လူတိုင်းအိပ်မက်မက်ကြပါတယ်နော်။ အိပ်မက်ကောင်းရှိသလို တခါတလေမှာ အိပ်မက်ဆိုးတွေလည်း မက်လေ့ရှိပါတယ်။ တခါတလေမှာတော့ တောင်ပေါ်ကနေ ချောက်ကမ်းပါးကို ပြုတ်ကျသွားတဲ့အိပ်မက်မျိုးလည်း မက်လေ့ရှိတတ်ကြပါတယ်။ အိပ်မက်ဟာ စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးနဲ့ ဆက်စပ်နေပြီး အိပ်မက်ကပြောတဲ့ သင့်ကျန်းမာရေးအကြောင်းကို ကြည့်လိုက်ရအောင်ပါ။

အိပ်မက်ဆိုး

ညဖက်မှာ အိပ်မက်ဆိုးတွေမက်လို့ ချွေးဒီးဒီးကျနိုးလာမယ်ဆိုရင် သတိထားသင့်ပါတယ်။ တခါတလေမှ မက်တာမျိုးမဟုတ်ဘဲ ဆက်တိုက်မက်လာပြီဆိုရင်တော့ ပိုပြီးသတိထားသင့်ပါတယ်။ လေ့လာတွေ့ရှိမှုအရ အိပ်မက်ဆိုးတွေဟာ နှလုံးရောဂါနဲ့ဆက်စပ်နေပါတယ်။ နှလုံးခုန်နှုန်းတွေမြန်လာတာ နှလုံးခုန်နှုန်းမမှန်းတာမျိုးဖြစ်စေပါတယ်။

မကြာခဏအိပ်မက်မက်ခြင်း

 

တစ်ညတည်းနဲ့ အိပ်မက်က အမျိုးမျိုးပြောင်းပြီး ၄ ၊ ၅၊ ၆ ခုလောက်မက်နေပြီး ဘာကိုမှ တိတိကျကျမမှတ်မိဘူးဖြစ်တတ်ပါတယ်။ အဲဒီလို အိပ်မက်ကို ၄ မျိုး ၅ မျိုးလောက် ဆက်တိုက်မက်တာဟာ စိုးရိမ်ပူပန်မှု စိတ်ကျရောဂါနဲပ ဆက်စပ်နေပါတယ်။

ထူးထူးဆန်းဆန်း အိပ်မက်

ထူးထူးဆန်းဆန်း အိပ်မက်တွေ မကြာခဏမက်တတ်တဲ့သူဖြစ်တယ်ဆိုရင် အာရုံကြော မူမမှန်တာမျိုး ဖြစ်စေပါတယ်။

အိပ်မက်မက်ပြီး မနက်စောစောအိပ်ယာနိုးခြင်း

မနက်စောစော ခေါင်းရင်းမှာ တကျွီကျွီလာမြည်နေတဲ့ ငှက်ကလေးလိုပဲ အိပ်မက်မက်လို့ မနက်စောစောနိုးပြီး ပြန်အိပ်လို့မရတော့တာမျိုး မကြာခဏဆိုသလို ဖြစ်တတ်ရင် စိုးရိမ်ပူပန်မှု (သို့) စိတ်ကျရောဂါနဲပ ဆက်စပ်နေပါတယ်။ ညအိပ်ယာဝင်ပြီး သိပ်မကြာခင်အိပ်မက်မက်ပြီး မနက်စောစောနိုးတတ်တဲ့သူတွေဟာ စိတ်ကျရောဂါဖြစ်နိုင်ချေပိုများပါတယ်။

တစ်ခုခုနဲ့ တိုက်ခိုက်ခံရတဲ့အိပ်မက် မကြာခဏမက်ခြင်း

ဒီလိုအိပ်မက်မျိုးမက်တာဟာလည်း ဦးနှောက်ဆဲလ်မူမမှန်တဲ့ရောဂါမျိုးနဲ့ ဆက်စပ်နေပါတယ်။ စိတ်ပညာရပ်ဆိုင်ရာအရ အခုလို ကိုယ့်ကိုတစ်ခုခုက လိုက်ကိုက်တာ လိုက်ပြီးတိုက်ခိုက်နေတဲ့အိပ်မက်မျိုးမက်တာဟာ ကိုယ့်ဘဝမှာ ကြုံတွေ့ခဲ့တဲ့ စိတ်မကျေနပ်စရာတွေကို မေ့ပျောက်ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားနိုင်ချေရှိတဲ့ လက္ခဏာရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

အိပ်မက်နဲ့ ကျန်းမာတဲ့လူနေမှုပုံစံ

အိပ်မက်ဆိုးမက်တာဟာ လူနေမှုပုံစံနဲ့လည်း ဆက်စပ်နေပါတယ်။ အိပ်မက်လှလှမက်မှ ကောင်းမွန်တဲ့ အိပ်စက်အနားယူခြင်းကို ရှရှိခံစားရမှာပါ။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာစားပေးပါ။ အိပ်မက်လှလှမက်ပြီး ရောဂါကင်းတဲ့ဘဝကို ရယူပါ။

ငှက်ပျောသီး နွားနို့ စတဲ့ အိပ်ရေးဝစေတဲ့ အိပ်မက်လှလှမက်စေတဲ့ အစားအစာတွေစားပေးပါ။  အားလုံးပဲ အိပ်မက်လှလှမက်ကြပါစေ။