မင်္ဂလာပါ ပျိုမေတို့ရေ… ရေသောက်တယ်ဆိုတာ ခန္ဓာကိုယ်အတွက်ရော၊ ကိုယ်တွင်းကျန်းမာရေးအတွက်ပါ တကယ်ကိုလိုအပ်နေတဲ့ အာဟာရဓာတ်လို့ဆိုလို့ရပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ကောင်းကောင်းပြည့်ဝနေဖို့က အရမ်းအရေးကြီးတယ်ဆိုတာကိုတော့ တော်တော်များများက သိထားပြီးသားပါ။ ရေသောက်တယ်ဆိုတာ လုံလောက်တဲ့ပမာဏအတိုင်း သောက်ပေးနိုင်ဖို့ တကယ်ကို အရေးကြီးပါတယ်။

အခုတစ်ခါမှာတော့ ရေများများမသောက်မိတဲ့သူတစ်ယောက်မှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ပုံမှန်တိုင်းရေဓာတ်ပြည့်ဝအောင် နေထိုင်တဲ့ သူတစ်ယောက်ရဲ့တစ်ပတ်အတွင်းမှာ သိသာပြောင်းလဲလာမယ့် အရာတွေကို ဗဟုသုတအနေနဲ့ပြောပြပေးချင်ပါတယ်။

ရေသောက်နည်းတဲ့အခါမှာ အသားအရေတွေကအစပြောင်းလဲလာတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဝက်ခြံတွေသိသိသာသာထွက်လာမယ်၊ မျက်လုံးအောက်မှာ အရေးအကြောင်းတွေ ပေါ်လာပြီး မျက်ကွင်းတွေညိုလာမယ်၊ အသားအရေတွေက ခြောက်သွေ့လာမှာပဲဖြစ်ပါတယ်။ နောက်ထပ်ကျန်းမာရေးဆိုးကျိုးတွေကတော့ အလွယ်တကူခေါင်းကိုက်တာမျိုးတွေ၊ အစာချေစနစ်အားနည်းလာတာမျိုးတွေဖြစ်လာပြီး ကျန်းမာရေးကိုထိခိုက်လာစေတာပေါ့။

ဒါပေမယ့် ရေကိုပုံမှန်တိုင်းများများသောက်ပေးပြီး တစ်ပတ်လောက်ကြာတဲ့အခါမှာတော့ ဆီးသွားတဲ့အခါမှာလည်း အရင်ကနဲ့မတူပဲထူးခြားနေတာကို မြင်တွေ့ရမှာပဲဖြစ်ပြီပါတယ်။ နောက်ထပ်တစ်ခုကတော့ အသားအရေမှာဖြစ်နေတဲ့ ဝက်ခြံထွက်တာတွေက တစ်ဖြည်းဖြည်းလျော့နည်းလာပြီး ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ မလိုအပ်တဲ့အဆိပ်အတောက်တွေလည်း လျော့နည်းလာမှာပေါ့။

နှစ်ပတ်လောက်ကြာတဲ့အချိန်မှာတော့ အသားအရေကအရင်ကနဲ့ မတူတော့ပဲ သိသိသာသာစိုပြေလာတာကို မြင်တွေ့ရမှာဖြစ်ပြီး မျက်နှာအသားအရေက သိသိသာသာကြီးကို ပြောင်းလဲလာမှာပါ။ အသားအရေတွေကစိုပြေလာပြီး အရေးအကြောင်းတွေနဲ့ အမည်းစက်တွေသိသိသာသာ လျော့နည်းလာတာကို မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်နော်။ နောက်ထပ်တစ်ခုကတော့ အရင်ကလိုမျိုးမဟုတ်တော့ပဲ မကြာခဏ ခေါင်းကိုက်တာ မျိုးတွေလည်း မရှိတော့ဘူးပေါ့။

ဒီလိုနဲ့ ရေများများသောက်တာက အကျင့်တစ်ခုလိုမျိုး ဖြစ်သွားပြီး အရင်ကနဲ့မတူတော့ပဲ သိသိသာသာပြောင်းလဲလာတဲ့ရလဒ်တွေကို မြင်တွေ့လာရစေမှာပါ။ ရေများများသောက်တာကို ဒီလောက်အရေးမကြီးပါဘူးလို့ ထင်နေတဲ့သူတစ်ချို့လည်း ဒီလိုပြောင်းလဲမှုတွေကို သေချာပေါက်ရရှိမှာဖြစ်တဲ့အတွက်ကြောင့် ကြိုးစားပြီးတော့ လုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

Photo Source: Unsplash