ယနေ့ခေတ်သန်းပေါင်းများစွာသောသူများသည် ကော်ဖီတခွက်ကိုပုံမှန်သောက်၍ မိမိတို့၏တနေ့တာကို စတင်နေကြပါသည်။ အနံ့၊ အရသာနှင့် ပြည့်စုံသောကော်ဖီကို လူအများအပြားက နှစ်သက်စွဲမြဲစွာ သောက်သုံးနေကြသလို အချို့သူများကလည်း ကျန်းမာရေးအခြေအနေများကြောင့် သောက်သုံးကြပါသည်။ သင့်တင့်မျှတစွာသောက်သုံးပေးပါက ကော်ဖီသည် အသည်းကျန်းမာရေးကိုတိုးစေ၍ လန်းဆန်းတက်ကြွမှုကို ပေးစွမ်းနိုင်ပါသည်။

သို့ရာတွင် ကော်ဖီကိုအလွန်အကြူး မက်မက်မဲမဲသောက်သုံးမိသည့်အခါ အမျိုးစုံသောကျန်းမာရေးဆိုင်ရာထိခိုက်မှုများကို ဖြစ်ပေါ်လာစေနိုင်ပါသည်။ ထို့ကြောင့် သတ်မှတ်ထားသည့်ပမာဏထက် ကော်ဖီကိုအလွန်အကျူးသောက်သုံးမိသည့်အခါ ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုး (၁၀) ခုကို ဝေမျှပေးလိုက်ရပါတယ်။

၁။ ကိုလက်စထရောပမာဏကိုတိုးစေခြင်း

ပုံမှန်ကော်ဖီထက် စနစ်တကျစစ်ထုတ်ထားခြင်းမရှိသည့် ကော်ဖီကိုသောက်သုံးမိပါက ကိုလက်စထရောပမာဏကို မြင့်တက်စေနိုင်ပါတယ်။ အကယ်၍သင့်တွင် နဂိုမူလကတည်းက မြင့်မားသည့်ကိုလက်စထရောရှိပါက ကော်ဖီသောက်သုံးသည့်ပမာဏကို ကန့်သတ်ခြင်း သို့မဟုတ် စစ်ထုတ်ထားခြင်းမရှိသည့်ကော်ဖီသောက်သုံးမှုကို ရှောင်ရှားခြင်းတို့ကို ပြုလုပ်စေလိုပါတယ်။

၂။ အိပ်မပျော်မှုကိုဖြစ်ပေါ်စေခြင်း

နေ့လည်၏နောက်ပိုင်းအချိန်များ သို့မဟုတ် အိပ်ချိန်နှင့်နီးကပ်နေသည့်အချိန်များတွင် ကော်ဖီသောက်သုံးမိပါက အလွယ်တကူအိပ်ပျော်စေနိုင်မည်မဟုတ်ပေ။ ကော်ဖီတွင်ပါဝင်သည့် ကဖင်းဓာတ်သည် နိုးကြားမှု၊ တုန်ယင်မှု၊ မူးဝေမှု နှင့် အိပ်မပျော်မှု အစရှိသည့်လက္ခဏာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၃။ စိုးရိမ်ကြောင့်ကြမှု နှင့် အထိတ်တလန့်ဖြစ်မှုတို့ကိုတိုးစေနိုင်ခြင်း

ကဖင်းဓာတ်သည် သင့်ကိုနိုးနိုးကြားကြားရှိစေ၍ အာရုံစူးစိုက်မှုမြင့်တက်ရန်အတွက် ကူညီပေးနိုင်သော်လည်း အလွန်အကျူးသောက်သုံးမိပါက သင့်စိတ်ခံစားမှုဆိုင်ရာမှာ အနှောင့်အယှက်ပေးလာနိုင်ပါတယ်။ ထိုမှတဆင့် စိုးရိမ်ကြောင့်ကြခြင်း၊ အထိတ်တလန့်ဖြစ်ခြင်း စသည့်လက္ခဏများကို ဖြစ်ပေါ်လာစေနိုင်ပြီး သင့်တနေ့တာကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

၄။ အသည်းပျက်စီးစေနိုင်ခြင်း

ကော်ဖီသည် အသည်းကို အရည်များများထုတ်လွှတ်ရန် တွန်းအားပေးသည့်အတွက် သင့်ကိုဆီးမကြာခဏသွားစေနိုင်ပါတယ်။ ကဖင်းဓာတ်သည် သွေးမှပြန်လည်စုပ်ယူသည့်အရည်ကို အနှောင့်အယှက်ပေးနိုင်သည့်အတွက် အချိန်ကြာလာပါက သင့်အသည်းကို သက်ရောက်မှုရှိလာစေနိုင်ပါတယ်။

၅။ အရိုးများအားနည်းစေခြင်း

ကော်ဖီသောက်သုံးမှုလွန်ကဲခြင်းသည် အရိုးများကြွပ်ဆပ်ခြင်း၊ အရိုးပွခြင်းစသည့် အရိုးကျန်းမာရေးဆိုင်ရာရောဂါများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကဖင်းဓာတ်ပမာဏများပြားခြင်းသည် ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်းအားကို နှောင့်ယှက်နိုင်သည့်အတွက် အရိုးပွရောဂါကို ဖြစ်လာစေနိုင်ပါတယ်။

၆။ သွေးပေါင်ချိန်နှင့်နှလုံးခုန်နှုန်းကို မြင့်တက်စေခြင်း

၇။ ရင်ပူမှုကိုဖြစ်ပေါ်စေခြင်း

အက်စစ်ပြန်စီးခြင်းနှင့် ရင်ပူခြင်းတို့သည် ကော်ဖီသောက်သုံးမှုလွန်ကဲခြင်းမှတဆင့် ဖြစ်ပေါ်လာကာ ထိုကဲ့သို့ အစာအိမ်ပိုင်းဆိုင်ရာရောဂါများရှိသူများ ကော်ဖီသောက်သုံးမှုကို လုံးဝရှောင်ရှားသင့်ပါတယ်။

၈။ ခံတွင်းနံ့ကိုဆိုးရွားစေခြင်း

ကော်ဖီတွင် ရေဓာတ်ကုန်ခမ်းမှုကိုဖြစ်ပေါ်စေသည့် သဘာဝရှိသည့်အတွက် ခံတွင်းကိုခြောက်သွေ့စေ၍ သွားရည်ဖြစ်ပေါ်မှုကို နည်းပါးစေကာ ခံတွင်းနံ့ကိုဆိုးရွားစေမည့် ဘတ်တီးရီယားပေါက်ဖွားမှုကို တိုးပွားစေနိုင်ပါတယ်။