ပင်ပန်းနွမ်းနယ်တယ်လို့ ခံစားရတာဟာ ခန္တာကိုယ်အတွင်း စွမ်းအင်တွေမရှိတော့လို့ပါပဲ။ မျက်ကွင်းညိုတာ အသားအရေခြောက်တာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေရှိနေပြီဆိုတဲ့ လက္ခဏာပါပဲ။

ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်ရှိတာဟာ ရောဂါပိုးအလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဒီတော့ ဖယ်ရှားပစ်ဖို့လိုပါတယ်။ တစ်ပတ်လုံး စားထားခဲ့သမျှ အာဟာရဓါတ်မညီမျှတဲ့ အစားအစာတွေ၊ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ အစားအစာတွေကို စနေတနင်္ဂနွေနေ့တွေမှာ ဖယ်ရှားလိုက်ကြရအောင်ပါ။

အစီအစဉ်

စနေနေ့

55801D2F-77DB-A7A6-4B1F-9B6DF53691DC

မနက်အိပ်ယာနိုးနိုးချင်း ရေနွေး ၂၅၀ မီလီလီတာ သောက်ပေးပါ။

မနက်စာ = ကွေကာအုပ်ပြုတ်၊ ရိုးရိုးရေ ၂၅၀ မီလီလီတာ (သို့) ရေနွေး၊ Blue Berry သီး ခွက် တစ်ဝက်၊ ဒိန်ချဉ် ၂၀၀ မီလီလီတာ။

နေ့လည်စာ= ရိုးရိုးရေ ၂၅၀ မီလီလီတာ၊ အရွက်သုပ် ၂ ခွက်စာ ( ခရမ်းချည်သီး၊ ဂေါ်ဖီ စတဲ့အရွက်များ)၊ ငှက်ပျောသီး ၁ လုံး၊ ဖရဲသီး ၁ စိတ်၊ အာလူး။

အစာပြေ = ရိုးရိုးရေ ၂၅၀ မီလီလီတာ၊ ပန်းသီး ၁ လုံး၊ ဒိန်ချဉ် ၁၈၀ မီလီလီတာ၊ ရွှေဖရုံစေ့။

ညစာ = ရိုးရိုးရေ ၂၅၀ မီလီလီတာ (သို့) ရေနွေး၊ သံပုယိုသီးနဲ့ သံလွင်ဆီ ထည့်သုပ်ထားတဲ့ အသုပ်၊ တူနာငါးပေါင်း (သို့)တူနာငါး အကင် ၊ အသီးအရွက်ပေါင်း။

တနင်္ဂနွေ

မနက်အိပ်ယာနိုးနိုးချင် ရေနွး ခွက်အကြီးနဲ့ ၁ ခွက်သောက်ပါ။

မနက်စာ = ကွေကာအုပ် ၁ ခွက်၊ ဒိန်ချဉ် ၂၀၀ မီလီလီတာ၊ Green Tea နဲ့ သစ်တော်သီး ၁ လုံး။

အစာပြေ = Grapefruit (သို့) ကျွဲကောသီး။

နေ့လည်စာ = ရိုးရိုးရေ ၂၅၀ မီလီလီတာ၊ အသီးအရွက်စွပ်ပြုတ် ( ပဲ၊ ငရုတ်သီး၊ အာလူး၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ တရုတ်နံနံပင်)၊ ကြက်ရင်အုပ်သားကင် ၂၀၀ ဂရမ်၊ သခွားသီး ဆားရေစိမ်။

ညစာ = ရေနွေးကြမ်း၊ နိုကိုဥနဲ့ မုန်လာဥနီသုပ် ။

Source: healthyfoodproteam