[Unicode]

ကိုယ်နေ့စဉ်စားနေတဲ့အစားအစာတွေထဲ အသားကို လုံးဝမစားတော့တဲ့အခါ ဘာဖြစ်မလဲ။ ဒါဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့သာမကဘဲ ရောဂါအမျိုးမျိုးကနေလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

intro

ရာသက်ပန်သက်သက်လွတ်စားတာတွေတောင် ရှိပြီး ဒါဟာ ကျန်းမာရေးအတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ရော တကယ်ကို ကောင်းမွန်ပါတယ်။

ကိုယ်အလေးချိန် လျှော့ချနိုင်မယ်

you-might-lose-some-weight

အသားတွေမစားတော့ဘဲ သင်းသီးဟင်းရွက်တွေ သက်သက်လွတ်ပဲစားတဲ့အခါမှာ ၄၄ ပတ်အတွင်း ၁၀ ပေါင်လောင် လျှော့ချနိုင်ပါတယ်။ ဒါဟာ လေ့ကျင့်ခန်းလုံးဝလုပ်စရာမလိုဘဲ ကျသွားမဲ့အလေးချိန်ပါ။

အသားအရေ ပိုပြီးလှပလာမယ်

you-may-start-to-have-better-skin

ဗီတာမင်ဓါတ်ကြွယ်ဝတဲ့ အသီးအနှံ ဟင်းသီးဟင်းရွက်တွေကိုစားတဲ့အခါမှာ အသားအရေက ပိုပြီးလှပလာပါလိမ့်မယ်။

ကင်ဆာရောဂါဖြစ်ပွားမှု နည်းသွားမယ်

it-may-help-prevent-cancer

သုတေသနပြုချက်အရ အသားကိုလုံး၀ ရှောင်လိုက်တာဟာ ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

ကျန်းမာရေးကောင်းမွန်လာမယ်

your-other-important-organs-will-like-it-too

အသားကိုလုံးဝမစားတော့တဲ့အခါ ကိုလက်စထရောပမာဏ လည်းလျှော့ကျ လာပြီး နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ လေဖြတ်ရောဂါတွေဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

သွေးတိုးလည်းကျစေပြီး ဆီးချိုအတွက်လည်းကောင်းမွန်ပါတယ်။ ဒါ့အပြင် တခြားကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုပါတယ်။

စိုးရိမ်ပူပန်မှု (သို့) စိတ်ကျဝေဒနာတွေကို သက်သာစေမယ်

your-mood-might-change

အသီးအရွက်တွေပဲစားသုံးတာဟာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ပိုမိုတိုးတက်လာပြီး စိုးရိမ်ပူပန်မှုတွေ စိတ်ကျဝေဒနာတွေကနေ ကင်းဝေးစေမှာပါ။

ဒီတော့ သက်သက်လွတ်စားဖို့ အဆင်သင့်ဖြစ်ပြီလား။

[Zawgyi]


intro
















your-mood-might-change

