နနွင်းမှုန့် ဇွန်းတစ်ဝက်ကို နွားနို့တစ်ခွက်နဲ့ ရောစပ်ကာ သောက်သုံးခြင်းဖြင့် ညဖက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေရန် ကူညီပေးပါတယ်။ နေ့စဉ်မှန်မှန် မပျက်မကွက်သောက်သုံးမယ်ဆိုရင်တော့ ကိုယ်ခံအားကို တိုးမြင့်စေကာ ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။

စစချင်း သောက်ခါစမှာတော့ အဝင်ဆိုးနိုင်ပေမယ့်လည်း အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးတွေကို ရရှိနိုင်မယ်ဆိုတာ သိပြီးရင်တော့ မှန်မှန်သောက်သုံးချင်စိတ် ပေါက်သွားမှာပါ။

အသည်းသန့်စင်ပေးခြင်း

အသည်းကို သန့်စင်ပေးတဲ့အပြင် အတွင်းရှိ အဆီများတဲ့ အက်စစ်ဓာတ်တွေ လည်ပတ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါကြောင့် အသည်းရဲ့လုပ်ဆောင်နိုင်စွမ်းအားကို တိုးမြှင့်ပေးကာ ခန္ဓာကိုယ်တွင်းရှိ မလိုအပ်တဲ့အရာတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။

ဘက်တီးရီးယားများကို တိုက်ခိုက်ပေးခြင်း

ဘက်တီးရီးယားများ၊ ဗိုင်းရပ်ပိုးများနှင့် မှိုများကို တိုက်ဖျက်နိုင်တဲ့ နနွင်းဟာဆိုရင် အအေးမိဖျားနာခြင်းနှင့် လည်ပင်းနာခြင်းတို့ကိုလည်း ကုသပေးနိုင်မယ့် သဘာဝဆေးစွမ်းကောင်းတစ်ခုပါပဲ။

ကင်ဆာကာကွယ်နိုင်ခြင်း

နနွင်းကို မှန်မှန်သုံးစွဲပေးပါက အသားပိုတွေဖြစ်ပေါ်အောင် ကူညီပေးတဲ့ ကင်ဆာဆဲလ်တွေပေါက်ဖွားခြင်းမရှိအောင် တိုက်ဖျက်နိုင်မှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း

နနွင်းဟာဆိုရင် ခန္ဓာကိုယ်တွင်းက အဆီတွေကို မြန်မြန်ဆန်ဆန် လောင်ကျွမ်းစေနိုင်ရန်လည်း ကူညီပေးပါသေးတယ်။ ဒါကြောင့် နနွင်းမှုန့်အရော နွားနို့တစ်ခွက်ကို မှန်မှန်သောက်သုံးပါက ကိုယ်တွင်းမှာ အဆီတွေစုဝေးခြင်းမှ ကာကွယ်ပေးကာ ဝိတ်ကျနှုန်းကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်။

အရိုးများကို ကျန်းမာကြံ့ခိုင်စေခြင်း

နနွင်းတွင် ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီဓာတ်တို့ အထူးကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းရှိ အရိုးသိပ်သည်းမှု လျော့နည်းမှုမရှိအောင် ကာကွယ်တားဆီးပေးပါတယ်။

Source: BrightSide