ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ လူတိုင်းသိကြပါတယ်။ နှစ်စဉ် လူသန်းပေါင်း ၆ သန်းလောက်က ဆေးလိပ်ကြောင့် သေဆုံးနေကြပါတယ်။

ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်သုံးသူ သန်း ၁ထောင်နီးပါးရှိနေတယ်လို့ စစ်တမ်းတွေအရ ဖော်ပြထားပါတယ်။ ကမ္ဘာ့အကြီးဆုံး ဆေးလိပ်ကုမ္ပဏီကြီး ၆ခုက တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၃သောင်း၅ထောင်ကျော် အမြတ်ရရှိနေပြီး ဒီ ပမာဏဟာ ကိုကာကိုလာ၊ မိုက်ခရိုဆော့ နဲ့ မက်ဒေါ်နယ် ကုမ္ပဏီတွေထက် အမြတ်ပိုများနေပါတယ်။

အဓိက ဆေးလိပ်မဖြတ်နိုင်ကြတာဟာ နစ်ကိုတင်း စွဲလန်းမှုကြောင့်ပါပဲ။ ဒါကြောင့် ခန္ဓာကိုယ်ထဲက နစ်ကိုတင်း ဓာတ်တွေဖယ်ရှားပြီး စွဲလန်းမှုကို သက်သာ ပျောက်ကင်းစေမယ့် အစားအစာတွေကို ပြောပြချင်ပါတယ်။

ရေ

ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် ခါတိုင်းသောက်နေကျထက် ရေကို များများ ပိုသောက်သင့်ပါတယ်။ နေ့စဉ် ရေကို ဂါလံ တစ်ဝက်လောက်အနည်းဆုံးသောက်ရင် ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပြီး ဆေးလိပ်ဖြတ်တဲ့အချိန်မှာ တွေ့ကြုံခံစားရတဲ့ ဝေဒနာတွေကိုလည်း ကျော်လွှားနိုင်မှာပါ။

လိမ္မော်ရည်

Orange-good-for-health-with-vitamin-C

လိမ္မော်ရည်က ရေဓာတ်ခမ်းခြောက်မှုအတွက် ကူညီပေးရုံသာမက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်များကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ် ခုခံအား စနစ်ကိုလည်း အားကောင်းစေပါတယ်။ လိမ္မော်သီးကနေ အရည်ညှစ်ပြီး ဖျော်ထားတဲ့ လိမ္မော်ရည်က အကောင်းဆုံးပါဘဲ။ နေ့လည်စာစားပြီး ညနေစာမစားခင်မှာ သောက်သုံးရင် ပိုကောင်းပါတယ်။

ဟင်းနုနယ်ရွက်နဲ့ ပန်းမုန်လာစိမ်း

shutterstock_355605590-e1451335641737

နစ်ကိုတင်း ဓာတ် စွဲလန်းမှုအတွက် အကောင်းဆုံးကတော့ ဟင်းနုနယ်ရွက်နဲ့ ပန်းမုန်လာစိမ်းဘဲ ဖြစ်ပါတယ်။ သူတို့မှာ folic acid တွေ အများကြီးပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ နစ်ကိုတင်းတွေကို ဖယ်ရှားနိုင်ပြီး စွဲလန်းမှုကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ သူတို့မှာ ဗီတာမင် B5 နဲ့ C တို့ပါဝင်တာကြောင့် ခုခံအားစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။

ကီဝီသီးနဲ့ သံပုရာသီး

ဆေးလိပ်သောက်သူတွေက ဗီတာမင် A,C နဲ့ E တို့ ရရှိဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဗီတာမင်ဓာတ်ကြွယ်ဝတာတွေ စားခြင်းဖြင့် ခန္ဓာကိုယ်ကို ကျန်းမာစေပြီး ဆေးလိပ်ကြောင့် ထိခိုက်တာတွေကိုလည်း သက်သာစေပါတယ်။ ကီဝီနဲ့ သံပုရာသီးတို့က ဗီတာမင်ဓာတ်တွေအများကြီးပါဝင်တာကြောင့် ဆေးလိပ်ဖြတ်ဖို့အတွက် အထောက်အပံ့ပေးပါလိမ့်မယ်။

Green Tea

greentea3-300x199

Green Tea မှာ Antioxidants တွေနဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတဲ့ ဓာတ်တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါဘဲ။

မုန်လာဥနီ နဲ့ မုန်လာဥနီဖျော်ရည်

maxresdefault-6

မုန်လာဥနီမှာ ဗီတာမင် A,C, K နဲ့ B ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ခုခံအားစနစ်ကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဒီအသီးတွေ တစ်ခုချင်းစားတာဘဲဖြစ်ဖြစ်၊ အားလုံးကို ရောနှောပြီး လက်ဖက်ရည်တစ်ခွက်နဲ့မနက်စာအဖြစ်နေ့စဉ် စားသုံးရင် ဆေးလိပ်ဖြတ်နိုင်ဖို့ အကောင်းဆုံးကူညီပေးမှာဖြစ်ပါတယ်။