မနက်ခင်းအိပ်ယားနိုးတဲ့အခါ ရေတစ်ခွက်ထဲကို ဆားစားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သောက်ဖူးပါသလား။ ဒီလိုသောက်တာကတော့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

အဆိပ်အတောက်ကင်းစင်စေခြင်း

အဲဒီမှာပါတဲ့ သတ္တုဓါတ်တွေဟာ ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ရေဓါတ် ထိန်းပေးခြင်း

ရိုးရိုးရေချည်းကိုပဲသောက်တာကလည်း ခန္တာကိုယအတွက်ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ရေထဲကို ဆားထည့်ပြီးသောက်တာက ပိုပြီးအထောက်အကူဖြစ်ပါတယ်။ ဆားဟာ ရေဓါတ်ကို စုပ်ယူနိုင်ပြီး ရေဓါတ်ထိန်းပေးတာကြောင့် ရေဓါတ်ထိန်းသိမ်းမှုပိုကောင်းပါတယ်။

အစာချေစနစ်

ဆားဟာ ခံတွင်းက တံတွေး ဂလင်းကို လှုံ့ဆော်ပေးပြီးတော့ ပရိုတင်းဓါတ်ထုတ်ပေးပါတယ်။ ဒါ့ကြောင့် အစာချေရာမှာ ပိုမိုလွယ်ကူစေပြီးတော့ အစာမကြေဖြစ်တာကို သက်သာစေသလို ဝမ်းမှန်စေပါတယ်။

အိပ်မောကျစေခြင်း

အိပ်မပျော်ဘူးဖြစ်နေသူတွေအတွက် ဆားရေက အဖြေပါပဲ။ ဆားရေကိုသောက်ပေးတာဟာ အာရုံကြောစနစ်ကို တည်ငြိမ်စေပြီးတော့ အိပ်မောကျစေပါတယ်။

အရိုးကျန်းမာရေး

ဆားရေကိုသောက်တာဟာ အရိုးအတွက် ကောင်းမွန်ပါတယ်။

အသားအရေ

ဆားရေဟာ အသားအရေ ကျန်းမာပြီး လှပစေဖို့အကူအညီပေးပါတယ်။ ဝက်ခြံ အဖုအပိတ်နဲ့ နှင်းခူတွေကို သက်သာစေပြီးတော့ အသားအရေ ချောမတ်ကြည်လင်စေမှာဖြစ်ပါတယ်။