သက်သတ်လွတ် မိခင်လောင်းများ ကိုယ်ဝန်ဆောင်တဲ့အခါမှာ အသား၊ ငါးတွေ မစားတာကြောင့် ကလေး ဉာဏ်ရည်မပြည့်မီတာ၊ အာဟာရချို့တဲ့တာတို့ ဖြစ်မှာကို စိုးရိမ်ကြလေ့ရှိပါတယ်။

တကယ်လို့ သက်သတ်လွတ် အစာအာဟာရကို သေချာ ပြည့်မီစွာ ဂရုတစိုက်တာ စားသုံးမယ်ဆိုရင် ဒီလို စိုးရိမ်စရာတွေ ရှိလာမှာ မဟုတ်ပါဘူး။

healthy-vegetarian-diet

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Cedars-Sinai Medical Group မှ အာဟာရ ပညာရှင် ရေချယ် ဒီပန်ဒယ် က “အာဟာရပြည့်ဝသည့် သက်သတ်လွတ်စားသုံးနည်းအတိုင်းတာ စားသုံးမယ်ဆိုပါက ကလေးရော၊ မိခင်အတွက်ပါ လိုအပ်သည့် အာဟာရတွေ ရရှိစေနိုင်တယ်” လို့ပြောပါတယ်။

သက်သတ်လွတ်သမားတွေက အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ ဝမ်းချုပ်ခြင်း၊ နှလုံးရောဂါ ၊ ကင်ဆာ၊ ဆီးချို နှင့် သည်းခြေကျောက်တည်တာတို့ ဖြစ်ပွားမှု အန္တရာယ်နည်းပါးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ အရင်ကထက် အနည်းဆုံး ကယ်လိုရီ ၂၀၀ ကနေ ၃၀၀ ကြား လိုအပ်ပါသည်။

7-day-vegetarian-pregnancy-meal-plan-454-318

စားသုံးရမယ့်ပုံစံ

  • တစ်နေ့ကို ၆ ခါကနေ ၁၂ ခါကြား ပေါင်မုန့်၊ ဆန်၊ ပြောင်း တို့ကို တစ်ခါစားရင် အနည်းငယ်စီ စားသုံးပေးပါ။ တစ်နေ့ကို ဟင်းသီးဟင်းရွက် အနည်းငယ်ကို ၄ ခါကနေ ၅ ခါကြား စားသုံးပေးပါ။
  • အသီးအနှံကို တစ်နေ့ကို ၄ ခါထက်မနည်း တစ်ခါစားရင် အနည်းငယ် စားသုံးပေးပါ။
  • နို့ နှင့် နို့ထွက်အစားအစာများ ကို တစ်နေ့ကို ၈ ခါလောက် စားသုံးပေးပါ။
  • ပဲနှင့် ပဲဆက်စပ် အစားအစာများကို ၃ခါ ကနေ ၄ခါကြား စားသုံးပေးပါ။
  • Omega-3 Fats for DHA ဓာတ် (ဆီ၊ အခွံမာအသီး၊ ပဲပြား နှင့် တခြား အစားအစာများ တွင်လည်း ပါဝင်) ပါဝင်တဲ့ အစားအစာများကို တစ်နေ့ကို ၂ ကြိမ်စားသုံးပေးပါ။

foods-help-women-get-pregant-3

တချို့အရွက်များတွင် လူနှင့် မတည့်သည့် ဘက်တီးရီးယားများပါဝင်တာကြောင့် မကင်မချက်မပြုတ်ဘဲ အစိမ်းစားသုံးခြင်းကိုတော့ ရှောင်ကြဉ်သင့် ပါတယ်။