် ဝက်ခြံဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် အဆီဓာတ်နဲ့ သကြားဓာတ်ကို လျော့ စားသင့်ပါတယ်။