အသက်ကြီးသွားပေမယ့်လည်း ရုပ်ရှင်ထဲမှာရော အပြင် လောကမှာပါ ချောမောလှပအောင်မြင်နေတဲ့ ဟောလိဝုဒ်သရုပ်ဆောင်များရဲ့ နေထိုင်စားသောက်ပုံစံကို ဝေမျှချင်ပါတယ်။

Halle Berry

Halle Berry က အသက် ၄၉ နှစ်ရှိပေမယ့် အခုအထိ နုပျိုလှပနေတုန်းပါဘဲ။ တစ်နေ့ကို ၈ နာရီအိပ်ပြီး မနက်တိုင်း အသီးဖျော်ရည်တစ်ခုခု သောက်လေ့ရှိပါတယ်။

တစ်နေ့ကို ၄၅ မိနစ် လေ့ကျင့်ခန်းလုပ်ပြီး အသင့်စား အစားအစာတွေ၊ သကြားလုံးတွေမစားပါဘူး။

3912905-3103691--1469454890-650-58ff2ff11f-1492258858

Sandra Bullock

Sandra Bullock က အသက် ၅၁ နှစ်ရှိနေပေမယ့် မထင်ရလောက်အောင် လှပနေတုန်းပါဘဲ။

ဟင်းသီးဟင်းရွက်၊ ထမင်း နဲ့ အသီးဖျော်ရည်တို့ကို အဓိက စားသုံးပါတယ်။

ဗီတာမင်စီနဲ့ Spinach အရွက်တို့ကနေ ပြုလုပ်ထားတဲ့ မျက်နှာလိမ်းခရင်မ်ကို သုံးပါတယ်။

အားကစားအနေနဲ့ လက်ဝှေ့ နဲ့ Jogging လုပ်ပါတယ်။

3912855-8103691--1469454999-650-bb1d78ea14-1492258858

Keanu Reeves

Keanu Reeves က အသက် ၅၁ နှစ်ရှိနေပါပြီ။ သူ့ရုပ်ရည်ကတော့ အသက်အရွယ်နဲ့ မလိုက်လောက်အောင် နုပျိုပါတယ်။

ဟင်းသီးဟင်းရွက်တွေနဲ့ အသားကို အချိုးကျမျှတအောင် စားပါတယ်။

ဝိတ်ကစားပြီး မြင်းစီးတာ နဲ့ နှင်းလျှောစီး ပါတယ်။

3913005-9103691--1469455008-650-4c0ed9acb5-1492258858

Julia Roberts

Julia Roberts က အသက် ၄၈ နှစ်ရှိပါပြီ။ မနက်စာကို အများကြီးစားပြီး နေ့လည်စာကို ဗိုက်ပြည့်ရုံစားကာ ညစာကိုတော့ အနည်းငယ်ဘဲ စားပါတယ်။

စကိတ်စီးတာကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။

3912955-2103691--1469454907-650-e1c821c3ba-1492258858

Cate Blanchett

Cate Blanchett က အသက် ၄၇ နှစ်ရှိနေပါပြီ။ မင်းသမီးဖြစ်ပေမယ့် အလှကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ သုံးပါတယ်။

အနှိပ်ခန်း (Massages) ပုံမှန်သွားလေ့ရှိပြီး တစ်ပတ်ကို ၂ ကြိမ်လောက် Sauna သွားလေ့ရှိပါတယ်။

George Clooney

George Clooney က အသက် ၅၅ နှစ်ရှိပါပြီ။ ကယ်လိုရီနည်းတဲ့ အစားအစာတွေကို အနည်းငယ်ဘဲ စားပါတယ်။ အရက်သေစာမသောက်ဘဲ ယောဂဆော့ပါတယ်။

3912705-7103691--1469454992-650-7b9c8b1982-1492258858

Jared Leto

Jared Leto က အသက် ၄၄ နှစ်ရှိပြီး သက်သတ်လွတ်စားသူဖြစ်ပါတယ်။ ယောဂဆော့ပြီး စက်ဘီးစီးတာ ကြိုက်နှစ်သက်သူဖြစ်ပါတယ်။

3912655-10103691--1469455016-650-507972f544-1492258858

Charlize Theron

Charlize Theron က အသက် ၄၀ ရှိပါပြီ။ ဟင်းသီးဟင်းရွက်အစိမ်းတွေကို ကြိုက်နှစ်သက်သူဖြစ်ပြီး ယောဂဆော့ကာ ဂေါက်ကစားပါတယ်။ ခွေးလေးနဲ့အတူ လမ်းလျှောက်ထွက်လေ့ရှိပါတယ်။