အမျိုးသားတွေရဲ့ ခန္ဓာကိုယ်တွင်းက ကျားဟော်မုန်းတွေကျဆင်းလာတဲအခါမှာ ဘာတွေဖြစ်လာနိုင်တယ်ထင်ပါသလဲ။ ကျားဟော်မုန်းတွေ ကျဆင်းလာချိန်မှာ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ကျေနပ်မှုတွေ လျော့ပါးလာတဲ့အပြင် တခြားကျန်းမာရေးပြဿနာတွေလည်း ဖြစ်လာတတ်ပါတယ်။

ဆံပင်တွေအများကြီးကျွတ်လာခြင်း

Source: HairGlamourista

ပုံမှန်ထက်လည်း ဆံပင်တွေအများကြီး ကျွတ်လာပါတယ်။ ဆံပင်ကျွတ်တာဟာ မိန်းကလေးတွေထက် ယောကျ်ားလေးတွေမှာ ပိုမိုဆိုးဝါးတဲ့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုသာ ဆံပင်တွေပုံမှန်ထက်ကျော်ပြီး ကျွတ်ထွက်နေသလို ခံစားနေရတယ်ဆိုရင် ကျားဟော်မုန်းဓာတ်တွေ ကျဆင်းနေသလား ဆန်းစစ်ကြည့်ပါ။

သုတ်ထုတ်လုပ်မှုနည်းပါးလာခြင်း

Source: psychalive.org

ကျားဟော်မုန်းဓာတ်တွေ ကျဆင်းလာတဲ့အခါ သုတ်ထွက်မှုတွေလည်း နည်းပါးလာပါတယ်။ သုတ်အားနည်းလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျတာတွေ၊ စိတ်မကျေနပ်တာတွေစတဲ့ မအီမသာခံစားမှုတွေကိုပါ တပါတည်းခံစားလာရပါတော့တယ်။

အိပ်ပျော်နေစဉ်ဟောက်နေရင်းက အသက်ရှူရပ်သွားခြင်း

Source: Cone Health Medical Group

ဒါကတော့ပြဿနာပါ။ အိပ်ပျော်နေစဉ်ဟောက်နေရင်းက ရုတ်တရက်အသက်ရှူသာရပ်သွားမယ်ဆိုရင် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေပါ ထပ်မံရင်ဆိုင် ကြုံတွေ့နိုင်ပါသေးတယ်။ ဒါ့ကြောင့် အထူးဂရုပြုသတိထားဖို့တော့ လိုအပ်ပါတယ်။

ဝက်ခြံတွေ မကြာခဏ ထွက်လာခြင်း

Source: Tiege Hanley

ကျားဟော်မုန်းဓာတ်တွေ ကျဆင်းလာတဲ့အခါမှာ ဝက်ခြံတွေလည်း အများကြီးထွက်လာတတ်ပါတယ်။ ဝက်ခြံတွေအရမ်းထွက်နေပြီဆိုရင် အရေပြားနဲ့ပတ်သက်တဲ့ ပြဿနာလို့ တထစ်ချမတွက်ဆလိုက်ပါနဲ့။ ကျားဟော်မုန်းတွေ ကျဆင်းနေလို့ ဝက်ခြံတွေထွက်လာတာလည်း ဖြစ်နိုင်ပါတယ်။

ဒါတွေတင်သာမက နှလုံးရောဂါဖြစ်ပွားလာနိုင်ချေလည်း အများကြီးရှိနေပါသေးတယ်။

Featured Image Source: panditjairam.com