လက်သည်းပေါ်မှာ အဖြူရောင်လေးတွေဖြစ်နေပြီး တခါတလေကျရင် လက်သည်းခွံတစ်ခုတည်းမှာတင် ၂ ခု၊ ၃ ခုလောက် ရှိနေတတ်ပါတယ်။ လက်သည်းပွင့်တာ တချို့ကလည်း စန်းပွင့်တယ်လို့ ပြောပေမယ့် အများအားဖြင့် ခန္ဓာကိုယ်က အာဟာရ မလုံလောက်မှုကို ဖော်ပြနေပါတယ်။ နောက်တချက်က Leukonychia ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Leukonychia ဖြစ်ရတဲ့အဓိက အကြောင်းအရင်းက လက်သည်း စတင်ဖြစ်ပေါ်လာတဲ့ နေရာမှာ ဒဏ်ရာတစ်ခုခုဖြစ်သွားတာကြောင့် လက်သည်းပွင့်သလိုဖြစ်ပေါ်လာတာဖြစ်ပါတယ်။

လက်သည်းကြီးထွားနေဆဲမှာ လက်သည်းကိုက်တဲ့အကျင့်တွေနဲ့ တခြား သေးငယ်တဲ့ ထိခိုက်မှုတွေဖြစ်လာတတ်ပါတယ်။ အာဟာရချို့တဲ့မှုနဲ့မဆိုင်ဘဲ လက်သည်းရှည်ရင်း ညှပ်ထုတ်ရင်းနဲ့လည်း ပျောက်သွားနိုင်ပါတယ်။ ဒါပေမယ့် Leukonychia ခဏခဏ ပြန်ဖြစ်တဲ့ ကိစ္စမျိုးတွေမှာတော့ ဗီတာမင်ဓာတ် ချို့တဲ့မှုတွေနဲ့လည်း သက်ဆိုင်နေပါတယ်။

လက်သည်းပွင့်ရခြင်းရဲ့ နောက်ထပ်အကြောင်းအရင်းများကတော့…

၁။လက်သည်းဆိုးဆေးတွေကြောင့် အလက်ဂျစ်ဖြစ်ခြင်း

၂။မှိုရောဂါဖြစ်ခြင်း

၃။လက်သည်းနဲ့ လက်သည်းအရင်းမှာ ထိခိုက်ဒဏ်ရာရခြင်း

လျစ်လျူမရှုသင့်တဲ့ လက်သည်းကပြောတဲ့ သင့်ကျန်းမာရေး

၎။ဇင့်၊ ကယ်ဆီယမ်ဓာတ်တွေ ချို့တဲ့ခြင်း

သဘာဝနည်းလမ်းဖြင့် ကုသနိုင်ဖို့အတွက်

ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်များ

ဗီတာမင် စီ၊ ကယ်ဆီယမ်၊ ဇန့်ဓာတ်တို့ ချို့တဲ့ရင် လက်သည်းပေါ်မှာ အဖြူရောင်အကွက်တွေပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် Citrus အသီးတွေဖြစ်တဲ့ သံပုရာသီး၊ သံပုယိုသီး၊ လိမ္မော်သီး စတာတွေ စားပေးသင့်သလို၊ ဟင်းသီးဟင်းရွက်၊ အခွံမာအသီး၊ ကြက်သား၊ နွားနို့၊ ဒိန်ချဉ်တို့ကို နေ့စဉ် တစ်ခုခု စားသုံးပေးပါ။

သံပုရာ

သံပုရာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း- ၂ ဇွန်းလောက်

သံလွင်ဆီ အစက်အနည်းငယ်

ပြုလုပ်နည်း

သံပုရာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကနေ ၂ ဇွန်းလောက်ကို သံလွင်ဆီ အနည်းငယ်နဲ့ ရောလိုက်ပါ။ ပြီးရင် ဒီ အနှစ်ကို လက်သည်းပေါ်မှာ ပွတ်လိုက်ပါ။ မိနစ် ၂၀ ကနေ ၃၀ လောက်အကြာထားပြီး ရေဆေးချလိုက်ပါ။ နေ့တိုင်း တစ်ကြိမ်လောက် လုပ်ဆောင်ပေးပါ။

သံပုရာသီးအနှစ်က လက်သည်းပွင့်တာအတွက် တော်တော်ထိရောက်မှုရှိပါတယ်။ ဗီတာမင်စီ ဓာတ်ကြွယ်ဝတာကြောင့် ကျန်းမာတဲ့ လက်သည်းဖြစ်အောင် ကူညီပေးပါတယ်။

အဖြူရောင် ရှာလကာရည်

ပါဝင်ပစ္စည်းများ

အဖြူရောင် ရှာလကာရည် ခွက်တစ်ခွက်ရဲ့ တစ်ဝက်

ရေနွေး ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ပုံ

ပြုလုပ်နည်း

အဖြူရောင် ရှာလကာရည် ခွက်တစ်ခွက်ရဲ့ တစ်ဝက်ကို ရေနွေး ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ပုံလောက်နဲ့ ရောလိုက်ပါ။ ဒီအရောကို ဇလုံတစ်ခုထဲထည့်ပြီး လက်ကို အဲ့ဒီဇလုံထဲမှာ ၁၅ မိနစ်လောက်နှစ်ထားလိုက်ပါ။

တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။ ရှာလကာရည်က မှိုရောဂါကို သက်သာပျောက်ကင်းစေပြီး လက်သည်းပေါ်က အဖြူရောင် အစက်တွေကို ဖယ်ရှားပေးပြီး လက်သည်းကို ကျန်းမာစေပါတယ်။