နှစ်ဟောင်းကို စွန့်လို့ နှစ်သစ်ကို ကူးပြောင်းတော့မယ့် ကာလမှာ သူငယ်ချင်းမိတ်ဆွေတွေ ဘာလုပ်ကြမယ်လို့ စိတ်ကူးထားကြလဲဝေ့ ။ ထုံးစံ အတိုင်း ချစ်ဆုံးတို့ကို ကျန်းမာစေမယ့် နည်းလမ်းကောင်းလေးတွေ ပေးရင်း နှစ်သစ်ကို ကြိုဆိုမှာပါ။ အခုလည်း နှစ်သစ်မှာ အားအင်အပြည့်နဲ့ ကျန်းမာပြီး လန်းဖြာစေမယ့် နည်းလမ်းတစ်ခုကို မျှဝေချင်မိပြန်ပါတယ်။

နည်းလမ်းကောင်း ဆိုတာကတော့ အခြား မဟုတ်ပါဘူး အားလုံး သိပြီး ဖြစ်နေတဲ့ “နေ့တစ်နေ့တာလုံးရဲ့ အရေးကြီးတဲ့ မနက်စာကို စားဖြစ်အောင် စားဖို့ပါ”။

နေ့တစ်နေ့တာလုံးမှာ လုံလောက်တဲ့ အားအင်တွေရဖို့ အတွက် မနက်စာဟာ သိပ်အရေးကြီးတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ ဒါပေမဲ့ မနက်စာ စားတဲ့အခါမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို ရွေးချယ် စားသုံးပေးသင့်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာကို မနက်စာ အဖြစ် စားပေးမယ့် အစား မနက်စား မစားဘဲ နေတာက ပိုပြီးတော့တောင် ကောင်းပါသေးတယ်။ မနက်စာမှာ အားအင်ပြည့်ဖို့ဆိုရင် အရင်ဆုံး ဘာကို ပြေးမြင်မိတတ်ပါသလဲ။ နွားနို့ပါ။ နွားနို့ကို သောက်ရမယ်ဆိုတာ လူတိုင်းလိုလို သိနေကြပြီး မသောက်ဖြစ်တာကလည်း လူတိုင်းလိုလိုပါပဲ။ ကြိုရတာ အလုပ်ရှုပ်တယ်။ ကြိုပြီးသား ဝယ်ရင် မစစ်မှာ စိုးရိမ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နို့မသောက်ဖြစ်ကြပါဘူး။ ဒါဆိုရင်တော့ နွားနို့နဲ့ ဗီတာမင်ဓာတ် အလားတူ ဖြစ်ဖြစ် နွားနို့ပါတဲ့ အလွယ်တကူ မနက်စာဖြစ်ဖြစ် စားပေးသင့်ပါတယ်။

weight loss

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာလို့ ဆိုလိုက်ရင် Cereal ကိုမေ့ထားလို့ မရပါဘူး။ Cereal (စီရီရယ်) ကောက်နှံ (သို့) နှံစားသီးနှံ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ မနက်စာအဖြစ် အသားပေး စားပေးလာပါတယ်။ Cereal (ကောက်နှံ) ဟာ မနက်စာမှာ မပါမဖြစ်ပါပဲ။ ဗီတာမင်၊ သတ္တုဓါတ်၊ ကာဘွန်ဟိုက်ဒရိတ်၊ ဆီ၊ အဆီနဲ့ ပရိုတင်းဓါတ်တွေ ကြွယ်ဝစွာ ပါဝင်သလို အမျှင်ဓတ်တွေလည်း ကြွယ်ဝစွာ ပါဝင်လို့ ကိုယ်အလေးချိန် တက်မှာကို စိတ်ပူစရာ မလိုပါဘူး။ ဒါ့အပြင် နှလုံးရောဂါကိုလည်း ကြိုတင်ကာကွယ်ထားရာ ရောက်ပါတယ်။

Cereal (ကောက်နှံ)ကို မနက်စာ အဖြစ် ဘာလို့စားပေးသင့်လဲ

Cereal ဟာ ကောက်နှံ (သို့) နှံစားသီးနှံ နဲ့ပြုလုပ်ထားတာဖြစ်ပြီး နွားနို့၊ ကြက်ဥ၊ ဒိန်ချဉ်၊ အသီးအနှံ (သို့) အခွန်မာသီးတွေနဲ့ရောပြီး စားသုံးပေးကြပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် တခြား အဟာရဓါတ်တွေလည်း ကြွယ်ဝစွာ ပါဝင်လို့ စားပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်လောင်တွေ နို့တိုက် မိခင်တွေလည်း စားပေးသင့်ပါတယ်။ ကလေးတွေ အတွက် ဉာဏ်ရည် တိုးတက်ပြီး ခွန်အား ရရှိစေနိုင်ပါတယ်။ မနက်စာ စားပေးခြင်းရဲ့ အကျိုးကျေးဇူးတွေ ကိုယ်အလေးချိန် များတာကို လျှော့ချပေးနိုင်တယ်။ ကလေးတွေရဲ့ မှတ်ဉာဏ်၊ စိတ်ခံစားချက်၊ စိတ်ကူး စိတ်သန်းတွေကို မြင့်တင်ပေးနိုင်တယ်။ ဒါမှလည်း ကလေးတွေဟာလည်း ကျောင်းနေပျော်ပြီး စာတော်မှာဖြစ်ပါတယ်။

eating-when-pregnant

မနက်စာ မစားပေးဘူး ဆိုရင်တော့ ကျန်းမာရေး ထိခိုက်စေနိုင်ပြီး သွေးတွင်း ကိုလက်စထရောများတာ၊ အင်ဆူလင် ပမာဏများတာတို့ အပါအဝင်၊ အရွယ်ရောက်လာတဲ့အခါ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ကျန်းမာရေးနဲ့ ညီညွှတ်အောင် မစားတာ ၊ ကိုယ်အလေးချိန် မမှန်တာမျိုးတွေ ဖြစ်စေပါတယ်။

Bear Brand Cereal

ယုံကြည်စိတ်ချလို့ ရတဲ့ မနက်စာအတွက် သင့်အနားမှာအမြဲတမ်း ရှိနေမှာကတော့ ခုနကပြောခဲ့တဲ့ နို့ရော.. ကောက်နှံရော ပါဝင်တဲ့ အဟာရပြည့် အရည်အသွေးမြင့် Bear Brand Cereal ဖြစ်ပါတယ်။ Citymart နဲ့ အခြားစူပါမားကတ် တွေမှာ လွယ်လွယ်ကူကူနဲ့ ရနိုင်ပြီး အချိန်လည်း သိပ်ပေးစရာမလို၊ လိုအပ်တဲ့ အာဟာရတွေနဲ့လည်း ပြည့်ဝစေမှာလည်းဖြစ်ပါတယ်။ အခြား Cereal (စီရီရယ်)တွေမှာ မပါဝင်တဲ့ နို့ ပါဝင်ပြီး သာမန်စီရီရယ် မဟုတ်ဘဲ နှံစားသီးနှံ စီရီရယ်ဖြစ်ပြီး အကောင်းတကာ့ အကောင်းဆုံး စီရီရယ် နှင့် သီးနှံတွေနဲ့ ပြုလုပ်ထားတာပါ။ ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် ဗီတာမင်စီ၊ ဒီ နှင့် ကယ်စီယမ်ဓါတ် ကြွယ်ဝစွာပါဝင်ပြီး တစ်ထုပ်မှ ၁၅၀ကျပ် ဆိုတဲ့ ဈေးကလည်း မများဘူးနော်။
ငွေကျပ် ၁၅၀ တည်းနဲ့ အဟာရပြည့်ဝတဲ့ မနက်စာကို အခုပဲစားသုံးလိုက်ပြီး နှစ်သစ်ကို အားအင်အပြည့်နဲ့ ကြိုလိုက်ကြရအောင်နော်။ သင်္ကြန်ကာလမှာ ကုသိုလ်ပြုချင်ကြတဲ့သူတွေလည်း Bear Brand Cereal နဲ့ နိဗ္ဗာန် ရည်မှန်း ဒါနအလှူဖြည့်လိုက်ရအောင်ပါ။