အရာရာတိုးတက်ပြောင်းလဲနေတဲ့ ယနေ့ခေတ်လို ကမ္ဘာကြီးမှာ မကောင်းတဲ့အရာတစ်ခုကိုပြောပါဆိုရင်တော့ လူမှုကွန်ရက်တွေပေါ်သုံးဖို့၊ သူငယ်ချင်းတွေနဲ့ ပျော်ပါးဖို့အတွက် အချိန်တွေအများကြီးပေးကြပြီး အလုပ်လုပ်တဲ့အခါမှာလည်း အသည်းအသန်ကုန်းရုန်းပြီး ကြိုးစားလုပ်ကိုင်ကြတာကြောင့် ကျန်းမာရေးကို သေချာဂရုစိုက်ဖို့အတွက် မေ့လျော့နေကြပါတယ်။

နေ့စဉ်သွားလာလှုပ်ရှားပြီး ကိုယ်စီကိုယ်စီအလုပ်လုပ်နေကြတာကြောင့် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ခါးနာမှုဝေဒနာကို ခံစားနေကြရပါတယ်။ ဒါကြောင့် MyHealth Myanmar မှ စာဖတ်ပရိတ်သတ်တွေရဲ့ ကျန်းမာရေးကို ရှေးရှုလို့ သက်သာစေမယ့် နည်းလမ်းကောင်းလေးတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

အကြောအချင်ဆန့်ပေးပါ

Source: BrightSide

ခန္ဓာကိုယ်တစ်ခုလုံးကို အကြောအချင်တွေဆန့်ပေးခြင်းဖြင့် ဦးနှောက်အတွင်းသို့ Endorphins များထုတ်လွှတ်နိုင်တာကြောင့် ပျော်ရွှင်မှုခံစားချက်ကို ဖန်တီးပေးကာ ခန္ဓာကိုယ်အတွင်းမှာလဲ အကြောတွေတင်းရင်းမှုကို ပြေလျော့စေမှာဖြစ်ပါတယ်။

ခြေထောက်ကိုနွေးနွေးထွေးထွေး ထားပါ။

Source: fixyourfeet.com

ခြေထောက်အောက်ပိုင်းကို နွေးနွေးထွေးထွေးထားခြင်းက ခါးနာတဲ့အခါ အပူကပ်ရတာမကြိုက်သူများအတွက် အဆင်ပြေစေမှာပါ။

အပူ သို့မဟုတ် အအေးကပ်ပေးခြင်း

Source: Cowboy Protection

ဒဏ်တစ်ခုခုဖြစ်သွားတဲ့ ၂၄ နာရီ သို့မဟုတ် ၄၈ နာရီအတွင်းမှာ ရေခဲကပ်ပေးခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ၄၈ နာရီကျော်သွားပြီဆိုရင်တော့ ကိုယ့်အတွက်သက်သောင့်သက်သာရှိစေမယ့် အပူပြောင်းကပ်တာဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။ သို့သော်လည်း တစ်ခုမှတ်ထားရမှာကတော့ အပူ၊ အအေးကပ်တဲ့အခါ ကြားထဲမှာ အချိန်ခြားပေးဖို့လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် အပူ သို့မဟုတ် အအေးကပ်နေချိန်မှာ အဝတ်တစ်ခုခုကိုခံပြီးတော့ အသုံးပြုပေးနိုင်ပါတယ်။

အိပ်စက်သည့်ပုံစံပြောင်းလဲပါ

မွေ့ယာမာမာကြီးတွေနဲ့ ပုံစံမကျတဲ့အိပ်ရာတွေက ခါးနာခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အိပ်စက်ပုံမမှန်ကန်ပါကလည်း ခါးနာစေနိုင်တာကြောင့် အိပ်တဲ့အခါ ဘေးတစ်စောင်းအိပ်ပြီးတော့ ဒူးနှစ်လုံးကြားထဲမှာ ခေါင်းအုံး သို့မဟုတ် ဖက်ခေါင်းအုံးညှပ်ပြီး အိပ်ပါက ဒူးနဲ့ခါးပေါ်က အကြောအချင်တွေတင်းနေတာကို ပြေလျော့စေမှာပါ။

ယောဂလေ့ကျင့်ပါ

Source: The Active Times

နာကျင်မှုဝေဒနာဖြစ်လာရတဲ့ အကြောင်းအရင်းတစ်ခုက ခန္ဓာကိုယ်မှာရှိတဲ့ အကြောအချင်တွေတင်းလာတဲ့အတွက်ကြောင့်ပါ။ ခန္ဓာကိုယ်ကပျော့ပျောင်းလာပြီဆိုရင်တော့ ဝေဒနာကိုခံစားရတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ယောကလေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးခြင်းက ခန္ဓာကိုယ်အတွက်သာမက စိတ်ကိုလည်းတည်းငြိမ်စေမှာဖြစ်ပါတယ်။

Featured Image Source: Medical News Today