မိဘတိုင်း ကိုယ့်ကလေးကို ရင်နှင့်အမျှ ချစ်ကြတယ်ဆိုတာ အငြင်းပွားစရာမရှိပါဘူး။ ကလေးတွေကို တစ်ယောက်တည်း စိတ်မချဖြစ်ပြီး အရိပ်တကြည့်ကြည့်နဲ့ အမြဲတမ်း လိုက်ကြည့်စရာမလိုအောင် ဘယ်လိုလုပ်မလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

၁။ ကလေးတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေမှာ သူတို့နာမည်မရေးခဲ့ပါနဲ့

ကိုယ့်ကလေး ပထမဆုံး ကျောင်းသွားတဲ့နေ့မှာ ပစ္စည်းချင်းမှားမှာစိုးလို့ ကလေးရဲ့ နာမည်ကိုရေးလေ့ရှိပါတယ်။ အဲဒီလိုရေးတာဟာ သင့်ကလေးရဲ့ နာမည်ကို တခြားသူတွေ သတိထားမိစေပါတယ်။ ကလေးရဲ့ နာမည်ကို ရေးမယ့်အစား သင့်ဖုန်းနံပါတ်ကို ရေးထားလိုက်ပါ။

၂။ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တယ်ဆိုတာ တခြားသူတွေကို မသိအောင်နေဖို့ သင်ပေးပါ

တခါတလေ အရေးကြီးကိစ္စကြောင့် ကလေးတစ်ယောက်တည်း အိမ်မှာကျန်ခဲ့တဲ့အခါ သူတစ်ယောက်တည်းဖြစ်နေကြာင်း တခြားသူတွေကို မသိအောင်သင်ပေးပါ။ တကယ်လို့ သူစိမ်းတွေလာရင်လည်း တံခါးမဖွင့်ပေးဖို့မှာခဲ့ပါ။

၃။ အခန်းတံခါးကို Password ချထားပါ

တိုက်ခန်းနဲ့နေတဲ့သူတွေအတွက်ဖြစ်ပါတယ်နော်။ ကိုယ်ရဲ့ နေအိမ်တိုက်ခန်းကို Password ချထားပါ။

၄။ သင့်ကလေးရဲ့ ဖုန်းမှာ ခြေရာခံတဲ့ Application ထည့်ထားပေးပါ

သင့်ကလေး ဘယ်ရောက်နေတယ်။ ဘာလုပ်နေတယ်ဆိုတာသိဖို့ ကလေးရဲ့ ဖုန်းမှာ ခြေရာခံ Application ထည့်ထားပေးပါ။

၅။ ကြောက်တဲ့အခါ အော်ပြီးအကူအညီတောင်းဖို့ သင်ပေးပါ

တကယ်လို့ သူစိမ်းတစ်ယောက်ယောက်က သူ့တို့အနားချေးကပ်လာလို့ ကြောက်တဲ့အခါအော်ပြီး အကူအညီတောင်းတတ်အောင်သင်ပေးပါ။

၆။ လမ်းဘယ်လိုကူးရမလဲဆိုတာ သင်ပေးပါ

လမ်းဖြတ်ကူးတဲ့အခါ အန္တရာယ်မရှိအောင် ဘယ်လိုရှောင်ပြီးကူးရမလဲ၊ ဘယ်ဖက်ကိုကြည့်ပြီး ကူးရမလဲဆိုတာကို သင်ပေးပါ။ ကားတစ်စီးမှမလာတော့မှ စိတ်ချပြီဆိုမှ ကူးဖို့၊ လူကူးမျဉ်းကြားကနေ ကူးတတ်ဖို့သင်ပေးပါ။

၇။ အနိုင်ကျင့်ခံရရင် ပြန်ပြီးတိုက်ခိုက်နိုင်တဲ့ ပစ္စည်းတွေပေးထားပါ

တစ်ယောက်ယောက်က သူတို့ကို အနိုင်ကျင့်လာတဲ့အခါ တုံ့ပြန်နိုင်ဖို့အတွက် ငရုတ်ဖြန်းဆေးဘူးတွေ ပေးထားပါ။ သူစိမ်းတွေကို မယုံဖို့ သင်ပေးပါ။

၈။ ကလေးနဲ့စကားပြောပါ

သင့်ကလေးရဲ့ ဘေးကင်းလုံခြုံရေးအတွက် သူတို့ပြောတဲ့စကားတွေကို သေချာနားထောင်ပါ။ သူတို့ဘယ်လိုခံစားနေရတယ်၊ ဘာကိုစိုးရိမ်နေတယ်၊ ဘာတွေတွေးနေတယ်ဆိုတာကို သင်သေချာနားထောင်ပေးပါ။