ကွန်ပြူတာအရှေ့မှာပဲ အချိန်ကုန်ဆုံးရတာများတဲ့ ယနေ့ခေတ် ဝန်ထမ်းအများစုအတွက် ကိုယ်လက်လှုပ်ရှားမှုဆိုတာမဖြစ် မနေလုပ်ဆောင်ဖို့လိုအပ်ပါတယ်။သို့ပေမယ့်လည်းရုံးသွားရုံးပြန်အချိန်နဲ့ တစ်နေ့ကုန်ပင်ပန်းလာခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှုအတွက် သီးသန့်အချိန်မပေးနိုင်ကြပါဘူး။

ထိုအခါအညောင်းမိခြင်း ကျီးပေါင်းတက်ခြင်း အာရုံကြောထိခိုက်ခြင်း နဲ့ အဆစ်အမြစ်များနာကျင်ကိုက်ခဲခြင်းစတဲ့ကျန်းမာရေးပြဿနာတွေရင်ဆိုင်လာရတာဖြစ်ပါတယ်။ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ဝန်းထမ်းတွေအနေနဲ့ သီးသန့်အချိန်ပေးစရာမလိုဘဲ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကိုအကြံပြုပြောပြပေးချင်ပါတယ်။

(၁) လမ်းလျောက်ပါ

Source : Getty Images

ဝန်ထမ်းတွေရဲ့ တစ်နေ့တာမှာ လမ်းလျောက်ဖို့ အခွင့်အရေး အရမ်းကိုနည်းပါတယ်။သွားရေးလာရေးအတွက် အဓိကအားဖြင့် ကားတွေ Public Transportation ဖြစ်တဲ့ Bus တွေကိုအသုံးပြုတာကြောင့် လမ်းလျောက်ချိန်ဆိုတာသိပ်မရှိလှပါဘူး။ဒါဆိုလမ်းလျောက်ဖို့အခွင့်အရေးရအောင်ဘယ်လိုဆောင်သင့်လဲ။အဖြေကရှင်းပါတယ် ရုံးဆင်းချိန်ညနေခင်းတွေမှာ Bus စီးမယ့်အစား သုံးလေးမှတ်တိုင်လောက်လမ်းလျောက်တာမျိုးလုပ်သင့်ပါတယ်။ရုံးနဲ့အိမ်အရမ်းဝေးတဲ့သူတွေဆိုရင်လည်း အိမ်နားရောက်ခါနီး သုံးမှတ်တိုင်လောက်ကြိုဆင်းပြီးလမ်းလျောက်ဖို့ အကြံပြုချင်ပါတယ်။

(၂) ရိုးရိုးလှေကားအသုံးပြုပါ

Source : 24 Seven Talent

ရုံးသွားရုံးပြန်မှာ ဓာတ်လှေကားအသုံးပြုမယ့်အစား တက်နိုင်သလောက်ရိုးရိုးလှေကားနဲ့အတက်အဆင်းလုပ်ဖို့ အကြံပြုချင်ပါတယ်။ဓာတ်လှေကားစီးနင်းချိန်နဲ့ ရိုးရိုးလှေကားအတက် အဆင်းလုပ်ချိန်ဟာလည်း အချိန်အားဖြင့်လည်းအများကြီးမကွာလှပါဘူး။ရိုးရိုးလှေကားအသုံးပြုပြီးအတက်အဆင်းလုပ် ခြင်းဟာ ကိုယ်လက်လှုပ်ရှားမှုတစ်ခုဖြစ်သလို တစ်နေ့တာလုံးကွန်ပြူတာအရှေ့ထိုင်ပြီး အညောင်းမိခဲ့သမျှ ခန္ဓာကိုယ်ကအကြောအချဉ်တွေအားလုံးပြေလျော့စေမှာဖြစ်သလို သက်လုံလည်းကောင်းစေမှာဖြစ်ပါတယ်။

(၃) ထိုင်ခုံမှာပဲလေ့ကျင့်ခန်းလုပ်ပေးပါ

Source : SpineUniverse

ရုံးကမိမိစားပွဲထိုင်ခုံမှာပဲ လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် ကိုယ် လက်လှုပ်ရှားမှု ပြုလုပ်ပေးနိုင်ပါတယ်။တစ်နာရီလောက်ဆက်တိုက်ကွန်ပြူတာကြည့်ပြီး အလုပ်လုပ်ပြီပြီဆိုတာနဲ့ ၁၀ မိနစ်လောက်ဦးနှောက်နဲ့ မျက်စိကိုအနားပေးပါ။၁၀ မိနစ်လောက် အနားယူနေစဉ်အတွင်း ထိုင်ခုံမှာပဲ ပြုလုပ်လို့ရမယ့် လေ့ကျင့်ခန်းလေးတွေကို ပေါ့ပေါ့ပါးပါး အညောင်းပြေအညာပြေပြုလုပ်ပေးသင့်ပါတယ်။

(၄) လမ်းလျောက်ရင်းဖုန်းပြောပါ

Source : stomaservis.ru

ရုံးမှာမကြာခဏဖုန်းပြောရလေ့ရှိတဲ့သူတွေအနေနဲ့ လမ်းလျောက်ရင်းဖုန်းပြောသင့်ပါတယ်။ခုံမှာပဲထိုင်ပြီး ငြိမ်ငြိမ်လေးဖုန်းပြောတာထက် လမ်းလျောက်ပြီးဖုန်းပြောတာက သင့်စိတ်ကိုပြီးတည်ငြိမ်စေသလို ကိုယ်လက်လှုပ်ရှားမှုတစ်ခုလည်းဖြစ်စေပါတယ်။ဝေးဝေးလံလံလမ်းလျောက်စရာမလိုပါဘူး ကိုယ့်အခန်းထဲမှာပဲ ဟိုဘက်ဒီဘက် လမ်းလျောက်ရင်းဖုန်းပြောနိုင်ပါတယ်။