ကမ္ဘာအနှံ့မှာနေထိုင်တဲ့ လူသန်းပေါင်းများစွာက နေ့တစ်နေ့ကို ကော်ဖီတစ်ခွက်နဲ့ စတင်ကြတာများပါတယ်။ နိုင်ငံတွေ ကွဲပြားသလို သောက်သုံးလေ့ရှိတဲ့ ကော်ဖီဖျော်နည်း ပုံစံတွေကလည်း ခြားနားပါတယ်။

ကြက်ဥကော်ဖီ (ဗီယက်နမ်)

အဓိကပါဝင်တာကတော့ ကြက်ဥ၊ နွားနို့၊ သကြားနဲ့ ကော်ဖီ ပူတို့ဖြစ်ပါတယ်။

Lapland ကော်ဖီ (ဖင်လန်)

ကော်ဖီခွက်ထဲမှာ ကော်ဖီမထည့်ခင် ဖင်လန်နိုင်ငံထုတ် ချီစ် (Cheese) ကို အရင်ထည့်ပါတယ်။ ပြီးမှ ကော်ဖီကို လောင်းထည့်ထားတဲ့ ချီစ် (Cheese) နဲ့ရောတဲ့ ကော်ဖီဖြစ်ပါတယ်။

Espresso (အီတလီ)

အီတလီရဲ့ ဂန္တဝင်ဆန်တဲ့ ကော်ဖီကတော့ ကော်ဖီ ပလိန်းထဲမှာ သံပုရာသီး တစ်ပြားထည့်သောက်တာပါဘဲ။ သံပုရာသီးကို ပါးပါးလှီးထားပြီး ထည့်ထားတာဖြစ်ပါတယ်။

Lagrima (အာဂျင်တီးနား)

ကော်ဖီပြင်းပြင်းကို ကော်ဖီအမြှပ်မြှပ်လေးတွေနဲ့ ဖျော်ထားတာဖြစ်ပါတယ်။

Bonbon ကော်ဖီ (စပိန်)

ဒီကော်ဖီက Espresso ပုံစံမျိုး ဖျော်ထားပေမယ့် နွားနို့ ထည့်ထားပါတယ်။

Spiced ကော်ဖီ (မိုရိုကို)

နှမ်းစေ့၊ အမည်းရောင် ငရုတ်ကောင်း၊ Nutmeg စေ့တို့ကို ကော်ဖီစေ့နဲ့ ရောပြီး ကြိတ်ကာ ဖျော်ထားတာပါ။ အရမ်း ပြင်းတဲ့ ကော်ဖီပါ။

ကော်ဖီ လက်ဘက်ရည် (ဟောင်ကောင်)

ကော်ဖီ၊ နွားနို့နဲ့ လက်ဘက်ရည် အရွက်တွေကို ရောထားတဲ့ ကော်ဖီလက်ဘက်ရည်က ပထမ တစ်စုပ်စာလောက် သောက်လိုက်တာနဲ့ တစ်ခွက်လုံးသောက်ချင်အောင် ဆွဲဆောင်သွားနိုင်ပါတယ်။

Frappe (ဂရိ)

ကော်ဖီ၊ ရေခဲမုန့်၊ နွားနို့ ရေခဲ ရေတို့နဲ့ ဖျော်ထားတဲ့ Frappe ကော်ဖီဖြစ်ပါတယ်။

Pharisaer (ဂျာမနီ)

ဂျာမနီနိုင်ငံမှာ စပြီး တီထွင်တဲ့ ကော်ဖီပါဘဲ။ မိသားစု စုံညီညစာစားပွဲတွေမှာ အရက်သောက်မှန်းမသိတာအောင် ကော်ဖီထဲမှာ အရက်ထည့်ထားပါတယ်။ ရမ်အရက် အနည်းငယ်ကို ကော်ဖီထဲထည့်ပြီး အပေါ်က ခရမ် နဲ့ အလှဆင်ထားတာဖြစ်ပါတယ်။

ဂျင်း၊ ပျားရည်ပါဝင်တဲ့ ကော်ဖီ (တူရကီ)

Woman hand pouring honey in a cup of coffee

တူရကီမှာ နာမည်ကြီးတဲ့ ကော်ဖီပါဘဲ။

လိမ္မော်သီး နဲ့ ဖျော်ထားတဲ့ ကော်ဖီ (ဂျမီကာ)

ဂျမီကာနိုင်ငံမှာ သောက်သုံးလေ့ရှိတဲ့ ကော်ဖီမှာ ရမ်အရက်အနည်းငယ်ထည့်ထားပြီး လိမ္မော်သီး တစ်ပြားကိုလည်း ထည့်ထားပါတယ်။ အရမ်းအရသာရှိပြီး လူကြိုက်များတဲ့ ကော်ဖီဖြစ်ပါတယ်။