အားလုံးပဲ မင်္ဂလာပါ။ အိပ်စက်ခြင်းက လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ အိပ်မက်ဆိုးတွေက ဘယ်အချိန်မှာ မက်လေ့ရှိသလဲ၊ ပြီးတော့ အိပ်မက်တွေက လူသားတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ စတဲ့အကြောင်းအရာများကို ဗဟုသုတအဖြစ် အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်နော်။

၁။ ရနံ့တွေက အိပ်မက်ကောင်းတွေ မက်အောင်ပြုလုပ်ပေးပါသလား

Photo Source: www.goodhousekeeping.com

သုတေသနပညာရှင်တွေရဲ့လေ့လာချက်များအရ အနံ့အသက်ကောင်းများက အိပ်မက်ကောင်းတွေမက်အောင်ပြုလုပ်ပေးပါတယ်။ ဒီစမ်းသပ်ချက်ကို ပြုလုပ်ဖို့အတွက် နှင်းဆီနံ့တွေသင်းနေတဲ့ အခန်းနဲ့ ကြက်ဥပုပ်နံ့ နံတဲ့အခန်းထဲမှာ စမ်းသပ်လေ့လာခဲ့ပါတယ်။ နှင်းဆီရနံ့သင်းသင်းထဲမှာ အိပ်ရတဲ့သူတွေက အိပ်မက်ကောင်းလေးတွေမက်ကြပြီး ကြက်ဥပုပ်နံ့ အခန်းထဲက လူတွေကတော့ အိပ်မက်ဆိုးတွေ မက်ကြပါတယ်။

၂။ အိပ်မက်များက ဦးနှောက်မှတ်ဉာဏ်စွမ်းအားကောင်းမွန်အောင် ကူညီပေးနိုင်ပါသလား

Photo Source: www.mamamia.com.au

သုတေသနပညာရှင်များကတော့ အိပ်မက်များက အိပ်စက်ခြင်းရဲ့အခန်းကဏ္ဍတစ်ခုဖြစ်တယ်လို့ ယူဆကြပါတယ်။ အခြားသုတေသနပညာရှင်များကလည်း အိပ်မက်များက မှတ်ဉာဏ်များကို ကြာရှည်သိုလှောင်ထားနိုင်ပြီး ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ပါသေးတယ်။

၃။ အချို့ဆေးဝါးတွေက အိပ်မက်ဆိုးမက်စေပါသလား

Photo Source: doktertampan.com

ဟုတ်ပါတယ်။ အချို့ဆေးဝါးများက အာရုံကြောစနစ်ကိုကမှောက်ကမဖြစ်စေပြီး အိပ်မက်ဆိုးမက်စေပါတယ်။

၄။ အမျိုးသမီးနဲ့ အမျိုးသားမှာ ဘယ်သူကအိပ်မက်ဆိုးပိုမက်လေ့ရှိသလဲ

Photo Source: www.self.com

အိပ်စက်ခြင်းကိုလေ့လာတဲ့အခါမှာ အမျိုးသမီးများက အမျိုးသားများထက် ကြောက်ဖို့ကောင်းတဲ့အိပ်မက်များကို ပိုမက်ကြပါတယ်။ အမျိုးသမီးများက အမျိုးသားများထက် အိပ်မက်တွေကို ပိုမှတ်မိတာကြောင့်ပဲလား၊ ဒါမှမဟုတ် သဘာဝတရားကြောင့်ပဲလားဆိုတာကိုတော့ သုတေသနပညာရှင်များက လေ့လာနေဆဲဖြစ်ပါတယ်။

၅။ အိပ်မက်များကို အဓိပ္ပာယ်ပြန်ရတာ လွယ်ကူထင်လို့ထင်ပါသလား

Photo Source: www.4remedy.com

အချို့အိပ်မက်များကတော့ သင်တစ်စုံတစ်ယောက်အပေါ်မှာ ဘယ်လိုခံစားနေရလဲဆိုတာကို တိုက်ရိုက်ပြောပြနိုင်ပြီး တချို့အိပ်မက်များကတော့ ရှုပ်ထွေးဆန်းကြယ်လှပါတယ်။ အိပ်မက်အနက်ပြန်တဲ့ ကျမ်းများရှိသော်လည်း ကိုယ့်အိပ်မက်က ဘယ်လိုအဓိပ္ပာယ်သက်ရောက်သလဲဆိုတာတော့ သေချာစဉ်းစားဖို့လိုပါတယ်။

၆။ အိပ်မက်လုံးဝ မမက်တဲ့သူတွေရှိတယ်ဆိုတာ ဟုတ်ပါသလား

Photo Source: depositphotos.com

အိပ်မက်လုံးဝ မမက်တဲ့သူဆိုတာမရှိပါဘူး၊ လူတိုင်းအိပ်မက် မက်ကြပါတယ်။ မနက်နိုးလာတဲ့အချိန်မှာ အိပ်မက်တွေကို မေ့သွားတာကြောင့် သူတို့ကိုယ်သူတို့ အိပ်မက်လုံးဝမမက်ဘူးလို့ ထင်ကြတာပါ။

၇။ မွေးရာပါ မျက်စိမမြင်ရသူများက ရုပ်ပုံသဏ္ဍာန်အိပ်မက်များကို မြင်မက်ကြပါသလား

Photo Source: www.flickr.com

လေ့လာချက်များအရ မွေးရာပါမျက်စိမမြင်ရသူများက ရုပ်ပုံသဏ္ဍာန်အိပ်မက်များ မမက်ကြပါဘူး။ ကလေးငယ်ငယ်အရွယ်မှာ အကြောင်းတစ်ခုခုကြောင့် မျက်စိကွယ်သွားသူတွေလည်း အတူတူပါပဲ။ ဒါပေမဲ့ အသက်အရွယ်ကြီးမှ မျက်စိကွယ်သွားသူတွေကတော့ အိပ်မက်ထဲမှာပုံသဏ္ဍာန်မျိုးစုံမြင်တွေ့ပြီး အိပ်မက် မက်ကြပါသေးတယ်။

၈။ REM ( Rapid Eye Movement) အဆင့်မှာပဲ အိပ်မက် မက်ကြတာလား

Photo Source: www.gnet.org

အိပ်စက်တဲ့အခါမှာ မျက်လုံးလျင်မြန်စွာရွေ့လျားမှုရှိတဲ့အဆင့် REM နဲ့ မျက်လုံးရွေ့လျားမှုမရှိတဲ့အဆင့် NREM တို့က တစ်လှည့်စီဖြစ်ပေါ်နေပါတယ်။ အိပ်စက်ခြင်းက အဲ့ဒီအခြေအနေနှစ်မျိုးစလုံးမှာ ဖြစ်ပေါ်တယ်ဆိုပေမဲ့ လေ့လာချက်များအရ ဦးနှောက်လုပ်ဆောင်မှုများစွာပြုလုပ်ရတဲ့ REM အဆင့်မှာသာ ကြည်လင်ပြတ်သားတဲ့အိပ်မက်များကိုသာ မက်ကြတာပါ။