အခုဆိုရင် တုပ်ကွေးရာသီးကို ရောက်နေတာကြောင့် လူတိုင်းနီးပါး ဖျား၊ ချောင်းဆိုး၊ နှာစီးဖြစ်နေကြပါတယ်။

ချောင်းဆိုးနေရင် အလုပ်မှာဖြစ်ဖြစ် ကျောင်းမှာဖြစ်ဖြစ် အနှောင့်အယှက်ဖြစ်သလို မောဟိုက်ပြီး နေလို့ထိုင်လို့မကောင်းဘဲ ဖြစ်နေတတ်ပါတယ်။

တခါတရံ ချောင်းတောက်လျောက်ဆိုးလို့ တစ်ညလုံး မအိပ်လိုက်ရတာတွေလည်း ရှိပါတယ်။

ဒါကြောင့် ချောင်းဆိုး အမြန်ဆုံး ပျောက်စေမယ့် သဘာ၀ ဆေးနည်းလမ်းလေးကို ဝေမျှချင်ပါတယ်။

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ ရေနွေးကြမ်း

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့က ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ဘက်တီးရီးယားတွေနဲ့ ဗားရက်စ်တွေကိုလည်း သေစေနိုင်ပါတယ်။

သူတို့မှာ Expectorants နဲ့ Mucolytic ဓာတ်တွေပါဝင်ပြီး ခန္ဓာကိုယ်အတွင်းက ချွဲတွေကို ဖယ်ရှားပေးပါတယ်။

onion-tea-500x330

ပါဝင်ပစ္စည်းများ

  • ရေ ၂ ခွက်စာ (500 ml)
  • ကြက်သွန်ဖြူ ၁ မွှာ
  • ကြက်သွန်နီ တစ်ခြမ်း

How-To-Get-Rid-Of-A-Dry-And-Bad-Cough-Quickly

ပြုလုပ်နည်း

  • ရေ ၂ ခွက်စာကို မီးဖိုပေါ်တင်ပြီး ပွက်ပွက်ဆူအောင်လုပ်ပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကို ဓားနဲ့ လှီးပါ။
  • ရေဆူလာရင် မီးဖိုပေါ်က ချပြီး ခရားတစ်ခုထဲကို ထည့်ပါ။ ပြီးရင် ခုနက လှီးထားတဲ့ဟာတွေကို ထည့်လိုက်ပါ။
  • မိနစ် ၂၀ လောက် အအေးခံပါ။ ပြီးရင် သောက်ပါ။
  • မနက်မိုးလင်းရင် တစ်ခွက်၊ ညမအိပ်ခင် တစ်ခွက်သောက်သုံးသင့်ပါတယ်။