[Unicode]

ဟင်းသီးဟင်းရွက် ကြိုက်နှစ်သက်သူတွေ စိတ်ဝင်စားမယ့် အကြောင်းအရာပါဘဲ။ ဟင်းသီးဟင်းရွက်ကို ချက်ပြီးစားရမလား၊ ဒီအတိုင်း စားရမလားဆိုပြီး အမြဲ တွေဝေနေတတ်ပါတယ်။

တချို့ ဟင်းသီးဟင်းရွက်တွေကလည်း ဟင်းချက်လိုက်ရင် ပါဝင်နေတဲ့ ဗီတာမင်ဓာတ်တွေ ၊ အင်ဇိုင်းတွေက အပူနဲ့ပျက်စီးသွားတတ်ပါတယ်။

ဒါပေမယ့် တချို့ ဟင်းသီးဟင်းရွက်တွေက အပူချိန်ကြောင့် ပိုပြီး အာဟာရရှိပြီး ကျန်းမာရေးအတွက် ပိုကောင်းသွားတာမျိုးလည်း ရှိပါတယ်။

ဒါ့ကြောင့် အစိမ်းစားတာထက် ဟင်းချက်စားရင် အာဟာရပိုရှိတဲ့ ဟင်းသီးဟင်းရွက် ၅ မျိုးကို ဝေမျှပေးချင်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီတွေက မျက်လုံးကျန်းမာရေးအတွက်ကောင်းပါတယ်။ ဘာကြောင့်လဲ သင်သိပါသလား။

မုန်လာဥနီတွေမှာ Beta-Carotene ဆိုတဲ့ဓာတ်ပါဝင်ပြီး အဲ့ဒီဓာတ်က ဗီတာမင် A အဖြစ်ပြောင်းလဲနိုင်တာကြောင့် မျက်လုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

၂၀၀၂ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ ချက်ထားတဲ့ မုန်လာဥနီတွေမှာပါဝင်တဲ့ Beta-Carotene ဓာတ်ကို ခန္ဓာကိုယ်က ပိုစုပ်ယူနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အစိမ်းစားရင် ခရမ်းချဉ်သီးမှာပါဝင်တဲ့ စွမ်းအားမြင့် Lycopene ဆိုတဲ့ Antioxidant ရဲ့ ၄ ရာခိုင်နှုန်းလောက်ဘဲ ခန္ဓာကိုယ်က စုပ်ယူနိုင်တာပါ။ ခရမ်းချဉ်သီးမှာ ထူထဲတဲ့ ဆဲလ်နံရံတွေ ရှိတာကြောင့် ခန္ဓာကိုယ်က Lycopene ဓာတ်ကို စုပ်ယူနိုင်ဖို့ ခက်ခဲပါတယ်။

ခရမ်းချဉ်သီးကို ချက်ပြုတ်လိုက်ရင်တော့ ခန္ဓာကိုယ်က Lycopene ဓာတ်ကို လွယ်ကူစွာ စုပ်ယူနိုင်ပါတယ်။

ဟင်းနုနွယ်ရွက်

ဟင်းနုနွယ် ရွက်မှာ ဆဲလ်တွေကို ကြီးထွားဖွံ့ဖြိုးစေပြီး မျိုးဆက်ပွားကျန်းမာရေးကို အထောက်အပံ့ဖြစ်စေတဲ့ Folate နဲ့ သံဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။

ဟင်းနုနွယ် ရွက်မှာပါဝင်တဲ့ Folate ဓာတ်က အပူနဲ့ထိတွေ့တဲ့အခါမှာလည်း တိုးလာခြင်းမရှိပါဘူး။

ဟင်းနုနွယ်ရွက်ကို ဟင်းချက်ရင် ပိုပြီး အရသာရှိကာ အပူနဲ့ထိတွေ့ထားတဲ့ ဟင်းနုနွယ်ရွက်က အလွယ်တကူ ညိုးလွယ်တာကြောင့် ချက်ချက်ပြီးခြင်း မြန်မြန်စားလေ့ရှိတာကြောင့် အစိမ်းစားတာထက် Folate ဓာတ်ကို ပိုရရှိပါတယ်။

ကညွှတ်

ကညွတ်မှာ ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ ဗီတာမင် A, C နဲ့E တို့အပြင် Folate လည်းပါဝင်ပါတယ်။ ကညွတ်ရဲ့ ဆဲလ်နံရံတွေက ထူတာကြောင့် ဒီလို အာဟာရဓာတ်တွေကို အလွယ်တကူ မစုပ်ယူနိုင်ပါဘူး။

ကညွှတ်ကို ချက်ပြုတ်လိုက်ရင်တော့ ဆဲလ်နံရံတွေကို ဖျက်ဆီးနိုင်ပြီး ဗီတာမင်တွေနဲ့အမျှင်ဓာတ်တွေကို အလွယ်တကူ စုပ်ယူနိုင်မှာဖြစ်ပါတယ်။

ဖရုံသီး

Pumpkins

ဖရုံသီးကို အစိမ်းစားတာတော့ အတော်ကို ရှားပါတယ်။ ဖရုံသီးက မုန်လာဥနီလိုပါဘဲ Beta-Carotene ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ဟင်းချက်လိုက်ရင်တော့ ခန္ဓာကိုယ်ကပိုပြီး အလွယ်တကူ စုပ်ယူနိုင်ပါတယ်။

[Zawgyi]

ဟင္းသီးဟင္းရြက္ ႀကိဳက္နွစ္သက္သူေတြ စိတ္၀င္စားမယ့္ အေၾကာင္းအရာပါဘဲ။ ဟင္းသီးဟင္းရြက္ကို ခ်က္ၿပီးစားရမလား၊ ဒီအတိုင္း စားရမလားဆိုၿပီး အၿမဲ ေတြေ၀ေနတတ္ပါတယ္။

တခိ်ဳ႕ ဟင္းသီးဟင္းရြက္ေတြကလည္း ဟင္းခ်က္လိုက္ရင္ ပါ၀င္ေနတဲ့ ဗီတာမင္ဓာတ္ေတြ ၊ အင္ဇိုင္းေတြက အပူနဲ႔ပ်က္စီးသြားတတ္ပါတယ္။

ဒါေပမယ့္ တခ်ိဳ႕ ဟင္းသီးဟင္းရြက္ေတြက အပူခ်ိန္ေၾကာင့္ ပိုၿပီး အာဟာရရွိၿပီး က်န္းမာေရးအတြက္ ပိုေကာင္းသြားတာမ်ိဳးလည္း ရွိပါတယ္။

ဒါ့ေၾကာင့္ အစိမ္းစားတာထက္ ဟင္းခ်က္စားရင္ အာဟာရပိုရွိတဲ့ ဟင္းသီးဟင္းရြက္ ၅ မ်ိဳးကို ေ၀မွ်ေပးခ်င္ပါတယ္။

မုန္လာဥနီ

မုန္လာဥနီေတြက မ်က္လံုးက်န္းမာေရးအတြက္ေကာင္းပါတယ္။ ဘာေၾကာင့္လဲ သင္သိပါသလား။

မုန္လာဥနီေတြမွာ Beta-Carotene ဆိုတဲ့ဓာတ္ပါ၀င္ၿပီး အဲ့ဒီဓာတ္က ဗီတာမင္ A အျဖစ္ေျပာင္းလဲႏိုင္တာေၾကာင့္ မ်က္လံုးက်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစပါတယ္။

၂၀၀၂ ခုႏွစ္က အေမရိကန္ျပည္ေထာင္စုမွာ ျပဳလုပ္ခဲ့တဲ့ သုေတသနအရ ခ်က္ထားတဲ့ မုန္လာဥနီေတြမွာပါ၀င္တဲ့ Beta-Carotene ဓာတ္ကို ခႏၶာကိုယ္က ပိုစုပ္ယူႏိုင္ေၾကာင္းေတြ႔ရွိခဲ့ပါတယ္။

ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးကို အစိမ္းစားရင္ ခရမ္းခ်ဥ္သီးမွာပါ၀င္တဲ့ စြမ္းအားျမင့္ Lycopene ဆိုတဲ့ Antioxidant ရဲ႕ ၄ ရာခိုင္ႏႈန္းေလာက္ဘဲ ခႏၶာကိုယ္က စုပ္ယူႏိုင္တာပါ။ ခရမ္းခ်ဥ္သီးမွာ ထူထဲတဲ့ ဆဲလ္နံရံေတြ ရွိတာေၾကာင့္ ခႏၶာကိုယ္က Lycopene ဓာတ္ကို စုပ္ယူႏိုင္ဖို႔ ခက္ခဲပါတယ္။

ခရမ္းခ်ဥ္သီးကို ခ်က္ျပဳတ္လိုက္ရင္ေတာ့ ခႏၶာကိုယ္က Lycopene ဓာတ္ကို လြယ္ကူစြာ စုပ္ယူႏိုင္ပါတယ္။

ဟင္းႏုႏြယ္ရြက္

ဟင္းႏုႏြယ္ ရြက္မွာ ဆဲလ္ေတြကို ႀကီးထြားဖြံ႔ၿဖိဳးေစၿပီး မ်ိဳးဆက္ပြားက်န္းမာေရးကို အေထာက္အပံ့ျဖစ္ေစတဲ့ Folate နဲ႔ သံဓာတ္တို႔ ၾကြယ္၀စြာပါ၀င္ပါတယ္။

ဟင္းႏုႏြယ္ ရြက္မွာပါ၀င္တဲ့ Folate ဓာတ္က အပူနဲ႔ထိေတြ႔တဲ့အခါမွာလည္း တိုးလာျခင္းမရွိပါဘူး။

ဟင္းႏုႏြယ္ရြက္ကို ဟင္းခ်က္ရင္ ပိုၿပီး အရသာရွိကာ အပူနဲ႔ထိေတြ႔ထားတဲ့ ဟင္းႏုႏြယ္ရြက္က အလြယ္တကူ ညိဳးလြယ္တာေၾကာင့္ ခ်က္ခ်က္ၿပီးျခင္း ျမန္ျမန္စားေလ့ရွိတာေၾကာင့္ အစိမ္းစားတာထက္ Folate ဓာတ္ကုိ ပိုရရွိပါတယ္။

ကညႊတ္

ကညြတ္မွာ ကင္ဆာေရာဂါကုိ ကာကြယ္ႏိုင္တဲ့ ဗီတာမင္ A, C နဲ႔E တို႔အျပင္ Folate လည္းပါ၀င္ပါတယ္။ ကညြတ္ရဲ႕ ဆဲလ္နံရံေတြက ထူတာေၾကာင့္ ဒီလို အာဟာရဓာတ္ေတြကို အလြယ္တကူ မစုပ္ယူႏိုင္ပါဘူး။

ကညႊတ္ကို ခ်က္ျပဳတ္လိုက္ရင္ေတာ့ ဆဲလ္နံရံေတြကို ဖ်က္ဆီးႏိုင္ၿပီး ဗီတာမင္ေတြနဲ႔အမွ်င္ဓာတ္ေတြကို အလြယ္တကူ စုပ္ယူႏိုင္မွာျဖစ္ပါတယ္။

ဖရုံသီး

Pumpkins

ဖရုံသီးကို အစိမ္းစားတာေတာ့ အေတာ္ကို ရွားပါတယ္။ ဖရုံသီးက မုန္လာဥနီလိုပါဘဲ Beta-Carotene ဓာတ္ ၾကြယ္၀စြာပါ၀င္တာေၾကာင့္ ဟင္းခ်က္လိုက္ရင္ေတာ့ ခႏၶာကိုယ္ကပိုၿပီး အလြယ္တကူ စုပ္ယူႏိုင္ပါတယ္။