လောကမှာ အောင်မြင်မှုတွေရဖို့ စိတ်ကြည်လင်နေဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုကင်းမှလည်း သင်လုပ်ဆောင်စရာရှိတဲ့ လုပ်ငန်းတွေကို သေချာ လုပ်ကိုင်နိုင်မှာဖြစ်သလို သင့်ကို အသက်ရှည်စေမှာဖြစ်ပါတယ်။

အလုပ်ဖိစီးလာရင် လူတွေက အရက်သောက်လိုက်၊ ဘီယာသောက်လိုက် နဲ့လုပ်နေကြပါတယ်။ ဒီလိုလုပ်တာထက် အခုအောက်မှာဖော်ပြမယ့် အရာတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလိုလိုက်နာပေးရင်တော့ လောကကြီးကို အကောင်းဖက်ကနေ မြင်တတ်တဲ့စိတ်နဲ့ စိတ်ဖိစီးမှုကင်းတဲ့ တစ်နေ့တာကို ရရှိပိုင်ဆိုင်စေမှာပါ။

၁။ တရားထိုင်မယ်

တရားထိုင်တာဟာ စိတ်ကိုတည်ငြိမ်စေပြီး အသက်ရှုမှန်စေသလို သင့်ကို လွတ်လပ်ခြင်း ငြိမ်းချမ်းခြင်းတွေ အပြည့်ဖြစ်စေပါတယ်။ ခါးကို မတ်မတ်ထားပြီး တရားထိုင်ရင် သင့်ကို ခွန်အားတွေရှိစေပါတယ်။

၂။ အကကခြင်း

သီချင်းရဲ့ တီးလုံး သံစဉ်အတိုင်း လိုက်ပါစီးမျောပြီး ကပေးတာဟာ သင့်ကို စိတ်တည်ငြိမ်စေပါတယ်။ သင့်ရဲ့စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို ဆွဲဆန့်ပေးသလို ဖြစ်လို့ သင့်ကို အရပ်ရှည်စေပါတယ်။

၃။ ယောဂလေ့ကျင့်ခန်း

ယောဂလေ့ကျင့်ခန်းဟာ သင့်ရဲ့ စိတ်နေစိတ်ထားနဲ့ ခန္ဓာကိုယ်အတွက် ကောင်းမွန်ပါတယ်။ သင့်ကိုလည်း စိတ်ဖိစီးမှုကင်းစေပါတယ်။

၄။ အသက်ရှုခြင်း

ဆေးဝါးတွေရဲ့ အကူအညီမလိုဘဲ စိတ်ဖိစီးမှုကင်းပြီး ကျန်းမာပျော်ရွှင်စေဖို့

စိတ်ကို ရှင်းရှင်းထားပြီး အသက်ပြင်းပြင်းလေး ရှုပေးတာဟာ အာရုံကြောကို အပန်းပြေစေပါတယ်။ ဝင်သက်ထွက်သက်တွေကို လိုက်ပြီး ရေတွက်ထားပေးပါ။ အသက်ရှုသွင်းလိုက်တဲ့အခါ ပြုံးလိုက်ပြီး အသက်ရှုထုတ်လိုက်တဲ့အခါ ပြုံးတာကို ရပ်လိုက်လုပ်ပေးပါ။ ဒါဆို သင့်စိတ်ဖိစီးမှုတွေသက်သာသွားမှာပါ။

၅။ လေ့ကျင့်ခန်းလုပ်မယ်

လေ့ကျင့်ခန်းလုပ်တာဟာ ဦးနှောက်ကို သက်သောင့်သက်သာဖြစ်စေပါတယ်။ စိတ်ကိုကြည်လင်စေပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးရင် သင့်ကို ကျန်းမာပျော်ရွှင်စေမယ့်အပြင် အောင်မြင်မှုကိုလည်း ဆွတ်ခူးနိုင်မှာပါ။

၆။ ရယ်လိုက်ပါ

ပျော်စရာကြုံရင် ပျော်လိုက်ပါ။ အားရပါးရ ရယ်လိုက်စမ်းပါ။ တစ်နေ့ကို ၁ နာရီလောက် အနည်းဆုံး ရယ်ပေးလိုက်ပါ။ ရယ်မောခြင်းဟာ အကောင်းဆုံး ဆေးဝါးတစ်လက်ပါပဲ။

၇။ အနှိပ်ခံပါ

အနှိပ်ခံတာဟာ စိတ်ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပါတယ်။

၈။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာစားပါ

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာ စားတာဟာ ဉာဏ်ရည် ဖွံ့ဖြိုးစေပြီး သင့်ကို ကျန်းမာစေပါတယ်။