ရေဆိုတာ ကျွန်မတို့ လူသားတွေအတွက် မရှိမဖြစ်ပါပဲ။ ရေသောက်တာဟာ အသားအရေ လှပစေသလို ကိုယ်အလေးချိန်ကျဖို့လည်း အကူအညီစေပါတယ်။ ရေအလုံအလောက်မသောက်ဘူးဆိုရင်တော့ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေများပြီး အဆီပိုဖြစ်စေသလို အစာချေစနစ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်းဖြစ်စေပါတယ်။

တစ်နေ့ကို ရေအလုံအလောက်သောက်ပေးမယ်ဆိုရင်တော့ အစားအများကြီးစားမိတာမျိုးကို ထိန်းပြီး ကြွက်သားကို တိုးတက်စေသလို ဇီဝကာမဖြစ်စဉ်ကိုလည်း တိုးတက်စေပါတယ်။

ဘယ်လိုရေကပိုကောင်းသလဲ

ရေတွေထဲမှာ ရိုးရိုးရေကအကောင်းဆုံးပါပဲ။အချိုရည်တွေ၊ ကော်ဖီတွေနဲ့ ဆိုဒီယမ်ပါဝင်တဲ့ အရည်တွေကို ရှောင်သင့်ပါတယ်။  ကယ်လိုရီနည်းတဲ့ အချိုရည်တွေကိုလည်း ရှောင်ပေးပါ။  သကြားပါဝင်မှုများတဲ့ အရမ်းချိုတဲ့ အချိုရည်တွေကိုလည်း ရှောင်ပေးသင့်ပါတယ်။

ရေကုထုံးကိုဘယ်လိုလုပ်မလဲ

မနက်စောစော မနက်စာမစားခင်မှာ ရေ ခွက် ၄ ခွက်လောက်သောက်ပေးရပါမယ်။ အဲဒီလိုသောက်ပြီး မိနစ် ၃၀ အတွင်း အစာမစားဘဲနေပေးပါ။ သွားတိုက် မျက်နှာသစ်တာ ရေချိုးတာမျိုးလုပ်ပေးနိုင်ပါတယ်။ ပြီမှ မနက်စာစားပေးပါ။ မနက်စာမစားခင်မှာလည်း ရေ တစ်ခွက်လောက်သောက်ပေးပါ။ အစာစားပြီး နာရီဝက်ကြာမှ ရေသောက်ပေးပါ။ အစာမစားခင်တိုင်း တစ်ခွက်သောက်ပေးပါ။ ညအိပ်ယာမဝင်ခင်မှာလည်း သောက်ပေးရပါမယ်။

ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူး

ရေမှာ ကယ်လိုရီမပါဝင်ပါဘူး။

အခုလိုရေများများသောက်ပေးရင် ကိုယ်အလေးချိန်မတက်စေသလို အသားအရေလည်း လှစေပါတယ်။

သင့်ခန္ဓာကိုယ်အတွင်း ရေဓာတ်ဖြည့်တင်းထားနိုင်လို့ ခေါင်းကိုက်တာ၊ ကိုယ်လက်နာကျင်ကိုက်ခဲတာ၊ အဆစ်အမြစ်နာတာ၊ ဝမ်းချုပ်တာ၊ ကျောက်ကပ်ရောဂါ စတာတွေကို ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

သင့်သားအရေကိုလည်း နုပျိုစိုပြေစေပါတယ်။

ရေကို ကိုယ်အလေးချိန်လျှော့ချဖို့အတွက်သာမက ကျန်းမာရေးအတွက်ပါ သောက်ပေးသင့်ပါတယ်။