လူငယ်တွေဆိုတော့ ငယ်ရွယ်နေတဲ့အချိန်မျိုးမှာ အပျော်အပါးဆိုတာတော့ရှိနိုင်တာပဲလေ။ ပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့စုပြီး သောက်စားကြတာမျိုးတွေကတော့ လူငယ်သဘာဝဆိုတော့ရှိတတ်တယ်လေ။ အပျော်ပါးလွန်ပြီး နောက်နေ့မနက်မှာ အရက်နာကျနေတာမျိုးတွေလည်း ခံစားရနိုင်တာကြောင့် ဒီလိုတွေဖြစ်လာပြီဆိုရင် သက်သာအောင်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကိုလည်း သိထားဖို့ကလိုအပ်ပါသေးတယ်နော်။

ချင်းကိုရေနွေးထဲထည့်ပြီးတော့ သောက်ပေးဖို့လိုပါလိမ့်မယ်။ ချင်းက ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကိုလည်း ပြေလျော့စေနိုင်ပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်သွားစေပါတယ်။ အရက်နာကျနေတဲ့အချိန်မျိုးမှာ သောက်ပေးမယ်ဆိုရင် ဦးနှောက်ပြန်လည်လန်းဆန်းလာစေပြီး သက်သာစေမှာပဲဖြစ်ပါတယ်။

အုန်းရေကိုလည်း သောက်ပေးလို့ရပါတယ်။ အရက်နာကျတယ်ဆိုတာမျိုးက ခန္ဓာကိုယ်ထဲကိုအရက်တွေများစွာဝင်သွားပေမယ့် ရေများများပြန်မသောက်မိတာမျိုးကြောင့် ရေဓာတ်ခမ်းခြောက်ပြီး မူးဝေတာမျိုးတွေဖြစ်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ရေဓာတ်ကိုပြန်လည်ပြည့်ဝစေမယ့် အုန်းရေကိုများများသောက်ပေးလိုက်တဲ့အခါမှာ ပြန်လည်ကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။

တော်တော်များများကတော့ အရက်နာကျနေတဲ့အချိန်မှာ ကော်ဖီသောက်ပေးလို့ရတယ်ဆိုတာကို မေ့နေတတ်ပါတယ်။ ကော်ဖီထဲမှာပါဝင်နေတဲ့ ကဖင်းဓာတ်က ဦးနှောက်ကိုလန်းဆန်းစေတာကြောင့် အရက်နာကျနေတဲ့အချိန်မျိုးတွေမှာ သောက်ပေးလို့ရတယ်နော်။

ရေခဲစားပေးပါ။ အရက်နာကျနေတဲ့အချိန်မှာ ရေဓာတ်ပြည့်ဝစေဖို့အဓိကလုပ်ပေးရမှာဖြစ်တဲ့အတွက်ကြောင့် စားလိုက်တဲ့အခါမှာလည်း လန်းဆန်းစေပြီး ရေဓာတ်ကိုပြည့်ဝစေနိုင်တဲ့ ရေခဲကိုများများစားပေးလိုက်ဖို့ လိုအပ်ပါတယ်နော်။

Photo Source: Pinterest