ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့အတွက် အိပ်စက်ချိန်လုံလုံလောက်လောက်ရှိဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ သို့ သော်လည်း ယနေ့ခေတ်လူအများစုဟာ ညဘက်တွေမှာကောင်းစွာအိပ်ပျော်နိုင်ဖို့တော်တော်လေးခက်ခဲပါတယ်။ဘာကြောင့်လဲဆိုရင် တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာပစ္စည်းတွေရဲ့ လွမ်းမိုးမှုတွေ စိတ်ဖိစီးမှုဒဏ်တွေကြောင့်လူတွေရဲ့ အိပ်စက်ချိန်တွေလျော့နည်းလာပြီး အိပ်မပျော်တဲ့ပြဿနာတွေနဲ့ ကြုံတွေ့ နေကြရတာဖြစ်ပါတယ်။ဒါကြောင့် ညဘက်တွေမှာကောင်းစွာအိပ် မပျော်ဖြစ်နေတယ်ဆိုရင်တော့ သင့်ရဲ့ အိပ်စက်ခြင်းကို အကောင်းဆုံး အထောက်အကူဖြစ်စေမယ့် သဘာဝနည်းလမ်းလေးတွေကိုပြောပြပေးချင်ပါတယ်။

(၁) ကောင်းမွန်တဲ့ အိပ်စက်ခြင်းပတ်ဝန်းကျင်တစ်ခု ဖန်တီးပါ

Source ; Shutterstock

ပတ်ဝန်းကျင်ဆူညံ့မှုကင်းပြီး တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ အိပ်ယာထားခြင်းက သင့်ကိုပိုပြီးအိပ်ပျော်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အိပ်ယာဘေးမှာ ပြတင်းပေါက်ရှိတယ် ဆိုရင်လည်း တော်ရုံအလင်းမပေါက်နိုင်တဲ့ ခန်းဆီးလိုက်ကာမျိုး တပ်ဆင်သင့်ပါတယ်။ အခန်းအတွင်း အပူချိန်ကိုလည်း ၆၇ ဒီဂရီအောက်ထိန်းသိမ်းထားခြင်းဖြင့် ခန္ဓာကိုယ်ကိုအအေးဓာတ်ရရှိစေပြီး ကောင်းစွာအိပ်ပျော်စေနိုင်ပါတယ်။အိပ်စက်မှုကို အနှောက်ယှက်ဖြစ်စေမယ့် TV တွေ ဖုန်းတွေကိုလည်း အိပ် ယာနဲ့အဝေးဆုံးနေရာမှာထားဖို့အကြံပြုချင်ပါတယ်။

(၂) အိပ်ချိန်နဲ့ လျှပ်စစ်ပစ္စည်းတွေအသုံးပြုမှုကိုအချိန်ခြားထားပါ

Source ; Shutterstock

ခေါင်းအုံးပေါ်ခေါင်းချတာနဲ့ အိပ်ပျော်ချင်တယ်ဆိုရင် မအိပ်ခင် ၂နာရီလောက်အလိုကတည်းက လျှပ်စစ်ပစ္စည်းတွေ အသုံးပြုမှုအားလုံးကို ရပ်တန့်လိုက်ပါ။ လက်တော့တွေ ဖုန်းတွေ တီဗီ တွေကထွက်တဲ့ ရောင်ခြည်တွေက Melatonin လို့ခေါ်တဲ့ အိပ်စက်ခြင်းဆိုင်ရာ ဟော်မုန်းပမာဏ ကိုလျော့ကျစေတာကြောင့် ကောင်းစွာအိပ်ပျော်ဖို့ ခက်ခဲပါလိမ့်မယ်။ဒါကြောင့် ကိုယ့်ရဲ့ အိပ်စက်ကိုပုံမှန်သတ်မှတ်ပြီး အိပ်မခင် ၂ နာရီလောက်အလို ကတည်းက ဖုန်းတွေ လက်တော့တွေ တီဗီတွေအားလုံးကိုအသုံး မပြုပဲနေဖို့လိုအပ်ပါတယ်။

(၃) တစ်နေ့ကိုအနည်းဆုံး နာရီဝက်ခန့်လေ့ကျင့်ခန်းလုပ်ပါ

Source ; Shutterstock

လေ့လာတွေ့ရှိချက်တွေအရ ရိုးရှင်းတဲ့ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဟာကောင်းစွာအိပ်ပျော်စေတဲ့ အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်ပါတယ်။ တစ်ရက်ကို နာရီဝက်လောက် လမ်းလျောက်ပေးခြင်း စက်ဘီးနင်းခြင်း စသည်ဖြင့်လွယ်ကူရိုးရှင်း အားကစားနည်းတွေကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် အိပ်မပျော်ချင်ဘူးဝေဒနာကိုပျောက်ကင်းစေပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်စေမှာဖြစ်ပါတယ်။တစ်နေ့ကိုအနည်းဆုံးနာရီဝက် တစ်ပတ်ကို ၅ ရက်ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးရင်လုံလောက်ပါတယ်။

(၄) အိပ်ယာမဝင်ခင် ရေနွေးဖြင့်ရေချိုးပါ

Source ; Shutterstock

အိပ်ယာမဝင်ခင် ရေနွေးဖြင့်ရေချိုးခြင်းက သင့်ကိုကောင်းစွာ အိပ်ပျော်စေဖို့ ကူညီပေးမှာဖြစ်သလို စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်း နွမ်းနွယ်မှုတွေကို အမြန်ဆုံးလျော့ချပေးမှာဖြစ်ပါတယ်။ဒါ့အပြင် အိပ်ယာဝင်ခါနီးရေနွေးဖြင့်ရေချိုးပေးမယ်ဆိုရင်ခန္ဓာကိုယ် အပူချိန်ကိုလည်း လျင်မြန်စွာ လျော့ချပေး နိုင်သလို ရေချိုးပြီး တခဏအတွင်းမှာတင် အိပ်ချင်တဲ့ခံစားမှုကိုရရှိမှာ ဖြစ်ပါတယ်။

(၅) စိတ်တည်ငြိမ်အောင် အသက်ပြင်းပြင်းရှုခြင်းလေ့ကျင့်ခန်းလုပ်ပါ

Source ; Shutterstock

အိပ်စက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာအတွေးတွေက အများကြီးဆက်စပ်မှုရှိပါတယ်။အိပ်ယာထဲမှာအတွေးပေါင်းများစွာတွေးနေမိခြင်းကြောင့် အိပ်မပျော်တဲ့ညတွေကိုလည်းကြုံဖူးကြမယ်ထင်ပါတယ်။ ဒါကြောင့်အိပ်ယာမဝင်ခင်မှာမိမိစိတ်ကိုတည်ငြိမ်အောင် တရားထိုင်ခြင်းသို့မဟုတ် ခန္ဓာကိုယ်ကိုငြိမ်သက်စွာထားပြီး အသက်ခပ်ပြင်းပြင်းရှုသွင်းရှုထုတ်ခြင်းလေ့ကျင့်ခန်းကို အိပ်ယာမဝင်ခင် မိနစ် ၂၀ ခန့်အလိုမှာပြုလုပ်ပေးသင့်ပါတယ်။ နေစဉ်ပုံမှန်ဒီလေ့ကျင့်ခန်းပြုလုပ်ပေးမယ်ဆိုရင် စိတ်တည်ငြိမ် အေးချမ်းပြီးကောင်းစွာအိပ်ပျော်စေမှာဖြစ်ပါတယ်။

Reference Source : https://www.onemedical.com/blog/live-well/7-natural-sleep-tips?fbclid=IwAR24PaG0hGkM_lHGXzPQM2-HfQJH-Wbf_geAv0NTIz7PI0ftBM1NY4Q-iZM