နေရောင်နဲ့အသားအရေထိတွေ့တဲ့အခါ ခန္ဓာကိုယ်မှ ဗီတာမင်ဒီကို စတင်ထုတ်လုပ်တာဖြစ်ပြီး ကိုယ်အတွင်းမှ အင်္ဂါအစိတ်အပိုင်းများ နဲ့ တစ်သျှူးများ ပုံမှန်လုပ်လုပ်ဖို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို လုံလုံလောက်လောက် ထိတွေ့မှုမရှိတဲ့သူတွေမှာ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အရိုးအားနည်းခြင်း

အရိုးအတွက်လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်ဟာ ဗီတာမင်ဒီအကူအညီနဲ့ အူကလီစာအသေးလေးတွေမှာ စုပ်ယူထားပါတယ်။ ဗီတာမင်ဒီထုတ်လုပ်ပေးတဲ့ နေရောင်ခြည်ကို သေချာမရရှိဘူးဆိုရင် ကယ်လ်စီယမ်စုပ်ယူမှုအားကလည်း နည်းပါးသွားလို့ အရိုးတွေလည်း အားနည်းလာပါတယ်။

ခြေထောက်အင်္ဂါချို့ယွင်းလာခြင်း

ဗီတာမင်ဒီက အစာခြေချက်ရင်းဖြင့် ဖော့စ်ဖောရပ်၊ ကယ်လ်စီယမ်တို့ကို စုပ်ယူမှုအား လွယ်ကူချောမောစေတာကြောင့် အရိုးတွေမှာ ကယ်လ်စီယမ်လျော့နည်းလာတဲ့အခါ အရိုးပုံစံမမှန်ခြင်းနဲ့ အင်္ဂါချို့ယွင်းလာမှုတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အူမကြီးကင်ဆာ

နေရောင်ခြည်နဲ့ထိတွေ့မှုနည်းပါးလို့ ဗီတာမင်ဒီဆဲလ်များ မလုံလောက်ခြင်းက အူမကြီးကင်ဆာဖြစ်ပွားမှုကို ဖြစ်လာစေနိုင်ပါတယ်။

စိတ်ဓာတ်ကျခြင်း

ယနေ့အချိန်မှာ လူအများစုဟာ ကွန်ပျူတာရှေ့ငုတ်တုပ်ထိုင်ပြီး တနေကုန်အလုပ်လုပ်ရပါတယ်။ နားချိန်ရှိရင်တောင် တီဗွီကြည့်၊ ဂိမ်းကစားခြင်းတို့ကိုသာ ပြုလုပ်ပြီး လမ်းလျှောက်ထွက်ခြင်း၊ အပြင်သွားခြင်းတို့ လုပ်တာနည်းပါးလာပါတယ်။ အလင်းရောင်က စိတ်ပျော်ရွှင်မှုကို ဖြစ်စေနိုင်လို့ နေရောင်ခြည်လုံလုံလောက်လောက်မရရင် စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ပေါ်ပေါက်လာနိုင်ပါတယ်။

အသားအရေပြဿနာများ

နေရောင်ခြည်မှာ ဗီတာမင်ဒီပါဝင်လို့ အနီပိမ့်များထသည့် အရေပြားရောဂါ၊ ဝက်ခြံ နှင့် အခြားအသားအရေပြဿနာများ ပျောက်ကင်းဖို့အတွက် ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့ခြင်းက အထိရောက်ဆုံးပါပဲ။

ကိုယ်အလေးချိန်တက်လာခြင်း

ကြွက်သားအားနည်းခြင်း၊ အရိုးနာကျင်ခြင်း၊ အရိုးဖွဲ့စည်းမှုမမှန်ခြင်းတို့ကို ကယ်လိုရီလောင်ကျွမ်းမှုကို ခက်ခဲလာစေနိုင်လို့ ကိုယ်အလေးချိန်တက်လာ စေနိုင်ပါတယ်။ ဗီတာမင်ဒီက ဦးနှောက်သို့ အချက်ပြခြင်းများ ရောက်ရှိအောင် ကူညီပေးလို့ ချို့တဲ့လာပြီဆိုရင် ကိုယ်အလေးချိန်မှာ ပြဿနာဖြစ်လာ နိုင်ပါတယ်။

Source: BrightSide