ရေမဟုတ်တဲ့ ဂက်စ်ပါတဲ့၊ သကြားတွေ အများကြီးထည့်ထားတဲ့ အချိုရည် နဲ့ ကော်ဖီတို့က ခန္ဓာကိုယ်ကို ရေထက်ပိုပြီး ဆိုးကျိုးသက်ရောက်မှုများပါတယ်။

ဒါကြောင့် တစ်နေ့လုံး သောက်လေ့ရှိတဲ့ ကော်ဖီ၊ ဂက်စ်ပါတဲ့အချိုရည်၊ အအေးတွေကို သောက်မယ့်အစား ရေဘဲ သောက်လိုက်မယ်ဆိုရင် ရရှိလာမယ့် ကောင်းကျိုးတွေကို ဝေမျှချင်ပါတယ်။

ကိုယ်အလေးချိန် လျင်မြန်စွာကျဆင်းမယ်

တခြား အအေးတွေ ကော်ဖီတွေ အစရှိတဲ့ သောက်စရာတွေကို ဖြတ်လိုက်ပြီး ၉ရက်လုံးလုံး ရေဘဲသောက်မယ်ဆိုရင် ၄မိုင်ကျော် (8 km) Jogging ၁ ရက်လုပ်တာနဲ့ ညီမျှပါတယ်။

ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေ

မနက်မိုးလင်း အိပ်ရာထရင် ရေ တစ်ခွက် (0.5) လီတာ သောက်ရင် ဇီဝကမ္မဖြစ်စဉ်တွေရဲ့ ၂၄ ရာခိုင်နှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ကျန်းမာသန်စွမ်းစေပါတယ်။

ဦးနှောက်က ပိုထက်လာ

ဦးနှောက်ရဲ့ ၇၅-၈၅ ရာခိုင်နှုန်းက ရေဓာတ်လိုအပ်တာကြောင့် ဦးနှောက်သုံးရလေလေ ရေကို များများ သောက်သင့်ပါတယ်။ ရေသောက်များလေလေ အာရုံစူးစိုက်မှုကောင်းလေဖြစ်ပါတယ်။

အစာ စားသုံးမှု နည်းလာ

ရေသောက်တာများရင် ခဏခဏ ဗိုက်ဆာတာမျိုးမရှိတော့ဘဲ ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အလွယ်တကူ ဖယ်ရှားနိုင်

ရေက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အရာတွေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ပိုပြီး အရွယ်တင်နုပျိုစေပါတယ်။

ရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေး

ရေကို ပုံမှန်သောက်ပေးရင် သွေးတိုးရောဂါ၊ ဆီးအိမ်ဆိုင်ရာ ရောဂါတွေနဲ့ အူမကြီးကင်ဆာတို့ကိုလည်း ကာကွယ်ပေးပါတယ်။

နှလုံး ကျန်းမာရေးအတွက်ကောင်းမွန်

တစ်နေ့ကို ရေ ၅ ခွက်သောက်ရင် နှလုံးရောဂါဖြစ်ပွားပြီး နှလုံး ရုတ်တရပ် ရပ်တန့်မှု (Hear Attack)ဖြစ်ပွားနိုင်ချေ ၄၁ ရာခိုင်နှုန်းကို လျော့ချပေးပါတယ်။

အသားအရေ ပိုနူးညံ့ပြီး ကြည်လင်လာ

ရေက အသားအရေတွေကို ပိုပြီး ကြည်လင်လာအောင် လုပ်ဆောင်ပေးပြီး စိုပြေစေပါတယ်။

ပိုက်ဆံလည်း အများကြီး စုမိလာ

ဒါကတော့ အမှန်ပါဘဲ။ ရေက တခြား သောက်စရာတွေထက် ဈေးပိုသက်သာပါတယ်။ (တန်ဖိုးနည်း အရက်တွေတော့ မပါဘူးပေါ့နော်။) စားသောက်ဆိုင်မှာထိုင်ရင် အနည်းဆုံး အအေးတစ်ခွက်ကို ၂၀၀၀ လောက်ပေးရပေမယ့် ရေတစ်ဗူးမှ ၃၀၀ ကနေ ၅၀၀ကျပ်ကြားဘဲ ရှိတာကြောင့် ကျန်းမာရေးနဲ့ ကောင်းမွန်တဲ့ရေကိုဘဲ ရွေးချယ်ပြီး ပိုက်ဆံစုကြတာပေါ့။