တနေ့တာမှာ လန်းလန်းဆန်းဆန်းရှိနေဖို့ဆိုတာက ကောင်းကောင်းနှစ်ခြိုက်စွာ အိပ်စက်ဖို့ပါ။ ဒါပေမယ့်လည်း အလုပ်တွေရှုပ်လွန်းလို့ အနားယူဖို့အချိန်မရှိတဲ့အခါ ရုံးရောက်တော့ လူကမျက်လုံးစဉ်းနေပါပြီ။

ထိုအခါမှာ ကိုယ့်ရဲ့အလုပ်ခွင်ထဲမှာ အနှောင့်အယှက်တွေဖြစ်လာစေနိုင်လို့ တနေ့လုံးနိုးကြားနေစေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ကော်ဖီ သို့မဟုတ် အားဖြည့်အချိုရည်တွေ အများကြီးမသောက်ပါနဲ့

ထိုဖျော်ရည်တွေက အချိန်အတိုင်းအတာတစ်ခုအတွက်တော့ အားအင်ဖြည့်တင်းပေးနိုင်ပေမယ့်လည်း အထဲတွင်ပါဝင်တဲ့ ဓာတုဆိုးဆေးတွေကြောင့် ကျန်ရှိနေသမျှ အားအင်တွေအကုန်လုံး ကုန်ဆုံးသွားပါလိမ့်မယ်။ ဒါ့အပြင် နောက်တစ်နေ့မနက်ရောက်တဲ့အခါမှာ အရှင်းသက်သာဖို့ ခက်ခဲနိုင်ပါတယ်။

ရေပူ၊ ရေအေးတစ်လှည့်စီချိုးပေးခြင်း

ရေချိုးတဲ့အချိန် ပြီးခါနီးမှာ ရေပူ၊ ရေအေးတို့နဲ့ တလှည့်စီချိုးပေးတာဖြစ်ဖြစ် မျက်နှာကို ရေအေးနဲ့သစ်တာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ ဒီလိုနည်းလမ်းက ဘယ်တော့မှ မရိုးသွားတဲ့နည်းလမ်းတစ်ခုပါပဲ။

လေများများရှူပါ

ဦးနှောက်ကိုနိုးကြားစေဖို့ အောက်ဆီဂျင်ကကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါ။ အောက်စီဂျင်များများ ဦးနှောက်အတွင်းရစေဖို့ အောက်ဖော်ပြပါ လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်ကာ လက်တစ်ဖက်ကို နံရိုးအောက်ဗိုက်ပေါ်မှာ တင်ထားပြီး နောက်လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်လိုက်ပါ။ အသက်ကို နှာခေါင်းနဲ့ပြင်းပြင်းရှူပြီး ဗိုက်ကိုလက်နှင့်တွန်းလိုက်ပါ။ ရင်ဘတ်ကိုတော့ မလှုပ်ပါစေနဲ့။ လေချွန်နေသလိုမျိုး ပါးစပ်ကနေပြီး လေကိုရှူထုတ်လိုက်ပါ။

မနက်စာကို ရေခဲမုန့်ထည့်သွင်းစားသုံးပါ

အချိုဓာတ်နဲ့တော့မဆိုင်ပေမယ့် အအေးဓာတ်က ဦးနှောက်ကို လန်းဆန်းစေလို့ စားသုံးပေးသင့်ပါတယ်။ သို့သော်လည်း နေ့စဉ်နေ့တိုင်းတော့ မပြုလုပ်သင့်ပါဘူး။

မနက်ခင်းလေ့ကျင့်ခန်းပြုလုပ်ပါ

လေ့ကျင့်ခန်းအပြည့်အစုံလုပ်စရာမလိုပါဘူး။ ကိုယ့်ကို အားအင်လည်းဖြည့်တင်းပေးနိုင်ဖို့ လုံလောက်တဲ့ ရိုးရိုးရှင်းရှင်းလေ့ကျင့်ခန်း ငါးခုလောက်ကို လုပ်ပေးရုံလောက်ပဲ လိုအပ်ပါတယ်။

အပြင်ထွက်ပါ

အပြင်မထွက်ဖြစ်ရင်တောင်မှ တံခါးပေါက်လေးဖွင့်လိုက်ပြီး သန့်ရှင်းလတ်ဆတ်တဲ့လေထုကို ရှူရှိက်လိုက်ပါ။ မိနစ်အနည်းငယ်အတွင်းမှာပဲ လန်းဆန်းသွားပါလိမ့်မယ်။

အချိုလျော့စားပါ

သွေးချိုတက်တာက သင့်ကိုပင်ပန်းနွမ်းနယ်စေပါတယ်။ အကယ်၍အချိုတစ်ခုခုစားချင်တယ်ဆိုရင်တော့ အသီးတွေကို ရွေးချယ်စားသုံးခြင်းက ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်။

ပတ်ဝန်းကျင်မှာ အလင်းရောင်ထားရှိပါ

အမှောင်ထဲမှာ ထိုင်နေမယ်ဆိုရင် မကြာခင်မှာ အိပ်ငိုက်ဖို့က အနှေးနဲ့အမြန်ပါပဲ။ ဒါကြောင့် မျက်လုံးကိုအလင်းရောင်ရအောင် မီးထွန်းထားပါ။

နေ့ခင်းနေ့လည် မိနစ် ၂၀ ခဏမှေးပါ

အလုပ်တွေရှုပ်နေတဲ့အချိန်မှာ အနားယူဖို့ဆိုတာ မလွယ်ကူပါဘူး။ သို့သော်လည်း ကံကောင်းစွာနဲ့ အနားယူဖို့ အချိန်ရခဲ့ရင်တော့ မိနစ် ၂၀ လောက်မှေးလိုက်ပါ။ များလှသောအချိန်မဟုတ်ပေမယ့်လည်း လန်းသွားစေမှာတော့ အမှန်ပါပဲ။

ရယ်မောပါ

ရယ်မောခြင်းက ပြဿနာတွေကို မေ့ပျောက်သွားစေပြီး လူကိုအနားယူနိုင်အောင် ကူညီပေးပါတယ်။ ရယ်လိုက်တဲ့အခါ လန်းဆန်းသွားပြီး အားပြန်ပြည့်လာစေပါတယ်။

အချဉ်စားပါ

ယားယံချဉ်ပြုံးပြီး ကျိန်းစပ်တဲ့ခံစားချက်က ဦးနှောက်ကို ချက်ခြင်းနိုးကြားစေနိုင်ပါတယ်။ ထိုသို့ပြောပေမယ့်လည်း လျှာကို မီးခြစ်နဲ့တို့ခိုင်းတာတော့ မဟုတ်ပါဘူးနော်။

သင်ရော အိပ်ချင်မူးတူးဖြစ်နေချိန်မှာ ဘယ်လိုနည်းလမ်းတွေအသုံးပြုဖူးသေးလဲ။ အခြားသူတွေသိရအောင် မန့်ခဲ့ကြပါအုံးနော်။