ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဖက်တီးအက်ဆစ် (Fatty Acids) ကို ကြက်ဥတွေမှာ တွေ့နိုင်ပါတယ်။ ဖက်တီးအက်ဆစ်က ဘာလို့အရေးကြီးသလဲဆိုရင် ဖက်တီးအက်ဆစ်ချို့တဲ့ရင် ကိုယ်ခံအားစနစ် လျှော့နည်းတာ၊ ကြွက်သားအားနည်းတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အရေပြားနဲ့ ဆံသား အားနည်းတာတွေ ဖြစ်ပေါ်စေပါတယ်။

Hard-Boiled-eggs-375x300

ဒီတော့ ကြက်ဥကို တစ်နေ့ ၃ လုံးလောက် စားပေးသင့်ပါတယ်။

ကြက်ဥကို တစ်နေ့ ၃ လုံးစားရင် ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ။

စွမ်းဆောင်ရည်ကို တိုးတက်စေခြင်း

ကြက်ဥမှာ ပရိုတင်းဓါတ်အပြင် အဟာရဓါတ်တွေ အများအပြားပါဝင်ပါတယ်။ ကြက်ဥဟာ တစ်နေ့တာလုံးဖြစ်လာမဲ့ စိန်ခေါ်မှုတွေအတွက် အကောင်းဆုံးမနက်စာပါပဲ။

ဦးနှောက်ကျန်းမာရေး

ကြက်ဥမှာပါဝင်တဲ့Choline ဓါတ်ဟာ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။ သက်ကြီးရွယ်အိုတွေအတွက်လည်း အထူးကောင်းမွန်တာမို့ ကြက်ဥကိုစားပေးသင့်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆို တစ်နေ့ကို ကြက်ဥအနည်းဆုံး တစ်နေ့ စားသုံးပေးကြပါတယ်။

ကိုယ်အလေးချိန်လျှော့ချပေးခြင်း

ကြက်ဥဟာ ပုံမှန်စားနေကြမနက်စာထက် အစားစားချင်စိတ်ကို ပြေပျောက်စေပါတယ်။ ဒါ့ကြောင့် အဝလွန်သူတွေဟာ ကြက်ဥကို မနက်စာအဖြစ်စားသုံးပေးသင့်ပါတယ်။ အဲဒီလိုစားပေးတာဟာ ကိုယ်အလေးချိန် လျှော့ကျစေပါတယ်။

ဆံပင်နဲ့ ခြေသည်းလက်သည်း

ကြက်ဥကိုစားပေးတာဟာ ဆံပင်ကို အရှည်မြန်စေပါတယ်။ ဘာလို့လဲဆိုတော့ ကြက်ဥမှာ ဇင့်၊ ဆာလ်ဖာ ၊ ဗီတာမင် B12 နဲ့ ဗီတာမင် A စတဲ့ဓါတ်တွေပါဝင်နေလို့ပါပဲ။ ဒါ့အပြင် ကျန်းမာသန်စွမ်းတဲ့ ခြေသည်းလက်သည်းတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

မျက်စိအတွင်းတိမ်ဖြစ်ခြင်းကို ကာကွယ်ပေးခြင်း

ကြက်ဥကို စားပေးတာဟာ မျက်လုံးအတွင်းတိမ်ကို၂၀% ထိ လျှော့ကျစေပါတယ်။ ကြက်ဥမှာ Lutein နဲ့ Zeazanthin စတဲ့ Antioxidant (ဓါတ်တိုးဆန့်ကျင်ပစ္စည်း) တွေပါဝင်လို့ မျက်လုံးကျန်းမာရေးကို များစွာအထောက်အကူပြုစေပါတယ်။