ညအိပ်ယာမဝင်ခင် သွားတိုက်သင့်တယ်ဆိုတာကို လူတိုင်းသိကြပေမယ့် လူတိုင်းလိုက်မလုပ်ကြပါဘူး။ တစ်နေ့တာလုံး ရုန်းကန်လှုပ်ရှားမှုတွေနဲ့ ပင်ပန်းနေပြီမို့ ညဘက်မှာ သွားတိုက်ဖို့ မေ့နေတတ်ကြသလို၊ ညဘက်မှာ အစာစားပြီး သွားမတိုက်ဘဲ အိပ်မိတဲ့ နေ့တွေလည်း အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ရှိဖူးကြမှာပါ။ ညဘက်သွားမတိုက်ဘဲ အိပ်ယာဝင်တာဟာ သင့်ခံတွင်းအတွက် ဆိုးကျိုးဖြစ်စေပါတယ်။

ဘာလို့သွားတိုက်သင့်သလဲ

brushing-teeth-2103219_960_720

သွားတိုက်ခြင်းဟာ အဓိကအားဖြင့် သင့်ရဲ့ သွားမျက်နှာပြင်ကို သန့်ရှင်းရေးလုပ်ပေးပြီး၊ သွားချေးတွေ မဖြစ်ပေါ်အောင်ကာကွယ်ပေးပါတယ်။ သွားတိုက်ဆေးမှာ မိုက်ခရိုကယ်လ်ဆီယမ်နဲ့ ဖလိုရိုက်ဒ်ပါဝင်ရင်တော့ သင့်ရဲ့ သွားတွေကို ပိုပြီးသန်မာစေပြီး သွားပိုးပေါက်ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

ထို့အပြင် သင့်ရဲ့ သွားမျက်နှာပြင်ပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို လျော့နည်းသွားစေပါတယ်။ သွားကို ၂ မိနစ်လောက် အချိန်ယူပြီးတိုက်ပေးရင် ပိုကောင်းပါတယ်။

သွားမတိုက်ဘဲအိပ်ယာဝင်ခြင်း၏ ဆိုးကျိုး

pexels-photo-101523

သွားမတိုက်ဘဲ အိပ်ယာဝင်ရင်တော့ သွားချေးဖြစ်စေတဲ့ ဘက်တီးရီးယားတွေဖြစ်ပေါ်ပြီး အဲဒီဘက်တီးရီးယားတွေဟာ စားကြွင်းစားကျန်များကို စားသုံးပြီး အက်ဆစ်ဓာတ်ထုတ်ပေးပါတယ်။ အဲဒီအက်ဆစ်ဓာတ်တွေက သင့်ရဲ့ သွားတွေကို ဖျက်ဆီးပစ်ပြီး သွားပိုးပေါက်တွေဖြစ်စေသလို၊ သွားချေးတွေလည်းတက်လာစေပါတယ်။ ညဘက်မှာ ညစာ (သို့) သရေစာစားပြီး အိပ်ယာမဝင်ခင် သွားမတိုက်ဘဲ မနက်မှ သွားတိုက်မယ်ဆိုရင်တော့ ဘာမှထူးမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘက်တီးရီးယားတွေက သင့်ရဲ့ သွားတွေကို စိတ်ကြိုက်ဖျက်ဆီးပြီး ဖြစ်နေလို့ပါ။

1280px-Family_eating_a_meal_(2)

ညဘက်ဟာ သင့်ရဲ့သွားလေးတွေ အနားယူပြီး ပြန်ပြီး တည်ဆောက်နေတဲ့အချိန်မို့ သင့်ရဲ့ သွားလေးတွေအတွက်ရော ခံတွင်းကျန်းမာရေးအတွက်ရော သိပ်အရေးကြီးပါတယ်။ ဒါ့ကြောင့် ညအိပ်ယာမဝင်ခင်မှာ သွားကို ဆစ်ဂနယ်လိုမျိုး ကယ်လ်ဆီယမ်နဲ့ ဖလိုရိုက်ဒ်ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ ပုံမှန်တိုက်ပေးသင့်ပါတယ်။

person-2248567_960_720

သင့်သွားကျန်းမာရေးအတွက် ကယ်လ်ဆီယမ်နဲ့ ဖလိုရိုက်ဒ် ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ပုံမှန်တိုက်ပေးပြီး သွားပိုးစားခြင်း၊ သွားတွေထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်လိုက်ပါ။

Featured Image Source: Mental Floss