ချွေးပေါက်ကျယ်တာက အဆီပြန်တာကြောင့်ဖြစ်တဲ့ ပြဿနာတစ်ခုပါ။ ဒါဟာ ကိုယ်သုံးနေတဲ့ အရည်အသွေးညံ့ အရေပြားဆိုင်ရာပစ္စည်းတွေကြောင့်ဖြစ်ပါတယ်။

ချွေးပေါက်ကျယ်တာကြောင့် နှာခေါင်းမှေးစေ့တွေမှာ ဆားဝက်ခြံလေးတွေထွက်လာတတ်သလို ဝက်ခြံတွေလည်း ထွက်ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် ချွေးပေါက်ကျဉ်းစေဖို့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

ပုံမှန်အသုံးပြုပေးရင် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အဆီပြန်တာ အသားရေညစ်ညမ်းတာတွေကို သက်သာစေပါတယ်။

ပါဝင်ပစ္စည်း

သကြား

Green Tea

ပျားရည်

ပြုလုပ်နည်း

အအေးခံထားတဲ့ Green Tea (ရေနွေးကြမ်း) လက်ဖက်ရည်ဇွန်း ၃ ဇွန်းလောက်ကို ခွက်တစ်လုံးထဲထည့်လိုက်ပါ။ ပြီးရင်သကြားစားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။

သေချာရောမွှေလိုက်ပြီး မျက်နှာပေါ်မှာ ငြင်သာစွာပွတ်လိမ်းပေးပါ။ ၅မိနစ်လော်က ပွတ်လိမ်းပေးပါ။ ပြီးရင်ရေအေးနဲ့မျက်နှာသစ်ချလိုက်ပါ။

Credit: naturalcarebox.com