[Unicode]
အသားအရေနုပျိုစိုပြေစေဖို့ အလှကုန်ပစ္စည်းအမျိုးမျိုးကို ဝယ်သုံးမယ့်အစား သဘာဝပစ္စည်းတွေကနေ အလှအပကို ရှာဖွေလိုက်ပါ။
အုန်းဆီက အသားအရေအတွက် ဘာလို့ကောင်းမွန်သလဲ
အုန်းဆီမှာပါဝင်တဲ့ Lauric Acid က အသားအရေကျန်းမာစေပါတယ်။ ထိခိုက်ရှနာတာတွေကို သက်သာစေပြီး အဖုအပိတ်တွေကို လျှော့ကျစေသလို ဝက်ခြံကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
အုန်းဆီမှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ပစ္စည်းနဲ့ ဘက်တီးရီးယားဆန့်ကျင်တဲ့ ပစ္စည်းတွေပါဝင်လို့ အသားအရေပေါ်က ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့ကြောင်း ဝက်ခြံကင်းစင်ပြီး အရေးအကြောင်းတွေ လျှော့လာမှာမို့ အရွယ်တင်နုပျိုစေပါတယ်။
အုန်းဆီကို မျက်နှာအတွက် ဘယ်လိုသုံးမလဲ
မနက်တိုင်းနဲ့ ညတိုင်းလိုလိုမှာ မျက်နှာကို ရေနဲ့အရင်သစ်ပါ။ ပြီးရင် ခြောက်သွားခေါင် ခပ်ဖွဖွလေးသုတ်ပေးပါ။
အုန်းဆီအနည်းငယ်ကို လက်ချောင်းထိတ်နဲ့ယူလိုက်ပြီး မျက်နှာပေါ်မှာ ညင်သာစွာပွတ်လိမ်းပေးပါ။ အုန်းဆီအများကြီးထည့်ဖို့မလိုပါဘူး။ ပြီးရင် မျက်နှာသစ်လိုက်ပါ။
Source: healthyfoodproteam.com
[Zawgyi]
အသားအေရႏုပ်ိဳစိုေျပေစဖို႔ အလွကုန္ပစၥည္းအမ်ိဳးမ်ိဳးကို ၀ယ္သံုးမယ့္အစား သဘာ၀ပစၥည္းေတြကေန အလွအပကို ရွာေဖြလိုက္ပါ။
အုန္းဆီက အသားအေရအတြက္ ဘာလို႔ေကာင္းမြန္သလဲ
အုန္းဆီမွာပါ၀င္တဲ့ Lauric Acid က အသားအေရက်န္းမာေစပါတယ္။ ထိခိုက္ရွနာတာေတြကို သက္သာေစၿပီး အဖုအပိတ္ေတြကို ေလွ်ာ့က်ေစသလို ၀က္ၿခံကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။
အုန္းဆီမွာ ေရာင္ရမ္းမႈကို ဆန္႔က်င္တဲ့ ပစၥည္းနဲ႔ ဘက္တီးရီးယားဆန္႔က်င္တဲ့ ပစၥည္းေတြပါ၀င္လို႔ အသားအေရေပၚက ဘက္တီးရီးယားပိုးမႊားေတြကို ကာကြယ္ေပးႏိုင္ပါတယ္။
ဒါ့ေၾကာင္း ၀က္ၿခံကင္းစင္ၿပီး အေရးအေၾကာင္းေတြ ေလွ်ာ့လာမွာမို႔ အရြယ္တင္ႏုပ်ိဳေစပါတယ္။
အုန္းဆီကို မ်က္ႏွာအတြက္ ဘယ္လိုသံုးမလဲ
မနက္တိုင္းနဲ႔ ညတိုင္းလိုလိုမွာ မ်က္ႏွာကို ေရနဲ႔အရင္သစ္ပါ။ ၿပီးရင္ ေျခာက္သြားေခါင္ ခပ္ဖြဖြေလးသုတ္ေပးပါ။
အုန္းဆီအနည္းငယ္ကို လက္ေခ်ာင္းထိတ္နဲ႔ယူလိုက္ၿပီး မ်က္ႏွာေပၚမွာ ညင္သာစြာပြတ္လိမ္းေပးပါ။ အုန္းဆီအမ်ားႀကီးထည့္ဖို႔မလိုပါဘူး။ ၿပီးရင္ မ်က္ႏွာသစ္လိုက္ပါ။
Source: healthyfoodproteam.com