အိပ်မပျော်တဲ့ပြဿနာဟာ လူကြီးလူငယ်မရွေး ကြုံတွေ့နေရတာပါ။ ဂိမ်းဆော့တာဖြစ်ဖြစ် တီဗီကြည့်တာဖြစ်ဖြစ် အတွေးလွန်တာကြောင့်ဖြစ်ဖြစ် စိတ်ဖိစီးမှုကြောင့်ဖြစ်ဖြစ်အကြောင်းပြချက်အမျိုးမျိုးကြောင့် အိပ်ရေးတွေပျက်နေလား။ ဘာ့ကြောင့်ပဲဖြစ်ဖြစ်ပါ ကညွှတ်ကို ဖျော်ရည်လုပ်ပြီး သောက်လိုက်ရအောင်။

ပါဝင်ပစ္စည်း

ကညွှတ် ၉ ချောင်း

တရုတ်နံနံပင်အရိုး ၂ ချောင်း

သခွားသီး ၁ လုံး

သံပုယိုသီး ၁ လုံး

ပန်းသီး ၁ လုံး

ဂျင်း တစ်စိတ်

ပြုလုပ်နည်း

bigstock-137334257

ကညွှတ်ကို ရေနဲ့ ၅ မိနစ်လောက် စိမ်ထားပါ။

92107daaece3769c6ff36d059dc56579

တရုတ်နံနံ၊သခွားသီး၊ သံပုရာသီး နဲ့ ပန်းသီး ကို အတုံးသေးသေးလေးလှီးလိုက်ပါ။ ကညွှတ်ကိုလည်း အတုံးလိုက်လှီးပေးပါ။

ပြီးရင် ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။

OZ – holding up green smoothie

သေချာအောင်ဖျော်ပြီးသွားပြီဆိုရင် ရေခဲသေတ္တာထဲထည့်ထားပါ။ မနက်ခင်းမှာ ပြင်ဆင်ပြီး နေ့လည်စာစားပြီးရင် သောက်ပါ။