ခန္ဓာကိုယ်ကြီး လေးလံနေပြီး အင်္ကျီတွေလည်း မတော်တော့လို့ စိတ်ညစ်နေပါသလား။ ကိုယ်အလေးချိန် ကို လျော့ချပေးနိုင်တဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

အရွက်များ

အစိမ်းရောင်အရွက်များက ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက် အထူးသင့်လျော်ပြီး ကိုယ်အလေးချိန် ကျအောင် လည်းလုပ်ဆောင်ပေးနိုင်ပါတယ်။ Spinach ရွက်၊ ကိုက်လန်၊ ပန်းဂေါ်ဖီနဲ့ ပန်းဂေါ်ဖီ စိမ်းတို့ကို ကိုယ်စားနေကျ အစားအစာထဲမှာ ထည့်သွင်း စားသုံးသင့်ပါတယ်။ သူတို့မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကာဗိုဟိုက်ဒရိုတ်နဲ့ ကယ်လိုရီပါဝင်မှုလည်း နည်းပါတယ်။

အာလူးပြုတ်

Source: romanova-elena.ru

အာလူးကို နည်းလမ်းမှန်မှန်နဲ့ ချက်ပြုတ်စားသောက်တတ်ရင် ကိုယ်အလေးချိန် မတက်တဲ့အပြင် ကိုယ်အလေးချိန် ကျအောင်လည်း ကူညီပေးနိုင်ပါတယ်။ သူတို့မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ပိုတက်ဆီယမ် ဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။ ပိုတက်ဆီယမ် ချို့တဲ့တဲ့သူတွေက နေ့လည်စာ၊ ညစာတို့မှာ အာလူးပြုတ်ကို ထည့်ပြီး စားသင့်ပါတယ်။

ဆယ်မွန်ငါး

ဆယ်မွန်ကတော့ အရသာလည်း စားလို့ကောင်း ကိုယ်အလေးချိန်လည်း ကျအောင်ကူညီပေးတဲ့ငါးပါဘဲ။ ဒါကြောင့် ဂျပန်မှာ နာမည်ကြီးပြီး ဈေးကြီးတဲ့ငါးလည်း ဖြစ်ပါတယ်။ သူ့မှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေပါဝင်ပါတယ်။ သကြားပါဝင်မှုနဲ့ ကာဗိုဟိုက်ဒရိတ်လည်း နည်းပြီး ဇီဝကမ္မဖြစ်စဉ်ကိုလည်း အထောက်အပံ့ပေးပါတယ်။

ပဲအမျိုးမျိုး

ပဲအမျိုးမျိုးကတော့ အာဟာရလည်းရှိပြီး ထမင်းမြိန်စေပါတယ်။ အဲ့ဒီအပြင် ကိုယ်အလေးချိန်လည်း အများကြီး မတက်အောင် ကူညီပေးပါတယ်။ အစာအိမ်သမားတွေကတော့ ပဲအမျိုးအစား တချို့နဲ့ မတည့်ဘူးလို့လည်း ဆိုထားကြတာတွေ ရှိပါတယ်။ ကိုယ်ဘယ်အမျိုးအစားနဲ့ မတည့်လဲဆိုတာ သေချာ စုံစမ်းပြီး စားသုံးသင့်ပါတယ်။

ငရုတ်သီး

Source: boulderweekly.com

ငရုတ်သီးကလည်း ကိုယ်အလေးချိန်ကျဆင်းအောင် ကူညီပေးနိုင်ပါတယ်။ ငရုတ်သီးမှာပါဝင်တဲ့ Capsaicon ဓာတ်ကြောင့် ကိုယ်အလေးချိန်လျော့ကျစေပါတယ်။